နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပြင်သစ် လက်ဘနွမ် အရှေ့အလယ်ပိုင်း

လက်ဘနွန်တွင် ပြင်သစ်စစ်သည်တစ်ဦး သေဆုံးကြောင်း မက်ခရွန် ပြောကြား

BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၈ရက်

လက်ဘနွန်နိုင်ငံတွင် နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းမှု မစ်ရှင်၌ ပါဝင်ဆောင်ရွက်နေသော ပြင်သစ်စစ်သည်တစ်ဦးသည် ယနေ့နံနက်ပိုင်းက နိုင်ငံတောင်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သမ္မတ မက်ခရွန်က X တွင် ပို့စ်တင်ခဲ့သည်။

လက်ဘနွန်ရှိ ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ (Unifil) ၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှု မစ်ရှင်အပေါ် တိုက်ခိုက်မှုအတွင်း အခြားစစ်သည်သုံးဦးလည်း ဒဏ်ရာရရှိခဲ့ပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးခဲ့ရကြောင်း ပြင်သစ်သမ္မတက ပြောကြားခဲ့ပြီး၊ ရရှိထားသည့် အချက်အလက်များအရ ဟစ်ဇ်ဘိုလာအဖွဲ့တွင် တာဝန်ရှိကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူများကို ချက်ချင်းဖမ်းဆီးရန် လက်ဘနွန်အာဏာပိုင်များကို ၎င်းက တောင်းဆိုထားသည်။

တစ်ချိန်တည်းမှာပင် လက်ဘနွန်ဝန်ကြီးချုပ် နာဝပ်ဖ် ဆလမ် (Nawaf Salam) က Unifil ၏ ပြင်သစ်ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များအပေါ် တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချ လိုက်သည်။

“ဒီတိုက်ခိုက်မှုရဲ့ အခြေအနေအရပ်ရပ်ကို ဖော်ထုတ်ဖို့နဲ့ ကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ အတွက် ချက်ချင်းစုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ တင်းကျပ်တဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန် ထားပါတယ်” ဟု ၎င်းက X ပို့စ်တွင် ရေးသားထားသည်။

“ဒီလို တာဝန်မဲ့တဲ့ အပြုအမူတွေဟာ လက်ဘနွန်နိုင်ငံနဲ့ လက်ဘနွန်ကို ကူညီပံ့ပိုးပေးနေတဲ့ ကမ္ဘာတစ်ဝှမ်းက မိတ်ဆွေနိုင်ငံတွေကြား ဆက်ဆံရေးကို ကြီးမားတဲ့ ထိခိုက်မှုဖြစ်စေ တယ်ဆိုတာ ပြောနေဖို့တောင် မလိုပါဘူး”

တိုက်ခိုက်မှုကို မည်သူက လုပ်ဆောင်ခဲ့သည်ဆိုခြင်းနှင့် ပတ်သက်၍ ဆလမ်က အသေးစိတ် ပြောကြားခဲ့ခြင်း မရှိပေ။

မနေ့က ဟော်မုဇ်ရေလက်ကြားနှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်က အီမာနျူရယ် မက်ခရွန်၏ ပုံရိပ်။ ဓာတ်ပုံ – PA Media

ဇန်နဝါရီလအတွင်းက ရိုက်ကူးထားသော လက်ဘနွန်ဝန်ကြီးချုပ်၏ ပုံရိပ်။ ဓာတ်ပုံ – Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပိုလန် ယူကရိန်း

ဒုတိယကမ္ဘာစစ်က စစ်တပ်တပ်ဖွဲ့အမည်ပေးမှုကြောင့် ဇလန်းစကီးအား ပိုလန်၏ အမြင့်ဆုံးဘွဲ့တံဆိပ် ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 12 Views
ဘီဘီစီ -၂၀၂၃ ခုနှစ် ဂျွန်လ ၂၀ရက် ယူကရိန်း၏ စစ်တပ်တပ်ဖွဲ့တစ်ခုအား အငြင်းပွားဖွယ်ရာ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးအဖွဲ့ ၏ အမည်ကို
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 16 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ် ရေတပ်ဖြင့် ပိတ်ဆို့ထားမှုကို ရုပ်သိမ်း လိုက်ပြီဖြစ်သည်။ အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ သမိုင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်း မီးလောင်ကျွမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 19 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး