နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 17 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အာရှ အိန္ဒိယ

စီးပွားရေးပညာရှင်များက အာရှဒေသအပေါ် သက်ရောက်လာမည့် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဆိုးကျိုးများကို တွက်ချက်ဖော်ပြနေကြသည်။ အခြေအနေမှာ ကောင်းမွန်ပုံမပေါ်ပါ။

CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၄ ရက်

အာရှ၊ အရှေ့အလယ်ပိုင်း၊ ကုလသမဂ္ဂနှင့် စိုက်ပျိုးရေး

အီရန်နှင့် အမေရိကန်-အစ္စရေးတို့၏ စစ်ပွဲနောက်ဆက်တွဲဆိုးကျိုးများကြောင့် အာရှ-ပစိဖိတ် စီးပွားရေးတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်ဖွယ်ရှိပြီး လူသန်းပေါင်းများစွာကို ဆင်းရဲတွင်းထဲသို့ တွန်းပို့နေကြောင်း ကုလသမဂ္ဂ အစီရင်ခံစာတစ်ခုက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

အရှေ့အလယ်ပိုင်းတွင် စစ်ရေးတင်းမာမှုများ မြင့်တက်လာခြင်းကြောင့် သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်နှင့် စားသောက်ကုန်စရိတ်များ မြင့်တက်လာပြီး အာရှ-ပစိဖိတ်ဒေသ၏ ထုတ်ကုန် တန်ဖိုး ဒေါ်လာ ၉၇ ဘီလီယံမှ ၂၉၉ ဘီလီယံအထိ ဆုံးရှုံးနိုင်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ၏ ခန့်မှန်းချက်အရ သိရသည်။

၎င်းပမာဏသည် ဒေသတွင်း ဂျီဒီပီ (GDP) ၏ ၀.၃ ရာခိုင်နှုန်းမှ ၀.၈ ရာခိုင်နှုန်းခန့်နှင့် ညီမျှမည်ဖြစ်သည်။ စစ်ပွဲကြောင့် ကမ္ဘာတစ်ဝန်းတွင် လူပေါင်း ၃၂ သန်း ဆင်းရဲမွဲတေမှုဒဏ် ကြုံတွေ့ရနိုင်ပြီး ၎င်းတို့အနက် ၈.၈ သန်းမှာ အာရှ-ပစိဖိတ်ဒေသမှ ဖြစ်နိုင်ကြောင်း UNDP က ဟောကိန်းထုတ်ထားသည်။

ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) တွင် လွတ်လပ်စွာ ကုန်သွယ်မှု ပြန်လည် စတင်နိုင်ရေးအတွက် အမေရိကန်နှင့် အီရန်ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပျက်ပြား သွားပြီးနောက်၊ သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ဆိပ်ကမ်းများသို့ အဝင်အထွက် ရေကြောင်း ကုန်သွယ်မှုကို ခြိမ်းခြောက်နေသည့် ပိတ်ဆို့မှုကို စတင်လိုက်ကြောင်း ပြောကြားခဲ့သည်။

သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရေနံအကျပ်အတည်းကြောင့် ရေနံစိမ်းနှင့် သဘာဝ ဓာတ်ငွေ့ဈေးနှုန်းများ မြင့်တက်နေပြီး စီးပွားရေး တိုးတက်မှု ခန့်မှန်းချက်များကိုလည်း ထိခိုက်စေခဲ့သည်။ အာရှသည် အရှေ့အလယ်ပိုင်းမှ စွမ်းအင်ကို အဓိကတင်သွင်းရသည့် ဒေသဖြစ်သဖြင့် ဤရှားပါးမှု၏ သက်ရောက်မှုကို အပြင်းထန်ဆုံး ခံစားရနိုင်သည်။ စစ်ပွဲ ကြာရှည်မည့်အလားအလာကြောင့် နိုင်ငံများသည် အစားထိုးစွမ်းအင်အရင်းအမြစ်များကို ရှာဖွေရင်း စက်သုံးဆီနှင့် လျှပ်စစ်ဓာတ်အား ချွေတာရန် ကြိုးပမ်းနေကြရသော်လည်း ရွေးချယ်စရာ နည်းပါးလှပြီး ကုန်ကျစရိတ်မှာလည်း အလွန်ကြီးမားနေသည်။

“ အခု မြင်တွေ့နေရတာက အရာအားလုံး ရပ်တန့်သွားစေတဲ့ ရုတ်တရက် အကြီးအကျယ် တုန်လှုပ်မှုမျိုးပါပဲ။ ဒါကြောင့် အရန်ရိက္ခာတွေ၊ အရင်းအမြစ်တွေကို ထုတ်သုံးနေရပြီ” ဟု UNDP ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Kanni Wignaraja က ပြောသည်။ “ အကယ်၍ နိုင်ငံတွေက အမြန်ဆုံး လိုက်လျောညီထွေဖြစ်အောင် မလုပ်နိုင်ဘူးဆိုရင် ဒေသတွင်း GDP ဆုံးရှုံးမှုဟာ ဒေါ်လာ ၉၇ ဘီလီယံကနေ ၁၀၀ ဘီလီယံလောက်အထိ ရှိပါလိမ့်မယ်။ အရန်အရင်းအမြစ်တွေ ကုန်သွားပြီး အားကိုးစရာ မရှိတော့တဲ့ အခြေအနေမျိုး ဆိုရင် ဒီဆုံးရှုံးမှုဟာ သုံးဆလောက် ဖြစ်သွားနိုင်ပါတယ်။”

အာရှသည် လူဦးရေအများဆုံး တိုက်ကြီးဖြစ်ပြီး ကမ္ဘာ့ကုန်ထုတ်လုပ်မှု၏ ထက်ဝက်ကျော် တည်ရှိရာနေရာ ဖြစ်သဖြင့် ဤဒေသ၏ စီးပွားရေး ထိခိုက်မှုသည် ကမ္ဘာတစ်ဝန်းအပေါ် သိသာစွာ သက်ရောက်မှုရှိနိုင်သည်။

ထို့အပြင် တောင်ကိုရီးယား၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့ကဲ့သို့သော အမေရိကန်၏ အဓိက မဟာမိတ် နိုင်ငံများသည်လည်း ၎င်းတို့ မှီခိုနေရသော အရှေ့အလယ်ပိုင်းမှ စွမ်းအင်စီးဆင်းမှု နည်းပါးသွားခြင်းကြောင့် မိမိတို့၏ စီးပွားရေးကို ကယ်တင်ရန် အသည်းအသန် ကြိုးပမ်း နေကြ ရသည်။

ယခင်အခြေအနေသို့ လွယ်လွယ်ကူကူ ပြန်မရောက်နိုင်’

အစိုးရများသည် ရေနံရှားပါးမှုကို ဖြေရှင်းရန်အတွက် ရိက္ခာဖူလုံစေရန်၊ ဝယ်လိုအား လျှော့ချ ရန်နှင့် မြင့်တက်လာသော ကုန်ကျစရိတ်များကို ကာမိစေရန် ငွေကြေးအကူအညီများပေးခြင်း ဖြင့် တုံ့ပြန်နေကြသော်လည်း ကုန်ဈေးနှုန်း မြင့်တက်မှုကို ထိန်းချုပ်ရန်၊ အိမ်ထောင်စုများနှင့် ကုမ္ပဏီများကို ကာကွယ်ရန် ကြိုးပမ်းမှုများသည် ပိုမိုခက်ခဲလာလိမ့်မည်ဟု UNDP က ဆိုသည်။

အရှေ့အလယ်ပိုင်းမှ ရေနံ၊ သဘာဝဓာတ်ငွေ့၊ ယူရီးယားနှင့် မြေသြဇာကဲ့သို့သော စိုက်ပျိုးရေး သွင်းအားစုများ ပြတ်တောက်သွားခြင်းကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုသည် ကပ်ဘေး အသွင် ရောက်ရှိနိုင်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ သီးခြားအစီရင်ခံစာတစ်ခုက သတိပေးထားသည်။ အကယ်၍ ဟော်မုဇ်ရေလက်ကြားသည် ဆက်လက်ပိတ်နေပါက စိုက်ပျိုးရာသီအတွက် မြေသြဇာများ ဝယ်ယူနိုင်ရန်နှင့် ကမ္ဘာလုံး ဆိုင်ရာ စားနပ်ရိက္ခာအကျပ်အတည်းကို ရှောင်လွှဲနိုင်ရန် နိုင်ငံများအတွက် ငွေကြေး အကူအညီများ လိုအပ်နိုင်ကြောင်း FAO က ပြောကြားခဲ့သည်။

“ စားနပ်ရိက္ခာ ငွေဖောင်းပွမှုပြဿနာကို ရှောင်ရှားဖို့အတွက် အပစ်အခတ်ရပ်စဲရေးကို ဆက်ထိန်းထားဖို့နဲ့ သင်္ဘောတွေ ပြန်လည်သွားလာနိုင်ဖို့က အလွန်အရေးကြီးပါတယ်” ဟု FAO ၏ အဓိကစီးပွားရေးပညာရှင် မက်ဆီမိုတိုရီရို (Maximo Torero) က ပြောသည်။

အဖွဲ့အစည်းများစွာက ရေနံအကျပ်အတည်းသည် ကြာရှည်လေ ဆိုးကျိုးပိုကြီးလေ ဖြစ်မည်ဟု ပြင်းထန်သော သတိပေးချက်များ ထုတ်ပြန်ထားသည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) သည် အင်္ဂါနေ့တွင် ထုတ်ပြန်မည့် ကမ္ဘာ့စီးပွားရေးအလားအလာ (WEO) တွင် စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်များကို လျှော့ချရန် မျှော်လင့်ရပြီး မြေသြဇာ ဈေးနှုန်း မြင့်တက်မှုကြောင့် လူပေါင်း ၄၅ သန်း စားနပ်ရိက္ခာ မလုံလောက်မှုဒဏ် ကြုံရနိုင် ကြောင်း ပြောကြားထားသည်။

“ ဒီရိုက်ခတ်မှုသာ မရှိရင် ကျွန်မတို့ ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်းကို အဆင့်မြှင့်တင် ပေးမှာပါ” ဟု IMF အုပ်ချုပ်မှုဒါရိုက်တာ ခရစ်စတာလီနာ ဂျော့ဂီဗာ(Kristalina Georgieva) က ပြီးခဲ့သည့်အပတ် ဝါရှင်တန်တွင် ပြောကြားခဲ့သည်။ “ ဒါပေမဲ့ အခုတော့ အကောင်းဆုံး အခြေအနေမှာတောင် တိုးတက်မှုနှုန်းကို လျှော့ချဖို့ပဲ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အခြေခံအဆောက်အအုံ ပျက်စီးမှုတွေ၊ ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုတွေနဲ့ ယုံကြည်မှု ကျဆင်းသွားတာတွေကြောင့်ပါပဲ။”

အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကလည်း အရှေ့အလယ်ပိုင်းမှ ကုန်စည်များ ပြတ်တောက်မှု ကြောင့် အာရှ-ပစိဖိတ်ဒေသ၏ တိုးတက်မှုနှုန်းသည် ၂၀၂၆ နှင့် ၂၀၂၇ ခုနှစ်တို့တွင် ၅.၄ ရာခိုင်နှုန်းမှ ၅.၁ ရာခိုင်နှုန်းသို့ လျော့ကျသွားမည်ဖြစ်ပြီး၊ ဒေသတွင်း ငွေဖောင်းပွမှုနှုန်းမှာ လည်း ယမန်နှစ် ၃ ရာခိုင်နှုန်းမှ ၂၀၂၆ ခုနှစ်တွင် ၃.၆ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။

“ အရှေ့အလယ်ပိုင်းမှာ စစ်ပွဲကြာရှည်နေတာဟာ ဒေသတွင်း စီးပွားရေးအလားအလာအတွက် အကြီးမားဆုံး အန္တရာယ်ပါပဲ။ ဒါဟာ စွမ်းအင်နဲ့ စားသောက်ကုန်ဈေးနှုန်းတွေကို တောက်လျှောက် မြင့်နေစေပြီး ငွေရေးကြေးရေး အခြေအနေတွေကို ပိုမိုတင်းကျပ် စေပါလိမ့်မယ်” ဟု ADB ၏ အဓိကစီးပွားရေးပညာရှင် အယ်ဘတ်ပတ်ခ်(Albert Park) က ဆိုသည်။

အမေရိကန်နှင့် အီရန်တို့သည် စစ်ပွဲအဆုံးသတ်ရေးအတွက် ဆွေးနွေးပွဲများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောကြားထားပြီး အမေရိကန်အရာရှိများသည် ဒုတိယအကြိမ် မြောက် လူကိုယ်တိုင်တွေ့ဆုံပွဲအတွက် ဆွေးနွေးနေကြကြောင်း CNN က သတင်းဖော်ပြ ထားသည်။ သို့သော်လည်း ဟော်မုဇ်ရေလက်ကြားကို ချက်ချင်းပြန်ဖွင့်ပေးလျှင်တောင်မှ ပုံမှန်ဈေးကွက်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် လပေါင်းများစွာ ကြာနိုင်ကြောင်း လေ့လာဆန်းစစ်သူများက ပြောကြသည်။

“ အကောင်းဆုံးအခြေအနေမှာတောင် မူလအခြေအနေ (status quo ante) ဆီကို သပ်သပ်ရပ်ရပ်နဲ့ အမြန်ဆုံး ပြန်ရောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု IMF မှ Georgieva က ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ဆင်ခြေဖုံးရှိ နွိုက်ဒါ (Noida) မြို့တွင် မတ်လ ၂၇ ရက်နေ့က အိမ်သုံးဂတ်းအရောင်းဆိုင်တစ်ခု၌ အိန္ဒိယဝယ်ယူသူများ ဟင်းချက်ဂတ်း (LPG) အိုးအလွတ်များကို လဲလှယ်ရန် တန်းစီစောင့်ဆိုင်းနေကြစဉ်။ (ဓာတ်ပုံ – Amarjeet Kumar Singh/Anadolu/Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းအပေါ် ရုရှား၏ အဆမတန် အင်အား သာလွန်နေမှု စတင်ယိုင်နဲ့လာနေ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 18 Views
ပျမ်းမျှ နှစ်စဉ်လုပ်ခလစာ၏ လေးဆကျော်နှင့် ညီမျှသော အမေရိကန်ဒေါ်လာ ၈၀,၀၀၀ ခန့်ရှိသည့် အပိုဆုကြေး (Bonus) ကို ရရှိလျှင် သင်
နိုင်ငံတကာသတင်း အမေရိကန်

ကနေဒီစင်တာ အဆောက်အအုံမှ ထရမ့်၏အမည်ကို အားလုံးဖယ်ရှားပြီးဖြစ်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 20 Views
ရေးသားသူ – Devan Cole ၊ Betsy Klein ၊ Kaanita Iyer CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၄ရက် ဝါရှင်တန် ဒီစီ။ ကနေဒီစင်တာ အဆောက်အအုံမှ ဒေါ်နယ်ထရမ့်၏ အမည်ကို
နိုင်ငံတကာသတင်း အမေရိကန် အိန္ဒိယ

အီရန်နှင့် ထရမ့်၏ စစ်ပွဲအတွင်း အိန္ဒိယသင်္ဘောသားများ ဘေးထွက်ဆိုးကျိုးအဖြစ် အသက်ဆုံးရှုံးရမှုအပေါ် အိန္ဒိယတွင် ဒေါသမျက်မာန်ပွားလျက်ရှိ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 17 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၃)ရက် အမေရိကန်၏ တိုက်ခိုက်မှုကြောင့် ကူးသန်းရောင်းဝယ်ရေး ရေနံတင်သင်္ဘောတစ်စင်း ပေါ်တွင် အိန္ဒိယသင်္ဘောသား သုံးဦး သေဆုံးခဲ့ရမှုသည် အိန္ဒိယပြည်သူများအကြား ဒေါသတကြီး မကျေနပ်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး၊ နယူးဒေလီနှင့် ဝါရှင်တန်တို့အကြား ဖြေရှင်းနေရပြီးသားဖြစ်သော ဆက်ဆံရေးကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက စိန့်ပီတာစဘတ် (St. Petersburg) ကို ပစ်မှတ်ထားတိုက်ခိုက်၊ ရုရှားက “ မကြုံစဖူး” တိုက်ခိုက်မှုဟု ဆို

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၃)ရက် ယူကရိန်းသည် စနေနေ့တွင် စိန့်ပီတာစဘတ်မြို့ အနီးတစ်ဝိုက်ရှိ ရုရှားရေနံသန့်စင် စက်ရုံများနှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ဒရုန်းများဖြင့် အကြီးအကျယ် တိုက်ခိုက်ခဲ့ရာ၊ ရုရှားတာဝန်ရှိသူတစ်ဦးက ယင်းကို “ မကြုံစဖူး” တိုက်ခိုက်မှုအဖြစ်
နိုင်ငံတကာသတင်း အမေရိကန်

အင်တာဗျူးအသစ်တစ်ခုတွင် မယ်လင်ဒါ ဖရန့်ချ် ဂိတ်စ် က စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အက်ပ်စတိန်း အကြောင်း ပြန်ပြောင်းပြောဆိုရင်း “ ရင်ထဲကလာတဲ့ တုံ့ပြန်မှုမျိုး” ဖြစ်ပေါ်ခဲ့ရကြောင်း ဆို

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၃)ရက် မိုက်ခရိုဆော့ဖ် (Microsoft) ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်စ် (Bill Gates) ၏ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) နှင့် ယခင်က ပတ်သက်ခဲ့မှုများအပေါ် ဘီလ်ဂိတ်စ်နှင့် မယ်လင်ဒါ
နိုင်ငံတကာသတင်း အမေရိကန်

ကနေဒီစင်တာ (Kennedy Center) မှ ထရမ့်အမည်အား ဖယ်ရှားရန် တရားသူကြီး သတ်မှတ်ထားသော အချိန်ကို ကျော်လွန်သွားသဖြင့် အချိန်ပိုပေးရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 18 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၃)ရက် ဖက်ဒရယ်တရားသူကြီးတစ်ဦး၏ အမိန့်အရ ကနေဒီစင်တာ အဆောက်အအုံမှ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အမည်ကို ဖယ်ရှားရန် သတ်မှတ်ထားသော နောက်ဆုံး အချိန်ကို ကျော်လွန်သွားခဲ့ပြီးနောက်၊ သမိုင်းဝင်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အိုကလာဟိုးမားပြည်နယ်၊ ကူးရှင်း (Cushing)ဒေသ ရှိ ရေနံသိုလှောင်ကန်များ အောက်ခြေထိလုနီးပါးလျော့ကျနေပြီ။ ရေနံစျေးကွက်သည် အရေးကြုံရမည့် အလှည့်အပြောင်းအချက်ဆီသို့ ဦးတည်နေ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 18 Views
အိုကလာဟိုးမားပြည်နယ်၊ ကူးရှင်းမြို့သည် မိမိကိုယ်ကိုယ် “ ကမ္ဘာ့ပိုက်လိုင်းများ ဆုံစည်းရာ လမ်းဆုံ” အဖြစ် တင်စားခေါ်ဝေါ်လေ့ရှိသည်။ ထိုဆောင်ပုဒ်ကို မိန်းလမ်း (Main Street) နှင့် တောင်ဘက်စတိုင်လ်စ်လမ်း (South Stiles Road) ထောင့်ရှိ ပိုက်လုံးကြီးများဖြင့်