နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 30 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်၏ ပိတ်ဆို့မှုသက်တမ်းတိုးခြင်းကို အီရန်က “ သည်းခံမည်မဟုတ်” ဟု ထိပ်တန်းစစ်ဘက်အကြံပေး ပြောကြား

CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်

အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို သက်တမ်းတိုးခြင်းအား အီရန်အနေဖြင့် “ သည်းခံမည် မဟုတ်” ဟု အီရန်အမြင့်ဆုံးခေါင်းဆောင် မိုဂျတာဘာ ခါမေနီ၏ အကြီးတန်းစစ်ဘက် အကြံပေး မိုဆန် ရေဇာအီ (Mohsen Rezaei) က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။

“ အကယ်၍ ပိတ်ဆို့မှုသာ ဆက်ရှိနေမယ်ဆိုရင် အီရန်က တုံ့ပြန်သွားမှာပါ” ဟု ရေဇာအီက ရုပ်သံလူတွေ့မေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံလွှင့်ဌာန IRIB က ကြာသပတေးနေ့ အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

“ ဒီလို ပိတ်ဆို့မှုမျိုးဟာ အနှစ်သာရအားဖြင့် ဘာမှဖြစ်မလာသလို သူတို့လည်း အကောင် အထည် မဖော်နိုင်ခဲ့ပါဘူး။ အိန္ဒိယသမုဒ္ဒရာဟာ အလွန်ကျယ်ပြောလှပြီး ကျွန်တော်တို့ အလွယ်တကူ ဖြတ်သန်းသွားလာနိုင်ပါတယ်။ ကျွန်တော်တို့ အဲဒီလိုပဲ လုပ်ဆောင်ခဲ့ပြီးပါပြီ” ဟု ရေဇာအီက ဆက်လက်ပြောကြားသည်။

၎င်း၏ မှတ်ချက်စကားများသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ဆိပ်ကမ်းများကို ထပ်တိုးပိတ်ဆို့ရန် စဉ်းစားနေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထို့ပြင် လွန်ခဲ့သော ၆ ပတ်ကျော်က အီရန်၏ အမြင့်ဆုံးခေါင်းဆောင်သစ်အဖြစ် ကြေညာခံရပြီးကတည်းက လူမြင်ကွင်းသို့ ထွက်မလာသလို သတင်းစကားတစ်စုံ တစ်ရာလည်း မကြားရသေးသော ခါမေနီ၏ အခြေအနေနှင့် ပတ်သက်သည့် ကောလာဟလများကို နားမယောင်ကြရန်လည်း ရေဇာအီက ပြည်သူများကို တိုက်တွန်းခဲ့သည်။

“ အမြင့်ဆုံးခေါင်းဆောင်ဟာ ငယ်ရွယ်ကျန်းမာပြီး တက်ကြွနေသူဖြစ်သလို နိုင်ငံတော်အရေး ကိစ္စတွေကိုလည်း စီမံခန့်ခွဲနေပါတယ်” ဟု ရေဇာအီက ပြောကြားကြောင်း IRIB သတင်းတွင် ပါရှိသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) ကမူ ခါမေနီသည် အသက်ရှင် လျက်ရှိနေဆဲဖြစ်ကြောင်း အမေရိကန်တွင် “ အရိပ်အယောင်များရှိသည်” ဟု တနင်္လာနေ့က ပြောကြားခဲ့သော်လည်း အဆိုပါ အမြင့်ဆုံးခေါင်းဆောင်သစ်သည် အီရန်နိုင်ငံ အတွင်း မည်မျှအထိ ယုံကြည်ကိုးစားမှုရှိသည်မှာမူ ရှင်းလင်းခြင်းမရှိသေးကြောင်း ဆိုခဲ့ သည်။

ဗုဒ္ဓဟူးနေ့က တီဟီရန်မြို့တွင် လမ်းသွားလမ်းလာတစ်ဦးသည် အီရန်၏ အမြင့်ဆုံး ခေါင်းဆောင် အယာတိုလာ မိုဂျတာဘာ ခါမေနီ (Ayatollah Mojtaba Khamenei) ၏ ပုံပါရှိသော လမ်းဘေးပိုစတာတစ်ခုဘေးမှ ဖြတ်လျှောက်သွားစဉ်။

Atta Kenare/AFP/Getty Images (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း သီရီလင်္ကာ

လေဆိပ်တွင် ကန်နဗစ် (ဆေးခြောက်) ကီလို ၁၁၀ ကျော် သယ်ဆောင်လာသည်ဟု ယူဆရသော ဗုဒ္ဓဘာသာရဟန်း ၂၂ ပါးကို သီရိလင်္ကာတွင် ဖမ်းဆီး

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 9 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အဆိုပါ
နိုင်ငံတကာသတင်း အာရှ

ရေနံစျေးနှုန်းများ ထိုးတက်နေပြီး အီရန်ကို ဆက်လက်ပိတ်ဆို့ထားရန် ထရမ့်က ပြောဆိုနေသဖြင့် အာရှနိုင်ငံများ ပိုမိုခက်ခဲမည့်အရေးအတွက် ပြင်ဆင်နေကြရ

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 10 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် အိမ်ဖြူတော်က အီရန်ဆိပ်ကမ်းများကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက် အလက်များ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

‘ရေနံတွေဟာ ကောင်းကင်ကနေ တကယ်ကိုပဲ မိုးရွာသလို ကျနေတာပါ’ – ယူကရိန်း၏ ဒရုန်းဖြင့် ရေနံချက်စက်ရုံကို တိုက်ခိုက်မှုအပြီးတွင် ရုရှားမြို့ငယ်လေး၌ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြသည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 41 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ၁၂ ရက်အတွင်း တတိယအကြိမ်မြောက်အဖြစ် ရုရှားနိုင်ငံ ပင်လယ်နက်ကမ်းခြေမြို့ ဖြစ်သော တူအပ်ပ်ဆေ (Tuapse) မြို့သည် အင်္ဂါနေ့တွင် ကမ္ဘာပျက်မတတ် မြင်ကွင်း များဖြင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက် သောကြာနေ့တွင် ထွက်ပေါ်လာနိုင်၊ ထရမ့်၏ ပြောကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ညှိနှိုင်းဖျန်ဖြေရေးလုပ်ငန်းစဉ်နှင့် နီးစပ်သူများ၏ အဆိုအရ အမေရိကန်ပြည်ထောင်စုသည် အီရန်၏ ပြင်ဆင်ထားသော ငြိမ်းချမ်းရေးအဆိုပြုချက်ကို လက်ခံရယူရန် စောင့်ဆိုင်းနေပြီး ထိုအဆိုပြုချက်သည် သောကြာနေ့ တွင် ထွက်ပေါ်လာနိုင်သဖြင့်
နိုင်ငံတကာသတင်း အမေရိကန်

အီရန်ဆိပ်ကမ်းများကို ထပ်မံပိတ်ဆို့ထားရန် ထရမ့်က စဉ်းစားနေစဉ် စစ်ပွဲကာလအတွင်း ရေနံစျေးနှုန်းများ အမြင့်ဆုံးသို့ ထိုးတက်သွား

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက် ရေနံစျေးနှုန်းများ ထိုးတက်ခြင်း: အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ဆိပ်ကမ်း များကို ရေရှည်ပိတ်ဆို့ထားရန် အခြေခံအချက်အလက်များ ပြင်ဆင်နေစဉ်၊ ကမ္ဘာ့စံနှုန်း ဖြစ်သော ဘရန့် (Brent)
နိုင်ငံတကာသတင်း အမေရိကန်

အီရန်စစ်ပွဲအတွက် ပင်တဂွန်၏ ခန့်မှန်းကုန်ကျစရိတ် ဒေါ်လာ ၂၅ ဘီလီယံမှာ နည်းပါးနေပြီး အမေရိကန်အခြေစိုက်စခန်းများ ပြန်လည်တည်ဆောက်ရေးစရိတ် မပါဝင်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်

  • 2026 ခုနှစ်၊ ဧပြီလ 30 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၃၀ရက် အီရန်စစ်ပွဲအတွက် ယနေ့အထိ စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ ၂၅ ဘီလီယံရှိကြောင်း ပင်တဂွန်အဆင့်မြင့်အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်အမတ်များအား ပြောကြားခဲ့သည့် ကိန်းဂဏန်းမှာ အမှန်တကယ်ထက် လျှော့တွက်ထားခြင်းဖြစ်ပြီး၊ ဒေသတွင်းရှိ အမေရိကန်အခြေစိုက်စခန်းများ၏ ဆိုးရွားသောပျက်စီးမှုများအတွက်
နိုင်ငံတကာသတင်း ပါကစ္စတန် အမေရိကန် အီရန်

အီရန်စစ်ပွဲ ဆွေးနွေးပွဲအတွက် ပါကစ္စတန်သို့သွားမည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်ကို ထရမ့် ဖျက်သိမ်း

  • 2026 ခုနှစ်၊ ဧပြီလ 26 ရက်
  • 38 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက် တီဟီရန်ကိုယ်စားလှယ်အဖွဲ့ အစ္စလာမ္မာဘတ်မြို့မှ ထွက်ခွာသွားပြီး မကြာမီ၊ အီရန်စစ်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးရန် ပါကစ္စတန်နိုင်ငံသို့ သွားရောက်မည့် အမေရိကန်အရာရှိများ၏ စီစဉ်ထားသော ခရီးစဉ်ကို ဒေါ်နယ်ထရမ့်က
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အာရှ၏ တရိပ်ရိပ်တက်နေသော ကုန်စည်ပြတ်လပ်မှု ဂယက်သည် အမေရိကဆီသို့ ဦးတည်နေသည်

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 47 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၄ရက် ဓာတ်ဆီဆိုင်များတွင် လောင်စာဆီကို ခွဲတမ်းနှင့် ရောင်းချနေရသည်။ ဆေးရုံများတွင် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပြတ်လပ်နေသည်။ လူများသည် ပလပ်စတစ် အိတ်များကို စုဆောင်းနေကြပြီး၊ စက်ရုံများသည်လည်း ထုပ်ပိုးမှုဆိုင်ရာ ပစ္စည်းပြတ်လပ်မှု များနှင့်