နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 21 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လုပ်ကြံခံရမှုနှင့် အာဏာသိမ်းရန် ကြိုးပမ်းမှုများကို စိုးရိမ်သဖြင့် ကရင်မလင်က ပူတင်၏ လုံခြုံရေးကို တင်းကျပ်ထားကြောင်း ထောက်လှမ်းရေးအစီရင်ခံစာတွင် ဖော်ပြ

CNN – ၂၀၂၆ ခုနှစ်၊ မေလ ၄ ရက်

ရုရှားထိပ်တန်းစစ်ဘက်အရာရှိများ ဆက်တိုက်လုပ်ကြံခံရမှုနှင့် အာဏာသိမ်းရန် ကြိုးပမ်းမှု များ ဖြစ်လာနိုင်သည်ကို စိုးရိမ်သဖြင့် သမ္မတ ဗလာဒီမာ ပူတင်၏ ကိုယ်ရံတော်လုံခြုံရေးကို ကရင်မလင်က သိသိသာသာ တိုးမြှင့်လိုက်ကြောင်း ဥရောပထောက်လှမ်းရေး အေဂျင်စီ တစ်ခု၏ အစီရင်ခံစာကို ကိုးကား၍ CNN က ဖော်ပြခဲ့သည်။ အဆိုပါ လုံခြုံရေး အစီအမံ သစ်များ အရ ပူတင်၏ ရင်းနှီးသော ဝန်ထမ်းများ၏ နေအိမ်များတွင်ပင် စောင့်ကြည့်ရေး စနစ်များ တပ်ဆင်ထားသည်ဟု သိရသည်။

သမ္မတနှင့် နီးကပ်စွာ အလုပ်လုပ်ကိုင်နေသည့် စားဖိုမှူးများ၊ ကိုယ်ရံတော်များနှင့် ဓာတ်ပုံ ဆရာများကို အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်များ အသုံးမပြုရန် ပိတ်ပင် ထားကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။ ကရင်မလင် အကြီးအကဲထံ လာရောက်သူများကိုလည်း နှစ်ကြိမ်တိုင်တိုင် စစ်ဆေးရမည်ဖြစ်ပြီး၊ ပူတင်နှင့် အနီးကပ် အလုပ်လုပ်သူများသည် အင်တာနက်အသုံးပြု၍မရသော ဖုန်းများကိုသာ သုံးစွဲခွင့်ရှိမည် ဖြစ်သည်။

ယင်းလုံခြုံရေးအစီအမံအချို့ကို ပြီးခဲ့သည့် ဒီဇင်ဘာလက ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦး လုပ်ကြံခံရပြီးနောက်ပိုင်း မကြာသေးမီလများအတွင်းက စတင်ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။ ထိုလုပ်ကြံခံရမှုကြောင့် ရုရှားလုံခြုံရေးအဆင့်မြင့် အရာရှိများကြားတွင် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။ ဤအခြေအနေများသည် ပြည်တွင်းစီးပွားရေး ကျဆင်းမှု၊ အစိုးရအပေါ် မကျေနပ်မှုများ မြင့်တက်လာမှုနှင့် ယူကရိန်းစစ်မြေပြင်ရှိ အရှုံးများ နှင့် ရင်ဆိုင်နေရသော ကရင်မလင်၏ စိုးရိမ်ပူပန်မှုများကို မီးမောင်းထိုးပြနေသည်။

ရုရှားလုံခြုံရေးအရာရှိများသည် ပူတင် ပုံမှန်သွားလာလေ့ရှိသည့် နေရာအရေအတွက် ကိုလည်း သိသိသာသာ လျှော့ချလိုက်သည်။ ပူတင်နှင့် သူ၏မိသားစုဝင်များသည် မော်စကို ဒေသရှိ နေအိမ်များနှင့် စိန့်ပီတာစဘတ်နှင့် မော်စကိုကြားရှိ ဗယ်ဒိုင်း (Valdai) နွေရာသီ အပန်းဖြေ အိမ်များသို့ သွားရောက်ခြင်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် စစ်ဘက်ဆိုင်ရာနေရာများသို့ ပုံမှန်သွားရောက်လေ့ရှိသော်လည်း၊ ယခု ၂၀၂၆ ခုနှစ်တွင်မူ မည်သည့်စစ်ဘက်ဆိုင်ရာ နေရာသို့မျှ သွားရောက်ခြင်း မရှိသေးပေ။ ထိုကန့်သတ်ချက်များကို ဖုံးကွယ်ရန်အတွက် ကရင်မလင်သည် ပူတင်၏ ကြိုတင်ရိုက်ကူးထားသော ဗီဒီယိုများကိုသာ အများပြည်သူသို့ ထုတ်လွှင့်ပြသနေကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ယူကရိန်းကျူးကျော်မှု စတင်ကတည်းက ပူတင်သည် မော်စကိုနှင့် ဝေးကွာပြီး ပင်လယ်နက်ကမ်းခြေရှိ ကရာစနိုဒါ (Krasnodar) ဒေသရှိ ခေတ်မီဘန်ကာများတွင် အပတ်ပေါင်းများစွာ နေထိုင်လေ့ရှိကြောင်း အစီရင်ခံစာက ဖော်ပြသည်။ ယူကရိန်းစစ်ပွဲ လေးနှစ်တာကာလအတွင်း ရုရှားသည် အကျအဆုံးများပြားလာပြီး တစ်လလျှင် ၃၀,၀၀၀ ခန့် သေဆုံး သို့မဟုတ် ဒဏ်ရာရနေခဲ့သည်၊ ယူကရိန်း၏ ဒရုန်းဖြင့် တိုက်ခိုက်မှုများကလည်း မော်စကိုမြို့လယ်အထိ ရောက်ရှိလာခြင်းကြောင့် ကရင်မလင်တွင် အကျပ်အတည်းများ ဆိုက်ရောက်နေသည်။

အာဏာသိမ်းရန် အန္တရာယ်

၂၀၂၆ ခုနှစ် မတ်လမှစ၍ သမ္မတပူတင်သည် ထိခိုက်လွယ်သော သတင်းအချက်အလက်များ ပေါက်ကြားမည်ကိုလည်းကောင်း၊ နိုင်ငံရေးအထက်တန်းလွှာများက ဒရုန်းကို အသုံးပြု၍ လုပ်ကြံရန် ကြိုးပမ်းမည်ကိုလည်းကောင်း အထူးစိုးရိမ်နေကြောင်း အစီရင်ခံစာက ဆိုသည်။

အထူးသဖြင့် ပူတင်၏ လူယုံဟောင်းဖြစ်ခဲ့သူ ဆာဂေး ရွှိုင်ဂူ (Sergei Shoigu) အပေါ် သံသယများ ရှိနေသည်။ ယခင် ကာကွယ်ရေးဝန်ကြီးဟောင်း ရွှိုင်ဂူသည် စစ်ဘက်ထိပ်တန်း ခေါင်းဆောင်များကြားတွင် သြဇာညောင်းဆဲဖြစ်သဖြင့် အာဏာသိမ်းရန် ကြိုးပမ်းမှုတွင် ပါဝင်လာနိုင်သည့် အန္တရာယ်ရှိသူအဖြစ် သတ်မှတ်ခံထားရသည်။ ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့က ရွှိုင်ဂူ၏ လက်ထောက်ဟောင်း ရုစလန် ဆာလီကော့ဗ် (Ruslan Tsalikov) အား အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးခြင်းသည် ရွှိုင်ဂူ၏ သြဇာအာဏာကို ဖြိုခွဲရန်နှင့် နောက်ပိုင်း တွင် ရွှိုင်ဂူကိုယ်တိုင်ပါ စုံစမ်းစစ်ဆေးခံရမည့် အခြေအနေကို ဖန်တီးလိုက်ခြင်း ဖြစ်နိုင်သည် ဟု ယူဆရသည်။

ကရင်မလင် အတွင်းက အငြင်းပွားမှု

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် ဗိုလ်ချုပ်ကြီး ဖာနေးလ် ဆာဗာရော့ဗ် (Fanil Sarvarov) လုပ်ကြံခံရပြီးနောက် ကရင်မလင်တွင် ပြုလုပ်သည့် အစည်းအဝေးတစ်ခု၌ ထိပ်တန်းအရာရှိများကြား အပြန်အလှန် အပြစ်တင်မှုများ ပြင်းထန်ခဲ့သည်။ စစ်ဦးစီးချုပ် ဗလာဒီမာ ဂီရာစီမော့ဗ် (Valery Gerasimov) က FSB အကြီးအကဲ အလက်ဇန္ဒား ဘော့နီ ကော့ဗ် (Alexander Bortnikov) အား သူ၏အရာရှိများကို မကာကွယ်နိုင်မှုအတွက် ဝေဖန်ခဲ့ပြီး၊ ဘော့နီကော့ဗ်ကလည်း လူအင်အားနှင့် ရင်းမြစ်များ မလုံလောက်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။

ထိုအခြေအနေကို ထိန်းသိမ်းရန် ပူတင်က သူ၏ ကိုယ်ပိုင်လုံခြုံရေးတပ်ဖွဲ့ (FSO) ကို ထိပ်တန်းစစ်ဘက်ခေါင်းဆောင် ၁၀ ဦး၏ လုံခြုံရေးအတွက်ပါ တိုးချဲ့တာဝန်ယူရန် ညွှန်ကြားခဲ့သည်။ ဤကဲ့သို့ ထောက်လှမ်းရေးသတင်းများ ပေါက်ကြားလာခြင်းသည် ရုရှားအစိုးရအတွင်းပိုင်း၌ မတည်ငြိမ်မှုနှင့် သံသယစိတ်များ လွှမ်းမိုးနေသည်ကို ပြသနေကြောင်း ဥရောပအရာရှိများက ယူဆနေကြသည်။

ပူတင်လုံခြုံရေးစိုးရိမ်နေရ

ပူတင်လူယုံ ဆာဂေး ရွှိုင်ဂူ (Sergei Shoigu)(ဝဲဖက်)ကိုအာဏာသိမ်းနိုင်သည်ဟုမယုံကြည်ဖြစ်ပြီး သူ့လက်ထောက်ရုစလန် ဆာလီကော့ဗ် (Ruslan Tsalikov)(ယာဖက်) ကိုဖမ်းဆီးလိုက်သည်။(ဓါတ်ပုံ)

ယူကရိန်းလက်ချက်ဖြစ်ဖွယ်ရှိသော ဒုတိယဗိုလ်ချုပ်ကြီး ဖန်နေးဆာဗရော့(Fanil Sarvarov) ကိုကားဗုံးဖြင့်လုပ်ကြံခံရပြီးနောက်တွင် ယခုအစီအမံသစ်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ Anastasia Barashkova/Reuters(ဓါတ်ပုံ)

ပြင်းထန်သော အစည်းအဝေးတစ်ခုအပြီးတွင် အကြီးတန်းစစ်ဘက်အရာရှိ ၁၀ ဦးကို လုံခြုံရေး ပိုမိုထားပေးခဲ့သည်။(ဓါတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပိုလန် ယူကရိန်း

ဒုတိယကမ္ဘာစစ်က စစ်တပ်တပ်ဖွဲ့အမည်ပေးမှုကြောင့် ဇလန်းစကီးအား ပိုလန်၏ အမြင့်ဆုံးဘွဲ့တံဆိပ် ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 20 ရက်
  • 19 Views
ဘီဘီစီ -၂၀၂၃ ခုနှစ် ဂျွန်လ ၂၀ရက် ယူကရိန်း၏ စစ်တပ်တပ်ဖွဲ့တစ်ခုအား အငြင်းပွားဖွယ်ရာ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးအဖွဲ့ ၏ အမည်ကို
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 18 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ် ရေတပ်ဖြင့် ပိတ်ဆို့ထားမှုကို ရုပ်သိမ်း လိုက်ပြီဖြစ်သည်။ အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ သမိုင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်း မီးလောင်ကျွမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 16 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 21 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး