နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 6 ရက်

တရုတ်

တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံအနေနဲ့ အီရန်ကို ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့ တွန်းအားပေးနိုင်မလား။ အပြန်အလှန် တစ်ခုခုရမှသာ ဖြစ်နိုင်ပါလိမ့်မယ်

CNN- ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်

ပေကျင်းမြို့ — အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံ မြို့တော်သို့ မလာရောက်မီ ရက်ပိုင်းအလိုမှာပဲ အီရန်ထိပ်တန်း သံတမန်၏ ပေကျင်းခရီးစဉ် ပေါ်ပေါက်လာခြင်းက အဓိကမေးခွန်းတစ်ခုကို မီးမောင်းထိုးပြနေသည်- ၎င်းမှာ အမေရိကန်-အီရန် ပဋိပက္ခတွင် တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး ပွဲစားအဖြစ် တာဝန်ယူနိုင်ပါမည်လော။

မရေရာသော အပစ်အခတ်ရပ်စဲရေးနှင့် တစ်ချက်တစ်ချက် ရပ်တန့်နေသည့် သံတမန်ရေးရာ ကြိုးပမ်းမှုများကြောင့် ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေမည့် စစ်ပွဲအား အပြီးတိုင် အဆုံးသတ် နိုင်ခြင်း မရှိသေးချိန်တွင် တီဟီရန်နှင့် ဝါရှင်တန် နှစ်ဖက်စလုံးက ထွက်ပေါက်တစ်ခုကို ရှာဖွေနေကြသည်။

စာတွေ့အရဆိုလျှင် ပေကျင်းသည် ထိုအခန်းကဏ္ဍကို တာဝန်ယူရန် သိသာထင်ရှားသော ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။

တရုတ်သည် အီရန်၏ ရင်းနှီးသော သံတမန်ရေးနှင့် စီးပွားရေး မဟာမိတ်အဖြစ် ကာလ ရှည်ရပ်တည်လာခဲ့သည်- ထိုမဟာမိတ်ပြုမှုသည် အမေရိကန်နှင့် ဖြစ်ပေါ်နေသော ပွတ်တိုက်မှုများနှင့် ဈေးပေါသော ရေနံအပေါ် လိုလားမှုများအပေါ် အခြေခံထားခြင်း ဖြစ်သည်။ ထို့အပြင် တရုတ်သည် ဝါရှင်တန်နှင့်လည်း ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ထားဆဲဖြစ်ပြီး လာမည့်အပတ်တွင် သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံမည့် ထရမ့်ထံသို့ တိုက်ရိုက် စကားပြောဆိုနိုင်မည့် အခွင့်အရေးရှိနေသည်။

ထိုအချိန်ကိုက်မှုကြောင့်ပင် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီမှာ ပေကျင်းသို့ ရောက်ရှိလာခြင်းဖြစ်နိုင်ပြီး၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံစဉ် ပေကျင်း အနေဖြင့် “နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ချိုးဖောက်မှုများ” ကို တားဆီးပေးနိုင် လိမ့်မည်ဟု မျှော်လင့်ကြောင်း အီရန်ဘက်က ထုတ်ပြန်ချက်အရ သိရသည်။

ထရမ့်သည်လည်း ၎င်း၏ ခရီးစဉ်အတွင်း ရှီနှင့်တွေ့ဆုံရာတွင် ဤပဋိပက္ခအကြောင်းကို ဆွေးနွေးဖွယ်ရှိသည်- မူလက နိုင်ငံကြီးနှစ်ခုကြား စီးပွားရေးပြိုင်ဆိုင်မှုကိုသာ အာရုံစိုက်ရန် စီစဉ်ထားသော်လည်း ယခုအခါ အီရန်စစ်ပွဲက ထိုအစီအစဉ်ကို လွှမ်းမိုးထားသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကလည်း အင်္ဂါနေ့တွင် သတင်းထောက်များကို ပြောကြားရာ၌ တရုတ်အနေဖြင့် ဟော်မုဇ်ရေလက်ကြားအပေါ် အီရန်၏ တင်းကျပ်ထားမှုများ ကို လျှော့ချပေးရန် တွန်းအားပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်အရာရှိများ ကိုယ်တိုင်ကလည်း ရက်သတ္တပတ်ပေါင်းများစွာ အပစ်အခတ်ရပ်စဲရေး အတွက် တောင်းဆိုနေခဲ့ပြီး၊ ပြီးခဲ့သည့်လက ရှီကျင့်ဖျင် ထုတ်ပြန်ခဲ့သော အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် လေးချက်ပါ အဆိုပြုချက်အပါအဝင် ပေကျင်းကို အလားအလာရှိသော ငြိမ်းချမ်းရေးပွဲစားအဖြစ် ပုံဖော်နေကြသည်။

နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း အရတ်ဂ်ချီနှင့် တွေ့ဆုံစဉ် ပေကျင်း၏ ရပ်တည်ချက်ကို ထပ်လောင်းပြောဆိုခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်နိုင်ရန် ဆက်လက်ကူညီသွားမည် ဖြစ်ကြောင်းနှင့် “အရှေ့အလယ်ပိုင်းတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ပြန်လည်ရရှိရေး အတွက် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်သွားမည်” ဖြစ်ကြောင်း တရုတ်ဘက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တစ်ပတ်အတွင်း နှစ်ဖက်စလုံးကို မိမိဘက်သို့ ရောက်လာအောင် ဆွဲဆောင်နိုင်ခြင်းသည်ပင် ကမ္ဘာလုံးဆိုင်ရာ အင်အားကြီးနိုင်ငံအဖြစ် တရုတ်၏ အခန်းကဏ္ဍကို ခိုင်မာစေလိုသော ရှီ အတွက် အောင်မြင်မှုတစ်ခုဖြစ်သည်။ ကုန်ကျစရိတ်များသော စစ်ပွဲတွင် နစ်မွန်းနေပြီး လွယ်ကူသော အောင်မြင်မှုများကို ရှာဖွေနေသည့်၊ လူကြိုက်နည်းလာသော အမေရိကန် ခေါင်းဆောင်တစ်ဦးနှင့် ညှိနှိုင်းရခြင်းသည်လည်း ရှီအတွက် မနှစ်မြို့စရာ အနေအထား မဟုတ်ပေ။

အမေရိကန်၏ လအတော်ကြာ အီရန်နှင့် ဖြစ်ပွားနေသော ပဋိပက္ခသည် မိမိတို့၏ ညှိနှိုင်းနိုင် စွမ်းကို ပိုမိုအားကောင်းလာစေသည်ဟု ပေကျင်းက သတိကြီးစွာဖြင့် ရှုမြင်ထားကြောင်း တရုတ်သတင်းရင်းမြစ်အချို့က CNN သို့ ပြောကြားခဲ့သည်။

ထိုသတင်းရင်းမြစ်များအရ၊ ဤအခြေအနေသည် ထရမ့်အတွက် ခက်ခဲဖွယ်ရှိသော ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ တရုတ်အတွက် ထူးခြားသော အခွင့်အလမ်းတစ်ခု ဖြစ်လာနိုင်သည်။ သမ္မတ ထရမ့်သည် အမေရိကန် လယ်ယာထွက်ကုန်များနှင့် ဘိုးအင်း (Boeing) လေယာဉ်များကို တရုတ်က အလုံးအရင်းနှင့် ဝယ်ယူခြင်းကဲ့သို့သော လက်ဆုပ် လက်ကိုင်ပြနိုင်သည့် အောင်မြင်မှုများကို အမေရိကန်မဲဆန္ဒရှင်များအား ပြသလိုစိတ် ပြင်းပြ နေသောကြောင့် ဖြစ်သည်။

သို့သော် ပေကျင်းအနေဖြင့် စစ်ပွဲကြောင့် ဖြစ်ပေါ်လာမည့် စီးပွားရေးအန္တရာယ်များနှင့် အမေရိကန်၏ အစားထိုး ကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်လာစေရန် ရေရှည်ရည်မှန်းချက်များကို ချိန်ညှိနေရချိန်တွင်၊ နှစ်ဖက်စလုံး ငြိမ်းချမ်းရေးရရှိစေရန် မည်မျှအထိ ဖိအားပေးမည်နည်း ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။

တရုတ်သည် အီရန်အရေးတွင် ထူးခြားမှုတစ်ခု ဖန်တီးနိုင်ပါမည်လော။

အနောက်နိုင်ငံများ၏ အယူအဆအရ အမေရိကန်စစ်တပ်သည် ကမ္ဘာ့အခြားတစ်နေရာတွင် အလုပ်များနေလျှင် ပေကျင်းက အလိုအလျောက် ပျော်ရွှင်နေလိမ့်မည်ဟု ယူဆလေ့ရှိ သော်လည်း၊ တရုတ်အနေဖြင့် ဤပဋိပက္ခကို အဆုံးသတ်လိုသည့် ခိုင်လုံသော အကြောင်းရင်း များ ရှိနေသည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သော တရုတ်သည် ၎င်း၏ ကြီးမားသော ရေနံသိုလှောင်မှု၊ စွမ်းအင်ဖူလုံမှုနှင့် အစိမ်းရောင်စွမ်းအင်သို့ စောစီးစွာ ကူးပြောင်းနိုင်မှု တို့ကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် အမေရိကန် မဟာမိတ်များ ကြုံတွေ့နေရသည့် ကမ္ဘာ့ရေနံအကျပ်အတည်းမှ အတော်အတန် ကင်းလွတ်နေခဲ့သည်။

သို့သော် စစ်ပွဲကြာရှည်လာသည်နှင့်အမျှ ထိုသိုလှောင်မှုများ လျော့နည်းလာပြီး ရှီအစိုးရ ဦးစားပေးထားသော စွမ်းအင်လုံခြုံရေးကို ထိခိုက်လာနိုင်သည်။ ရေနံပြတ်လပ်မှု မရှိသေးသော်လည်း တရုတ်စီးပွားရေးသည် မြင့်တက်လာသော လောင်စာဆီစရိတ်ဒဏ်ကို ခံနေရဆဲဖြစ်ပြီး၊ အစိုးရက နိုင်ငံပိုင်ရေနံကုမ္ပဏီများကို ထိုစရိတ်များအတွက် ခုနှိမ်ပေးရန် တောင်းဆိုထားရသည်။ စစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေး ကျဆင်းလာပါက ပို့ကုန်ကို အဓိကအားထားရသော တရုတ်စီးပွားရေးကိုလည်း ထိခိုက်စေမည် ဖြစ်သည်။

ထို့အပြင် စစ်ပွဲကြောင့် အမေရိကန်-တရုတ် ဆက်ဆံရေး ထိခိုက်လာမည်ကိုလည်း စိုးရိမ်မှုများ ရှိနေသည်။ မိမိတို့၏ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များအပေါ် ပွတ်တိုက်မှု လျော့နည်းစေရန် ဝါရှင်တန်နှင့် ဆက်ဆံရေးကို တည်ငြိမ်အောင် ထိန်းထားလိုခြင်း ဖြစ်သည်။

တရုတ်သည် ပဋိပက္ခကာလအတွင်း အီရန်ရေနံကို ဆက်လက်ဝယ်ယူခဲ့ပြီး၊ ပြီးခဲ့သည့်လက တစ်ရက်လျှင် ဘာရယ်တစ်သန်းကျော် ဆက်လက်တင်သွင်းခဲ့ကြောင်း လေ့လာသူများက ဆိုသည်။ ဤရေနံများသည် အမေရိကန်၏ ဟော်မုဇ်ရေတပ်ပိတ်ဆို့မှု ဒဏ်မသင့်သော၊ အာရှတွင်ရှိပြီးသား ရေပေါ်သိုလှောင်ရုံများမှ ထုတ်ယူခြင်း ဖြစ်သည်။

အမေရိကန်သည် မကြာသေးမီ သီတင်းပတ်များအတွင်း တရုတ်၏ ဝယ်ယူမှုများအပေါ် စီးပွားရေးအရ ဖိအားပေးမှုများ တိုးမြှင့်ခဲ့သည်။ ပြီးခဲ့သည့်နှစ်က အီရန်ပို့ကုန်၏ ၉၀ ရာခိုင်နှုန်း ကျော်မှာ တရုတ်သို့ တင်ပို့ခြင်းဖြစ်ရာ ပေကျင်းအနေဖြင့် အီရန်အပေါ် စီးပွားရေး အရ ဩဇာညောင်းမှု အတော်အတန် ရှိနေသည်။

အမေရိကန်သည် ပြီးခဲ့သည့်လက အီရန်ရေနံစိမ်းကို အဓိကဝယ်ယူနေသည့် တရုတ်ဓာတု ဗေဒ ကုမ္ပဏီကြီးတစ်ခုကို နာမည်ပျက်စာရင်း သွင်းခဲ့သည်။ ပေကျင်းကလည်း တုံ့ပြန်မှု အနေဖြင့် ပြည်တွင်းကုမ္ပဏီများကို အမေရိကန်၏ ပိတ်ဆို့မှုများကို မလိုက်နာရန် ရှားရှား ပါးပါး အမိန့်ထုတ်ခဲ့သည်။

တရုတ်အနေဖြင့် အီရန်နှင့် ၎င်း၏ သံတမန်ရေးရာ ကြိုးပမ်းမှုများကို ပြသခြင်းအားဖြင့် ဝါရှင်တန်ကို ကူညီရန် စေတနာမှန်ဖြင့် ကြိုးစားနေကြောင်း ပြသကာ ထရမ့်၏ ယုံကြည်မှုကို ရယူလိုဟန် ရှိသည်။

သို့သော် အမေရိကန်ထံမှ ရှင်းလင်းသော အကျိုးခံစားခွင့်များ မရရှိဘဲနှင့် ပေကျင်းက အီရန်ကို အမေရိကန်၏ တောင်းဆိုချက်များ လိုက်လျောရန် အပြင်းအထန် ဖိအားပေး လိမ့်မည်ဟု လေ့လာသူများက မယုံကြည်ကြပေ။

တစ်ချက်မှာ ပေကျင်းအနေဖြင့် တီဟီရန်အပေါ် ၎င်း၏ ဩဇာသက်ရောက်မှုအပေါ် ယုံကြည်မှု နည်းပါးခြင်း ဖြစ်နိုင်သည်။ ထို့အပြင် တရုတ်သည် ယခုပဋိပက္ခတွင် အမေရိကန်ကို ဝေဖန်ရာ၌ ထိန်းထိန်းသိမ်းသိမ်း ရှိနေသော်လည်း၊ ဤစစ်ပွဲသည် ဝါရှင်တန်ကသာ ဖြေရှင်းရမည့် ကိစ္စဖြစ်သည်ဟု ကာလရှည် ရပ်တည်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် တရုတ်သည် ရေနံဝယ်ယူမှုဖြင့် အီရန်အပေါ် စီးပွားရေးအရ ဖိအားပေးနိုင်စွမ်း ရှိသော်လည်း၊ ကမ္ဘာ့ရေနံအကျပ်အတည်း ဖြစ်နေချိန်တွင် တရုတ် ကိုယ်တိုင်ကလည်း ထိုရေနံများကို လိုအပ်နေဆဲ ဖြစ်သည်။

(ဓာတ်ပုံစာ) – တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (ညာဘက် ဒုတိယ) သည် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီ (ဝဲ) နှင့် ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်၊ ဗုဒ္ဓဟူးနေ့က ပေကျင်းတွင် တွေ့ဆုံစဉ်။ ဓာတ်ပုံ – Cai Yang/Xinhua/AP)

(ဓာတ်ပုံစာ)တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (ညာဘက် ဒုတိယ) သည် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီ (ဝဲ) နှင့် ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်၊ ဗုဒ္ဓဟူးနေ့က ပေကျင်းတွင် ပြုလုပ်သည့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲအတွင်း စကားပြောဆိုနေစဉ်။ ဓာတ်ပုံ – Cai Yang/Xinhua/AP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

တောင်ပိုင်းလက်ဘနွန်တစ်ခွင် တိုက်ခိုက်မှုများပြုလုပ်ကြောင်း အစ္စရေးစစ်တပ် ကြေညာချက်ထုတ်ပြန်စဉ်အတွင်း ကျေးရွာသူကြီးအပါအဝင် ၆ ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 14 Views
CNN-၂၀၂၆ခုနှစ်၊ မေလ၆ရက် လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး၏ အသစ်တစ်ဖန် တိုက်ခိုက်မှုများကြောင့် လူ ၆ ဦး သေဆုံးပြီး ၃ ဦး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ ထရမ့်ပြောကြား၊ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုများ

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 16 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၆ရက် မကြာသေးမီရက်ပိုင်းအတွင်း ရေကြောင်းလမ်းနဲ့ပတ်သက်ပြီး တင်းမာမှုတွေ ရှိနေပေမယ့်လည်း အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ”
အမေရိကန် အရှေ့အလယ်ပိုင်း

ရေနံချက်စက်ရုံတွင် ‘မီးအကြီးအကျယ်လောင်ကျွမ်းမှု’ ဖြစ်ပွားပြီးနောက် အာရပ်စော်ဘွား များပြည်နယ် (UAE) က အီရန်အား တိုက်ခိုက်မှုများပြုလုပ်သည်ဟု စွပ်စွဲလိုက်ခြင်း

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 22 Views
Al Jazeera -၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အီရန်ဒရုန်းတစ်စင်းကြောင့် ဖူဂျေရာ (Fujairah) ရေနံလုပ်ငန်းဇုန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ အာရပ်စော်ဘွားများပြည်နယ် (UAE) သည်
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး အလမ် (Sadre Alam) သည် အိန္ဒိယနိုင်ငံအတွက် စစ်ပွဲဝင်ခဲ့သူဖြစ်သည်။ ဆူပရာဘူဒါ ဆင်းန်
နိုင်ငံတကာသတင်း အမေရိကန်

အီလွန်မတ်စ် နှင့် ဆမ်အော့တ်မန်းတို့၏ တရားရင်ဆိုင်မှု ပထမနေ့မှ အချက်အလက်များ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့သတင်းကိုဘာသာပြန်သည်။ ကယ်လီဖိုးနီးယားပြည်နယ်၊ အုတ်ကလန်မြို့ —ကယ်လီဖိုးနီးယားပြည်နယ်၊ အုတ်ကလန် တရားရုံးခန်းအတွင်း ChatGPT ထုတ်လုပ်သည့် OpenAI ၏ ခေါင်းဆောင်များဖြစ်ကြသော ဆမ်အော့တ်မန်း (Sam Altman) နှင့်
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

မော်စကိုရှိ လူသူကင်းမဲ့နေသော ဈေးဝယ်စင်တာတစ်ခုက ရုရှား၏ စီးပွားရေး အကျပ် အတည်းကို လှစ်ဟဖော်ပြနေခြင်း

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၄ ရက် မော်စကိုမြို့ ဆင်ခြေဖုံးရှိ ခမ်းနားထည်ဝါသော ဈေးဝယ်စင်တာတစ်ခု၏ အတွင်းခန်းမထဲတွင် မြူးကြွသော ပေါ့ပ်တေးဂီတသံများ ကျယ်လောင်စွာ ထွက်ပေါ်နေသည်။ သို့သော်ဈေးဝယ်သူ များ ဖြင့် စည်ကားသိုက်မြိုက်နေစေရန်
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လုပ်ကြံခံရမှုနှင့် အာဏာသိမ်းရန် ကြိုးပမ်းမှုများကို စိုးရိမ်သဖြင့် ကရင်မလင်က ပူတင်၏ လုံခြုံရေးကို တင်းကျပ်ထားကြောင်း ထောက်လှမ်းရေးအစီရင်ခံစာတွင် ဖော်ပြ

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၄ ရက် ရုရှားထိပ်တန်းစစ်ဘက်အရာရှိများ ဆက်တိုက်လုပ်ကြံခံရမှုနှင့် အာဏာသိမ်းရန် ကြိုးပမ်းမှု များ ဖြစ်လာနိုင်သည်ကို စိုးရိမ်သဖြင့် သမ္မတ ဗလာဒီမာ ပူတင်၏ ကိုယ်ရံတော်လုံခြုံရေးကို ကရင်မလင်က သိသိသာသာ
တရုတ် နိုင်ငံတကာသတင်း အာရှ

စိတ်အပန်းဖြေဆိုင်ရာသုံးဒရုန်းများ စတင်ရာ တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် ယခုအခါ ဒရုန်းဝယ်ယူ၍ မရတော့ပါ

  • 2026 ခုနှစ်၊ မေလ 3 ရက်
  • 31 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၃)ရက်။ ပေကျင်းမြို့ — ကမ္ဘာ့အကြီးဆုံး ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီ DJI ၏ ပေကျင်းမြို့ရှိ အထင်ကရအရောင်းဆိုင်ကြီးတွင် ယခင်က နာမည်ကြီးဒရုန်းများဖြင့် ပြည့်နှက်နေခဲ့သော ပြကွက်စင်များမှာ ယခုအခါ အမြင်မတော်လောက်အောင်ပင် ဟောင်းလောင်းဖြစ်နေသည်။ တရုတ်နိုင်ငံ၏