ဒီအပတ်တနင်္ဂနွေနေ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၄၃) မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမတအဖြစ်ကိုယ့်ဖဲကိုယ်ချိုးတက်လာပြီး ပြည်သူတင်မြှောက်လိုက်တဲ့ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးလိုက်တာနဲ့ ပတ်သက်တဲ့ အမြင်နဲ့ ပတ်သက်တာတွေ ဒီလိုလွတ်မြောက်လာမှုနဲ့ပတ်သက်ပြီး NUCC ကစာထုတ်ကြိုဆို သလို နောက် TNLA က မင်းအောင်လှိုင်ကိုဂုဏ်ပြုစာပေးပို့ခြင်းရဲ့သဘောသဘာဝ တွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားတော့မယ်ဆိုတဲ့ ကောလဟလတွေ နဲ့ပတ်သက်ပြီး ရှေ့မြန်မာနိုင်ငံရေးမှာဘာတွေဖြစ်လာနိုင်တယ်ဆိုတာတွေကို ဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က သုံးသပ် ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။
ဒီည ဧပြီလ (၁၉) ရက်နေ့ မြန်မာစံတော်ချိန် ည ၇ နာရီခွဲမှာ ခေတ်မျက်လုံးရဲ့ YouTube Channel ကနေ ဆွေးနွေးတင်ပြကြမှာ ဖြစ်ပါတယ်။ အချိန်ကျလာရင် အောက်ပါလင့်ကို ကလစ်လုပ်ပြီး ကြည့်ရှုနိုင်ပါတယ်။
https://www.youtube.com/@eraseyechannel
ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့








