နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 8 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အိုမန်ပင်လယ်ကွေ့အတွင်း ‘စည်းကမ်းဖောက်ဖျက်သော’ ရေနံတင်သင်္ဘောအား သိမ်းဆည်းခဲ့ကြောင်း အီရန် ပြောကြား

Aljazeera- ၂၀၂၆ခုနှစ်၊ မေလ ၈ရက်

အီရန်အစိုးရရုပ်သံလိုင်းက IRGC တပ်ဖွဲ့ဝင်များ ဘာဘေးဒိုးစ်အလံတင် Ocean Koi သင်္ဘောပေါ်သို့ တက်ရောက်စီးနင်းပြီး ထိန်းသိမ်းလိုက်သည့် ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့သည်။

အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ် (IRGC) သည် အိုမန်ပင်လယ်ကွေ့အတွင်း “ အထူးစစ်ဆင်ရေး” တစ်ခုပြုလုပ်ကာ Ocean Koi အမည်ရှိ ရေနံတင်သင်္ဘောကို ဖမ်းဆီးခဲ့ကြောင်းနှင့် အဆိုပါသင်္ဘောမှာ “ ရေနံတင်ပို့မှုနှင့် အီရန်နိုင်ငံ၏ အကျိုးစီးပွားကို အနှောင့်အယှက်ပေးရန်” ကြိုးပမ်းခဲ့ကြောင်း အစိုးရမီဒီယာများအရ သိရသည်။

Fars သတင်းဌာနက ဖော်ပြသော ထုတ်ပြန်ချက်တွင် အီရန်ရေတပ်မှ “ ကွန်မန်ဒိုများနှင့် မရိန်းတပ်ဖွဲ့ဝင်များသည် စည်းကမ်းဖောက်ဖျက်သော အဆိုပါသင်္ဘောကို နိုင်ငံတောင်ဘက် ကမ်းရိုးတန်းသို့ ဦးတည်ခေါ်ဆောင်သွားခဲ့သည်” ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

IRNA သတင်းဌာန၏ ဖော်ပြချက်အရ စစ်တပ်က ထုတ်ပြန်သော ကြေညာချက်တွင် “ မိမိတို့နိုင်ငံ၏ ပိုင်နက်ရေပြင်အတွင်း အီရန်နိုင်ငံ၏ အကျိုးစီးပွားနှင့် ပိုင်ဆိုင်မှုများကို အင်အားသုံးကာ ကာကွယ်သွားမည်ဖြစ်ပြီး၊ မည်သည့် ချိုးဖောက်သူ သို့မဟုတ် ကျူးကျော်သူ မည်သူကိုမဆို သည်းခံသွားမည်မဟုတ်ကြောင်း” ပါရှိသည်။

အစိုးရရုပ်သံလိုင်းသည် အီရန်တပ်ဖွဲ့ဝင်များ သင်္ဘောပေါ်သို့ တက်ရောက်စီးနင်းသည့် ဗီဒီယို ကို ထုတ်ပြန်ခဲ့သည်။ Marine Tracker ၏ အချက်အလက်များအရ အဆိုပါသင်္ဘောမှာ ဘာဘေးဒိုးစ် (Barbados) နိုင်ငံတွင် မှတ်ပုံတင်ထားခြင်းဖြစ်သည်။

တီဟီရန်မှ သတင်းပေးပို့သော Al Jazeera သတင်းထောက် Resul Serder က IRGC အနေဖြင့် သင်္ဘောများကို ယခုကဲ့သို့ သိမ်းဆည်းခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ကြောင်း၊ ပါရှန်ပင်လယ်ကွေ့ နှင့် အိုမန်ပင်လယ်ကွေ့ကို ဆက်သွယ်ပေးထားသော ဟော်မုဇ်ရေ လက်ကြား (Strait of Hormuz) အတွင်း အတည်ပြုနိုင်သော ဖြစ်စဉ် သုံးခုရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော် ယခုဖြစ်စဉ်မှာ အီရန်၏ ရပ်တည်ချက် ပြောင်းလဲလာမှုကို ပြသနေသည်ဟု သူက ရှင်းပြသည်။

“ စစ်ပွဲကြောင့် ဒေသတွင်း မဟာဗျူဟာမြောက် ပတ်ဝန်းကျင် ပြောင်းလဲသွားပြီဆိုတာကို အီရန်တွေက မြင်လာကြတယ်၊ ဒီရေလက်ကြားတွေနဲ့ ပင်လယ်ကွေ့ဟာ ငါတို့ရဲ့ အမျိုးသား လုံခြုံရေးကို ဆန့်ကျင်ဖို့ အသုံးချခံနေရတယ်လို့ ယူဆနေကြတယ်” ဟု Serder က ဆိုသည်။

ရေကြောင်းဆိုင်ရာ စနစ်သစ်’

အီရန်သည် “ စည်းမျဉ်းသစ်များ၊ လုပ်ထုံးလုပ်နည်းသစ်များနှင့် ပရိုတိုကောအသစ်များ” ပါဝင်သည့် “ ရေကြောင်းဆိုင်ရာ စနစ်သစ်” (New Maritime Regime) တစ်ခုကို ဖော်ဆောင် နေကြောင်း သူက ဆိုသည်။

အဆိုပါ ယန္တရားအသစ်ကို “ ပါရှန်ပင်လယ်ကွေ့ ရေလက်ကြား အာဏာပိုင်အဖွဲ့” (Persian Gulf Strait Authority) ဟု ခေါ်ဆိုမည်ဖြစ်ပြီး ဟော်မုဇ်ရေလက်ကြားအတွင်း ဖြတ်သန်း သွားလာမှုများကို စီမံခန့်ခွဲသွားမည်ဖြစ်သည်။

“ အခုပဲ ထုတ်ပြန်လိုက်တဲ့ စည်းမျဉ်းအသစ်တွေအရ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်း ဝင်ထွက်သွားလာမယ့် ဘယ်သင်္ဘောမဆို အီရန်တပ်ဖွဲ့တွေဆီကနေ အပြည့်အဝ ညှိနှိုင်း ဆောင်ရွက်မှုနဲ့ ခွင့်ပြုချက် ရယူရမှာ ဖြစ်ပါတယ်” ဟု Serder က ပြောကြားသည်။

ကမ္ဘာ့ရေနံ ငါးပုံတစ်ပုံခန့် ဖြတ်သန်းသွားလာနေကျဖြစ်သော အဆိုပါ ရေလမ်းကြောင်းကို အသုံးပြုမည့် သင်္ဘောများသည် ၎င်းတို့၏ မူရင်းနိုင်ငံ၊ တင်ဆောင်လာသည့် ကုန်ပစ္စည်းနှင့် နောက်ဆုံးဦးတည်ရာတို့ကို အသေးစိတ်ဖော်ပြပြီး အီရန်အာဏာပိုင်များထံ အီးမေးလ် ပေးပို့ရမည်ဖြစ်သည်။ ထို့နောက် အီရန်က စစ်ဆေးအကဲဖြတ်ပြီး ဖြတ်သန်းခ (Toll fees) ပေးဆောင်ရန် တောင်းဆိုမည်ဖြစ်သည်။

“ ဒါဟာ ရေကြောင်းဆိုင်ရာ စနစ်သစ်တစ်ခုပါ။ အီရန်ဟာ ဟော်မုဇ်ရေလက်ကြားအပေါ်မှာ သူ့ရဲ့ အချုပ်အခြာအာဏာကို လက်လွှတ်မှာ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။

ယခုကဲ့သို့ ရဲဝံ့သော လုပ်ရပ်မှာ “ ဒီလို မဟာဗျူဟာမြောက် လမ်းကြောင်းတွေကို အီရန်က ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း၊ သူတို့ရဲ့ ခွင့်ပြုချက်မပါဘဲ ဘယ်သင်္ဘောမှ ဝင်ထွက်ခွင့်မရှိ ကြောင်း” ပြသနေသဖြင့် ပြယုဂ်တစ်ခုလည်း ဖြစ်သည်ဟု ဆိုသည်။

နိုင်ငံရေး သြဇာ’

ကာကွယ်ရေးဆိုင်ရာ လေ့လာဆန်းစစ်သူ Alex Alfirraz Scheers က Al Jazeera သို့ ပြောကြားရာတွင် ယခုကဲ့သို့ သင်္ဘောကို ဖမ်းဆီးခြင်းဖြင့် IRGC သည် “ ရေလက်ကြား အတွင်း ၎င်း၏ စွမ်းဆောင်ရည်နှင့် အာဏာကို ပြသနေခြင်းဖြစ်ပြီး၊ ယခင်က မလုပ်နိုင်ခဲ့သော အာဏာစက်ကို ယခုအခါ ပြသနိုင်ပြီဖြစ်ကြောင်း” ဆိုသည်။

IRGC သည် ရေလက်ကြားကို “ လက်ခံနိုင်စရာမရှိဘဲ အန္တရာယ်များသော” နေရာဖြစ်အောင် ပြုလုပ်ရန် “ ရေလက်ကြားကို ထိန်းချုပ်ခြင်း” နည်းလမ်းကို အသုံးချနေကြောင်း၊ ယင်းမှာ ၎င်းတို့တွင် “ မဟာဗျူဟာမြောက် သြဇာ” နှင့် “ နိုင်ငံရေး သြဇာ” ရှိကြောင်း ပြသရန် လုံလောက်သည်ဟု သူက ရှင်းပြသည်။

Scheers က ယခုဖြစ်စဉ်ကို မရေမရာဖြစ်နေသော ဆွေးနွေးပွဲများနှင့် ဆက်စပ်ပြခဲ့ပြီး အကယ်၍ အမေရိကန်သည် ဖြစ်နိုင်ခြေရှိသော သဘောတူညီချက်အပေါ် လိုက်လျောရန် ဆန္ဒမရှိပါက “ အခြေအနေတွေကို သူတို့ဘက်က အသာစီးရအောင် IRGC အနေနဲ့ ဒီလိုမျိုး လုပ်ဆောင်လာတာဖြစ်နိုင်တယ်” ဟု သုံးသပ်ခဲ့သည်။


၂၀၂၃ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့က အဘူမူဆာကျွန်းတွင် လေ့ကျင့်ခန်းတစ်ခု ပြုလုပ်စဉ် လှုပ်ရှားနေသော အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ရေတပ်၏ အမြန်နှုန်းမြင့် လှေများ။ [ဓာတ်ပုံ-ရိုက်တာ]

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲမှ ထွက်ပေါက်ရှာနေတဲ့ ထရမ့် မိမိရဲ့ ဗျူဟာနဲ့ ချောက်ပိတ်မိနေ

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 46 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၇)ရက် အကယ်၍ စကားလုံးများဖြင့် စစ်တိုက်၍ရပါက ဒေါ်နယ်ထရမ့်၏ အီရန်ပဋိပက္ခမှာ ဟိုးယခင် ကတည်းက ပြီးဆုံးသွားလောက်ပြီ
နိုင်ငံတကာသတင်း အမေရိကန်

ဂျက်ဖရီ အက်ပ်စတိန်း၏ သေတမ်းစာဟု ယူဆရသည့် မှတ်တမ်းကို အမေရိကန် တရားသူကြီးတစ်ဦး ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 33 Views
BBC – ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) မသေဆုံးမီ တစ်လအလိုတွင် ရေးသားခဲ့သည်ဟု ယူဆရသော သေတမ်းစာမှတ်တမ်းကို ထုတ်ပြန်ရန် အမေရိကန်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံအနေနဲ့ အီရန်ကို ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့ တွန်းအားပေးနိုင်မလား။ အပြန်အလှန် တစ်ခုခုရမှသာ ဖြစ်နိုင်ပါလိမ့်မယ်

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 39 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက် ပေကျင်းမြို့ — အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံ မြို့တော်သို့ မလာရောက်မီ ရက်ပိုင်းအလိုမှာပဲ အီရန်ထိပ်တန်း သံတမန်၏ ပေကျင်းခရီးစဉ် ပေါ်ပေါက်လာခြင်းက အဓိကမေးခွန်းတစ်ခုကို မီးမောင်းထိုးပြနေသည်-
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

တောင်ပိုင်းလက်ဘနွန်တစ်ခွင် တိုက်ခိုက်မှုများပြုလုပ်ကြောင်း အစ္စရေးစစ်တပ် ကြေညာချက်ထုတ်ပြန်စဉ်အတွင်း ကျေးရွာသူကြီးအပါအဝင် ၆ ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 34 Views
CNN-၂၀၂၆ခုနှစ်၊ မေလ၆ရက် လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး၏ အသစ်တစ်ဖန် တိုက်ခိုက်မှုများကြောင့် လူ ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် အမျိုးသားသတင်းအေဂျင်စီ (NNA) က ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အစ္စရေးစစ်တပ်သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ ထရမ့်ပြောကြား၊ အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုများ

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 35 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၆ရက် မကြာသေးမီရက်ပိုင်းအတွင်း ရေကြောင်းလမ်းနဲ့ပတ်သက်ပြီး တင်းမာမှုတွေ ရှိနေပေမယ့်လည်း အီရန်နဲ့ ဆွေးနွေးမှုတွေမှာ “ကြီးမားတဲ့ တိုးတက်မှုတွေ” ရှိနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဟော်မုဇ်ရေလက်ကြား (Strait of
အမေရိကန် အရှေ့အလယ်ပိုင်း

ရေနံချက်စက်ရုံတွင် ‘မီးအကြီးအကျယ်လောင်ကျွမ်းမှု’ ဖြစ်ပွားပြီးနောက် အာရပ်စော်ဘွား များပြည်နယ် (UAE) က အီရန်အား တိုက်ခိုက်မှုများပြုလုပ်သည်ဟု စွပ်စွဲလိုက်ခြင်း

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 42 Views
Al Jazeera -၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အီရန်ဒရုန်းတစ်စင်းကြောင့် ဖူဂျေရာ (Fujairah) ရေနံလုပ်ငန်းဇုန်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ အာရပ်စော်ဘွားများပြည်နယ် (UAE) သည်
နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတွင် မဲစာရင်းများ ပယ်ဖျက်ခံရသဖြင့် လူပေါင်းများစွာ မဲပေးခွင့် ဆုံးရှုံးနေ

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက် အိန္ဒိယနိုင်ငံ၊ မူရှီဒါဘတ် နှင့် ကာလကတ္တားမြို့ ဆာဒရေး အလမ် (Sadre Alam) သည် အိန္ဒိယနိုင်ငံအတွက် စစ်ပွဲဝင်ခဲ့သူဖြစ်သည်။ ဆူပရာဘူဒါ ဆင်းန်