နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 18 ရက်

အမေရိကန်

အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ ပိတ်ဆို့မှုကြားမှ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားသော ရေနံတင်သင်္ဘောလေးစင်းအားတွေ့ရှိရ

CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၈ ရက်

ဒေသစံတော်ချိန် စနေနေ့ နံနက်ပိုင်းတွင် ရေနံတင်သင်္ဘောလေးစင်းသည် ဟော်မုဇ် ရေလက်ကြားကို ဖြတ်ကျော်ကာ အိုမန်ပင်လယ်ကွေ့ဘက်ရှိ အရှေ့ဘက်သို့ ဦးတည် မောင်းနှင်ခဲ့ကြောင်း MarineTraffic မှ သင်္ဘောခြေရာခံအချက်အလက်များက ဖော်ပြသည်။ ၎င်းမှာ အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေးအတွက် စမ်းသပ်မှုတစ်ခု ဖြစ်လာနိုင်သည်။ အချက်အလက်များအရ ထိုသင်္ဘောများအနက် နှစ်စင်းမှာ တရုတ်နိုင်ငံသို့ ဦးတည်နေပြီး အရည်ငွေ့ပျံရေနံဓာတ်ငွေ့ (LPG) များ တင်ဆောင်လာကြောင်း သိရသည်။

သင်္ဘောနှစ်စင်းဖြစ်သည့် Raine နှင့် Gardian တို့မှာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန (OFAC) ၏ တရားဝင်ပိတ်ဆို့အရေးယူမှုအောက်တွင် ရှိနေသော သင်္ဘောများဖြစ်သည်။ အီရန်အရေးကို အဓိကထားဆောင်ရွက်သည့် မူဝါဒရေးရာအဖွဲ့အစည်းတစ်ခုဖြစ်သော United Against Nuclear Iran မှ ပေးပို့သော အချက်အလက်များအရ ထိုသင်္ဘောလေးစင်း စလုံးမှာ အီရန်၏ လျှို့ဝှက်သင်္ဘောအုပ်စု (Dark Fleet) တွင် ပါဝင်နေပုံရသည်။

အမေရိကန်စစ်တပ်သည် တနင်္လာနေ့ကတည်းက အီရန်ဆိပ်ကမ်းများသို့ ဝင်ရောက်သည့် သို့မဟုတ် ထွက်ခွာသည့် သင်္ဘောအားလုံးကို ရေတပ်ဖြင့် ပိတ်ဆို့မှုကို အကောင်အထည် ဖော်ဆောင်ရွက်နေသည်။ သို့သော် လာမည့်အင်္ဂါနေ့တွင် သက်တမ်းကုန်ဆုံးမည့် အပစ်အခတ် ရပ်စဲရေးကာလအတွင်း ရေလက်ကြားမှာ “ လုံးဝပွင့်လင်းလျက်ရှိသည်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးက ကြေညာခဲ့ပြီးနောက်၊ အမေရိကန်က ပိတ်ဆို့မှုကို မရုပ်သိမ်း ပါက ရေလက်ကြားအား ပြန်လည်ပိတ်ပစ်မည်ဟု အီရန်လွှတ်တော်ဥက္ကဋ္ဌက သတိပေး ခဲ့သည်။

အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်း(Dan Caine) က အမေရိကန်အနေဖြင့် အရှေ့အလယ်ပိုင်းပြင်ပ ရေပြင်များ၊ အထူးသဖြင့် အင်ဒို-ပစိဖိတ်ဒေသ အထိ အီရန်နှင့် ဆက်နွှယ်နေသော သင်္ဘောများကို လိုက်လံဖမ်းဆီးသွားမည်ဖြစ်ကြောင်း ယခုသီတင်းပတ်အစောပိုင်းတွင် ပြောကြားခဲ့သည်။ အပြည်ပြည်ဆိုင်ရာရေပြင်ကို ဖြတ်သန်းစဉ် ထိုသင်္ဘောများကို အမေရိကန်က တားဆီးခြင်း ရှိ၊ မရှိကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမည်ဖြစ်သည်။

“အီရန်ဟာ အချိန်ကိုက်လုပ်ဆောင်ဖို့ အလွန်အရေးကြီးတဲ့ အချိန်ကျဉ်းလေးတစ်ခုထဲ ရောက်နေတာပါ။ ဒီနေ့ မောင်းနှင်နေတာကို တွေ့ရတဲ့ သင်္ဘောတွေဟာ တရုတ်နိုင်ငံကို ရေနံမရောက်ခင် သုံးပတ်ကြာမယ့် လမ်းကြောင်းထဲမှာ ထိရောက်စွာ ပိတ်မိနေပါပြီ” ဟု United Against Nuclear Iran ၏ လျှို့ဝှက်သင်္ဘောခြေရာခံမှုဆိုင်ရာ အကြီးတန်းအကြံပေးနှင့် အမေရိကန်ရေတပ်အရာရှိဟောင်းချာလီဘရောင်း( Charlie Brown) က ပြောကြားခဲ့သည်။

“ဒါဟာ ပိတ်ဆို့မှုရဲ့ တကယ့်စမ်းသပ်ချက်က ချက်ချင်းလက်ငင်း မဟုတ်သေးဘူးဆိုတာကို ဆိုလိုတာပါ။ ပိတ်ဆို့မှုစတင်ပြီး ၁၀ ရက်လောက်အကြာမှာ အဲဒီသင်္ဘောတွေဟာ မလက္ကာနဲ့ စင်ကာပူရေလက်ကြားတွေကို ဗြောင်ကျကျ ဖြတ်သန်းမောင်းနှင်ရမှာဖြစ်ပြီး AIS (အလိုအလျောက်ခွဲခြားသိရှိနိုင်မှုစနစ်) မှာ ပြန်ပေါ်လာပါလိမ့်မယ်။ အဲဒီနောက်မှာတော့ မလေးရှားနိုင်ငံ အရှေ့ဘက် ဆိပ်ကမ်းပြင်ပကန့်သတ်ဧရိယာ ကျောက်ချစခန်းကို မရောက်ခင်မှာ သူတို့က စနစ်တွေကို ပြန်ပိတ်ပြီး သင်္ဘောတစ်စင်းနဲ့တစ်စင်း လျှို့ဝှက် ကုန်စည် လွှဲပြောင်းဖို့ ကြိုးစားကြပါလိမ့်မယ်” ဟု ဘရောင်း က ထပ်လောင်းပြောကြား ခဲ့သည်။

“တကယ်လို့ အဲဒီဆက်နွှယ်မှုကွင်းဆက်သာ ပြတ်တောက်သွားရင် အကျိုးဆက်တွေက တရစပ် ဖြစ်လာနိုင်ပါတယ်”

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ရေလက်ကြားပိတ်ဆို့ရန် နောက်ဆုံးဆုံးဖြတ်ချက်က မကြာမီ သဘောတူညီချက်ရတော့မည်ဟူသော ထရန့်၏ ပြောဆိုချက်အပေါ် သံသယဖြစ်စေ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 5 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် နစ်ဘိခ် (Nick Beake) ဂျေရုဆလင်မြို့မှ သတင်းပေးပို့ချက် ဟော်မုဇ်ရေလက်ကြားတွင် အမှန်တကယ် ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို
နိုင်ငံတကာသတင်း ပြင်သစ် လက်ဘနွမ် အရှေ့အလယ်ပိုင်း

လက်ဘနွန်တွင် ပြင်သစ်စစ်သည်တစ်ဦး သေဆုံးကြောင်း မက်ခရွန် ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 8 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက် လက်ဘနွန်နိုင်ငံတွင် နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းမှု မစ်ရှင်၌ ပါဝင်ဆောင်ရွက်နေသော ပြင်သစ်စစ်သည်တစ်ဦးသည် ယနေ့နံနက်ပိုင်းက နိုင်ငံတောင်ပိုင်းတွင်
တောင်ကိုရီးယား တောင်ကိုးရီးယား နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း

လူသားတို့၏ ဆင်းရဲဒုက္ခနှင့်ပတ်သက်ပြီး သဘောထားဖော်ပြရာတွင် ဗီဒီယိုအဟောင်းအား အသုံးပြုခဲ့ခြင်းကြောင့် တောင်ကိုရီးယားသမ္မတ အစ္စရေး၏ ဒေါသထွက်မှုကို ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 16 Views
CNN- တောင်ကိုရီးယား – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ဆိုးလ်မြို့ — သိမ်းပိုက်ခံထားရသော အနောက်ဘက်ကမ်းခြေ (West Bank) ရှိ အဆောက်အအုံတစ်ခုပေါ်မှ လူသေအလောင်းတစ်ခုအား အစ္စရေးစစ်သားများ တွန်းချနေသည့် ၂၀၂၄
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က အမေရိကန်၏ ‘ယုံကြည်မှုကိုချိုးဖောက်ခြင်း’ များကြောင့် ဟော်မုဇ်ရေလက်ကြား ကန့်သတ်ချက်များ ပြန်လည်သတ်မှတ်လိုက်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၈ ရက် အီရန်ဆိပ်ကမ်းများကို အမေရိကန်က ရေတပ်ဖြင့် ပိတ်ဆို့ထားမှုအား ငြိမ်းချမ်းရေး သဘောတူညီချက် မရမချင်း ဆက်လက်ထားရှိမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အခိုင်အမာပြောကြားနေချိန်တွင်၊ အီရန်၏ ကြေညာချက်ကြောင့်
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် ဥရောပ

ဟန်ဂေရီသမ္မတနှင့် တွေ့ဆုံဆွေးနွေးရာတွင် အာဏာကို အမြန်ဆုံးလွှဲပြောင်းပေးရန်မာဂျာ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 18 ရက်
  • 17 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၇ရက် ဗစ်တာ အော်ဘန် (Viktor Orbán) ၏ ၁၆ နှစ်ကြာ အုပ်ချုပ်မှုကို အဆုံးသတ်လိုက်သည့် ပီတာ မာဂျာ(Péter Magyar)နှင့် ၎င်း၏ပါတီသည် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိပြီး
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်နှင့် အငြင်းပွားပြီးနောက် စစ်ပွဲများအတွက် ဘီလီယံနှင့်ချီ သုံးစွဲနေသည့် ‘အာဏာရှင်များ’ ကို ပုပ်ရဟန်းမင်းကြီးကထပ်မံဝေဖန်လိုက်ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 16 ရက်
  • 25 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက် ပုပ်ရဟန်းမင်းကြီး လီယို (Pope Leo) သည် ကင်မရွန်းနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ် အတွင်း ပုံမှန်ထက် ပိုမိုပြင်းထန်သော မှတ်ချက်များဖြင့် စစ်ပွဲများအတွက်
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာအပစ်ရပ်စဲရေး လုပ်ငန်းစဉ်များ တုံ့ဆိုင်းနေစဉ် အပစ်ရပ်ပြီးနောက်ပိုင်း အမေရိကန်နှင့် ဟားမတ်စ်တို့ ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေး

  • 2026 ခုနှစ်၊ ဧပြီလ 16 ရက်
  • 31 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက် အမေရိကန်ဦးဆောင်သည့် အားနည်းလှသော သဘောတူညီချက်ကို ရှေ့ဆက်နိုင်ရန် ကြိုးပမ်းမှု တစ်ရပ်အဖြစ် ဂါဇာအပစ်ရပ်စဲရေးကာလနောက်ပိုင်း အမေရိကန်နှင့် ဟားမတ်စ်တို့ ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဟားမတ်စ်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်ကသူ့ကိုယ်သူခရစ်တော် ဂျီးဆပ်အဖြစ်သရုပ်ဖော်နေတယ်လို့အွန်လိုင်းမှာထွက်ပေါ်

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 41 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ထရမ့်ကTruth Social မှာ သူကိုယ်တိုင်တင်ထားတဲ့ သူ့ပုံကို သူ့ကိုယ်သူခရစ်တော် ဂျီးဆပ်အဖြစ် သရုပ်ဖော်ပြနေတယ်လို့ အွန်လိုင်းမှာ ဝေဖန်မှုတွေ ထွက်ပေါ် လာတာနဲ့ ပတ်သက်ပြီးသူကမေမြန်းသူသတင်းထောက်ကိုအောက်ပါအတိုင်းဖြေကြားခဲ့ပါတယ်။ “ ကဲ! ဒါက ဓာတ်ပုံတစ်ပုံ