နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 5 ရက်

အမေရိကန်

အမေရိကန် အရှေ့အလယ်ပိုင်း

ရေနံချက်စက်ရုံတွင် ‘မီးအကြီးအကျယ်လောင်ကျွမ်းမှု’ ဖြစ်ပွားပြီးနောက် အာရပ်စော်ဘွား များပြည်နယ် (UAE) က အီရန်အား တိုက်ခိုက်မှုများပြုလုပ်သည်ဟု စွပ်စွဲလိုက်ခြင်း

Al Jazeera -၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်

အီရန်ဒရုန်းတစ်စင်းကြောင့် ဖူဂျေရာ (Fujairah) ရေနံလုပ်ငန်းဇုန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အာရပ်စော်ဘွားများပြည်နယ် (UAE) သည် အီရန်နိုင်ငံက ၎င်း၏နိုင်ငံအား ဒုံးကျည်များ၊ ဒရုန်းများဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့ကြောင်း၊ အရှေ့ပိုင်းစော်ဘွားနယ်မြေဖြစ်သော ဖူဂျေရာရှိ ရေနံချက်စက်ရုံတစ်ရုံ မီးလောင်ကျွမ်းခဲ့ပြီး အိန္ဒိယနိုင်ငံသား သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း စွပ်စွဲပြောကြားလိုက်သည်။

တနင်္လာနေ့တွင် ဖြစ်ပွားခဲ့သော ဤတိုက်ခိုက်မှုများသည် ဧပြီလ ၈ ရက်နေ့က အီရန်နှင့် အမေရိကန်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိပြီးနောက်ပိုင်း UAE အပေါ် ပထမဆုံးအကြိမ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်-အစ္စရေး နှင့် အီရန်တို့ကြား စစ်ပွဲစတင်ကတည်းက ပိတ်ထားခဲ့ရသည့် အရေးပါသော ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း ပိတ်မိနေသည့် ရေနံတင်သင်္ဘောများကို လုံခြုံစွာထွက်ခွာနိုင်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြိုးပမ်းမှုအသစ်များ စတင်ပြီးနောက် ယခုတိုက်ခိုက်မှု ပေါ်ပေါက် လာခြင်း ဖြစ်သည်။

အီရန်၏ ပူးပေါင်းစစ်ဌာနချုပ်ကမူ အမေရိကန်၏ ကမ်းလှမ်းမှုကို လက်ခံသည့် ကုန်သွယ်ရေး သင်္ဘောများကို သတိပေးထားပြီး အမေရိကန်တပ်ဖွဲ့များသည် “ ဟော်မုဇ်ရေလက်ကြားသို့ ချဉ်းကပ်ဝင်ရောက်ရန် ရည်ရွယ်ပါက တိုက်ခိုက်ခံရမည်” ဟု ပြောကြားထားသည်။

UAE ကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့၏ လေကြောင်းကာကွယ်ရေးစနစ်သည် အီရန် ဘက်မှ ပစ်ခတ်လိုက်သော ဘာလစ္စတစ်ဒုံးကျည် ၁၂ စင်း၊ ခရုဇ်ဒုံးကျည် ၃ စင်းနှင့် ဒရုန်း ၄ စင်းတို့ကို တစ်နေ့တာအတွင်း “ ကြားဖြတ်ဟန့်တား” နိုင်ခဲ့သည်ဟု ဆိုသည်။

UAE နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း “ အရပ်သားပစ်မှတ်များနှင့် အဆောက်အအုံများကို ဦးတည်တိုက်ခိုက်သည့် အီရန်၏ အကြောင်းမဲ့ အကြမ်းဖက်တိုက်ခိုက်မှုများ” ကို အပြင်း ထန်ဆုံး ရှုံ့ချလိုက်သည်။ ၎င်းတို့၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ခြိမ်းခြောက်မှု မှန်သမျှကို သည်းခံမည်မဟုတ်ဘဲ တုံ့ပြန်ရန် “ အပြည့်အဝနှင့် တရားဝင်သော အခွင့်အရေး” ရှိကြောင်း သတိပေးခဲ့သည်။

အီရန်ဘက်ကမူ ဤစွပ်စွဲချက်များကို ငြင်းဆိုထားသည်။ အစိုးရရုပ်သံလိုင်း IRIB က စစ်ဘက် သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ အီရန်အနေဖြင့် “ ရေနံအဆောက်အအုံများကို တိုက်ခိုက် ရန် ကြိုတင်စီစဉ်ထားသော အစီအစဉ်မရှိကြောင်း” ပြောကြားခဲ့သည်။ ထိုဖြစ်ရပ်မှာဟော်မုဇ် ရေလက်ကြားအတွင်း သင်္ဘောများကို တရားမဝင်ဖြတ်သန်းခွင့်ရရန် ကြိုးပမ်းသော “ အမေရိကန် ၏ စစ်ရေးစွန့်စားမှု” ကြောင့်သာ ဖြစ်သည်ဟု ဆိုသည်။

တစ်ဆက်တည်းမှာပင် အီရန်၏ တာ့စ်နင်းမ် (Tasnim) သတင်းဌာနက “ UAE အနေဖြင့် ပညာမဲ့သော လုပ်ရပ်များ လုပ်ဆောင်လာပါက ၎င်းတို့၏ အကျိုးစီးပွားအားလုံးသည် အီရန်၏ ပစ်မှတ်ဖြစ်လာလိမ့်မည်” ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ သတိပေးထားသည်။

‘ပင်လယ်ဓားပြလုပ်ရပ်’

UAE သမ္မတ၏ အကြံပေးပုဂ္ဂိုလ် အန်နဝါ ဂါဂတ်ရှ် (Anwar Gargash)ကဘာရက်ခ(Barakah) ရေနံတင်သင်္ဘောအား တိုက်ခိုက်မှုကို “ ပင်လယ်ဓားပြလုပ်ရပ်” အဖြစ် ရှုံ့ချခဲ့သည်။ ထို့နောက် ဒုံးကျည်နှင့် ဒရုန်းများဖြင့် ဆက်တိုက်တိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဖူဂျေရာ စော်ဘွားနယ်မြေ၏ အဆိုအရ အီရန်ဒရုန်းကြောင့် ရေနံလုပ်ငန်းဇုန်တွင် “ မီးအကြီးအကျယ် လောင်ကျွမ်း” ခဲ့ပြီး အိန္ဒိယနိုင်ငံသား သုံးဦး အသင့်အတင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒူဘိုင်းအခြေစိုက် သတင်းထောက် နာတာရှာ တူးရက်ခ် (Natasha Turak) က “ အပစ်ရပ်စဲရေး ရရှိပြီးနောက် တစ်လနီးပါးအကြာမှာ ပထမဆုံးအကြိမ်အဖြစ် ကျွန်မတို့ဖုန်းတွေထဲမှာ ဒုံးကျည်သတိပေးသံတွေ ကြားလိုက်ရပါတယ်။ လူတွေက တော်တော်လေး စိတ်ပျက်၊ ဒေါသထွက်နေကြပေမယ့် အံ့အားသင့်နေတာမျိုးတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အမေရိကန်နဲ့ အီရန်ကြားက အဓိကပြဿနာတွေက မဖြေရှင်းရသေးလို့ပါပဲ” ဟု Al Jazeera သို့ ပြောကြားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ရှုံ့ချမှုများ

ဤတိုက်ခိုက်မှုအပေါ် ကမ္ဘာတစ်ဝန်းမှ ချက်ချင်းဆိုသလို ရှုံ့ချမှုများ ထွက်ပေါ်လာခဲ့သည်။ ဆော်ဒီအာရေးဗီးယားနှင့် ကာတာနိုင်ငံတို့က အီရန်ကို ရှုံ့ချခဲ့ပြီး UAE ၏ အချုပ်အခြာအာဏာ ကာကွယ်ရေးအတွက် အပြည့်အဝ ထောက်ခံကြောင်း ပြောကြားခဲ့သည်။

ကူဝိတ်၊ ဘာရိန်းနှင့် ဂျော်ဒန်နိုင်ငံတို့ကလည်း ဤလုပ်ရပ်မှာ ဒေသတွင်း တည်ငြိမ်ရေးကို ခြိမ်းခြောက်သည့် အန္တရာယ်ရှိသော အခြေအနေတိုးမြှင့်မှုဖြစ်ကြောင်း ရှုံ့ချခဲ့ကြသည်။ ထို့ပြင် ကနေဒါ၊ ဂျာမနီနှင့် ယူကေနိုင်ငံတို့ကလည်း အီရန်အား ဆွေးနွေးပွဲများသို့ ပြန်လည် လာရောက် ရန်နှင့် ထပ်မံ၍ အခြေအနေများ မဆိုးရွားစေရန် တိုက်တွန်းခဲ့ကြသည်။

ဥရောပသမဂ္ဂ (EU) ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန် (Ursula von der Leyen) ကလည်း ဤတိုက်ခိုက်မှုများသည် “ အချုပ်အခြာအာဏာနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း” ဖြစ်ပြီး လက်ခံနိုင်ဖွယ်မရှိကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

အီလွန်မတ်စ် နှင့် ဆမ်အော့တ်မန်းတို့၏ တရားရင်ဆိုင်မှု ပထမနေ့မှ အချက်အလက်များ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 17 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့သတင်းကိုဘာသာပြန်သည်။ ကယ်လီဖိုးနီးယားပြည်နယ်၊ အုတ်ကလန်မြို့ —ကယ်လီဖိုးနီးယားပြည်နယ်၊ အုတ်ကလန် တရားရုံးခန်းအတွင်း ChatGPT
နိုင်ငံတကာသတင်း အမေရိကန် အိန္ဒိယ အီရန်

ဟော်မုဇ် ရေလက်ကြားတွင် အီရန်၏ ထိန်းချုပ်မှုက အိန္ဒိယ၏ ချစ်လှစွာသော စမူဆာနှင့် လက်ဖက်ရည်ကို ခြိမ်းခြောက်နေ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 21 Views
CNN-၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) အပေါ် အီရန်၏ တင်းကျပ်သော ထိန်းချုပ်မှု
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေး၏ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်ရန် ဒီဇိုင်းထုတ်ထားသည့် အစွမ်းထက် လက်နက်သစ်ကို ဟစ်ဇဘိုလာ ဖြန့်ကြက်ချထား

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 25 Views
CNN-၂၀၂၆ခုနှစ်၊ မေလ(၃)ရက် ပေါက်ကွဲစေတတ်သော ပစ္စည်းများ တင်ဆောင်လာသည့် ကွက်ကော်ပတာ (quadcopter) ဒရုန်းတစ်စင်းသည် လက်ဘနွန်တောင်ပိုင်းရှိ အိမ်ခေါင်မိုးများပေါ်မှ ဝဲပျံလာပြီး ဗုံးဒဏ်သင့် ပျက်စီးနေသော အဆောက်အအုံများနှင့် မြေနီလမ်းများကြားတွင် တိကျစွာ မောင်းနှင် သွားသည်။ ထိုဒရုန်းသည် ၎င်းကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း မဟာမိတ်များထံ လက်နက်ရောင်းချမှု ဒေါ်လာ ၈ ဘီလီယံဖိုးကို ထရန့်အစိုးရ အမြန်အကောင်အထည်ဖော်

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၃)ရက် အစ္စရေး၊ ကာတာ၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နှင့် ကူဝိတ်နိုင်ငံတို့ထံ ဒေါ်လာဘီလီယံနှင့်ချီတန်ဖိုးရှိသော လက်နက်ရောင်းချမှုများကို ထရန့်အစိုးရက အမြန်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်များအရ သိရသည်။ စုစုပေါင်း လက်နက်တန်ဖိုးမှာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ဖြတ်သန်းသွားလာမှုကို ကန့်သတ်ရန် အီရန်နိုင်ငံ၏ အဆိုပြုဥပဒေတွင် မည်သည်အချက်များပါဝင်သနည်း (အီရန်နိုင်ငံပိုင်ရုပ်သံမှ သတင်းထုတ်ပြန်ချက်အရ)

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၃ရက် မစ်ချယ် မက်ကလပ်စကီး (Mitchell McCluskey) ရေးသားသည်။ အီရန်နိုင်ငံ၏ လွှတ်တော်သည် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) မှတစ်ဆင့် မည်သည့်သင်္ဘောများကို ဖြတ်သန်းခွင့်ပြုမည်ဆိုသည့်အပေါ် ကန့်သတ်ချက်များ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်လူထု အများစုက အီရန်စစ်ပွဲမှာ မှားယွင်းမှုတစ်ခုဖြစ်ကြောင်း ပြောဆိုနေကြဟု စစ်တမ်းအရ သိရ

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၂)ရက် ယနေ့ ထုတ်ပြန်လိုက်သော Washington Post/ABC News/Ipsos တို့၏ စစ်တမ်းတစ်ခုအရ အမေရိကန်နိုင်ငံသား ၁၀ ဦးတွင် ၆ ဦးက အီရန်အပေါ် အမေရိကန်က စစ်ရေးအင်အား အသုံးပြုခဲ့ခြင်းမှာ
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်အချို့ ရုပ်သိမ်းမည့်အစီအစဉ်မှာ “ ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပြောကြား

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ(၂)ရက် ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ် (Boris Pistorius) က အမေရိကန်၏ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမည့် ဆုံးဖြတ်ချက်မှာ “ ကြိုတင်မျှော်လင့်ထားပြီးသား” ဖြစ်သည်ဟု ပြောကြားလိုက်သည်။ လာမည့်နှစ်အတွင်း ဂျာမနီနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန် ဥရောပ

အီရန်နှင့် သဘောတူညီချက်ရယူခြင်း၏ အကျိုးကျေးဇူးများအပေါ် ထရန့် သံသယရှိ၊ စစ်ပွဲအပေါ် လူထုသဘောထားကို အမေရိကန်လူထုစစ်တမ်းက ဖော်ပြ

  • 2026 ခုနှစ်၊ မေလ 2 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊မေလ(၂)ရက် ဆွေးနွေးညှိနှိုင်းမှုများ တစ်ကျော့ပြန် အကျပ်ရိုက်နေချိန်တွင် အီရန်နှင့် သဘောတူညီချက် မရရှိခဲ့ပါက အမေရိကန်အတွက် “ ပို၍ အခြေအနေကောင်း” နိုင်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ နောက်ဆုံးရသတင်းများမှာ အောက်ပါအတိုင်း ဖြစ်သည် –