ဧပြီလ (၂၁)ရက်။
ဇူလိုင်လ (၃၁)ရက်နေ့အထိ ရက်ပေါင်း (၁၀၀)ထဲ PDF တွေ အလင်းဝင်လာကြဖို့ဆိုပြီး မင်းအောင်လှိုင်က မနေ့က ကျင်းပတဲ့ အမည်ခံအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ ရက် (၁၀၀)မှာ PDF နဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးတာနဲ့ ငြိမ်းချမ်းရေးအတွက် အလင်းဝင်ဖို့ ပြောထားတာရှိပါတယ်။ အခုလဲ အလင်းဝင်တာတွေ အများကြီးရှိပါတယ်” လို့ သူက ဆိုပါတယ်။
PDF တွေ အလင်းဝင်တာမှာ လပခနဲ့ တပခနယ်မြေတို့မှာ များပြားကာ ရာနဲ့ချီ ဝင်လာတာရှိတာကြောင့် ရက်ပေါင်း (၁၀၀)ထဲ ငြိမ်းချမ်းရေးအတွက် လာကြဖို့ဆိုပြီး ပြောဆိုထားပါသေးတယ်။
နောက်ပြီး အဲ့ဒီ ရက် (၁၀၀)ထဲမှာ NCA လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့တွေအနေနဲ့လဲ ဇူလိုင်လ (၃၁)ရက်နေ့မတိုင်မီ တွေ့ဆုံဆွေးနွေးဖို့ မင်းအောင်လှိုင်က ဖိတ်ခေါ်ထားပါသေးတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေးမှာ မဖြစ်နိုင်တာတွေကို မတောင်းဆိုဖို့အပါအဝင် လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ရမှာတွေရှိကာ ဇူလိုင်လ (၃၁)ရက်နေ့မတိုင်မီ တွေ့ဆုံဆွေးနွေးမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒီလို NCA လက်မှတ်မရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ပတ်သက်ပြီး ကြေညာချက်တွေ ထုတ်ပြန်သွားဖို့ရှိတယ်လို့ မနေ့က မင်းအောင်လှိုင်က အမည်ခံအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။








