နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား အာဖရိက

သူပုန်များက ပူတင်၏တပ်များကို အရေးပါသော အာဖရိကမြို့တစ်မြို့မှ မောင်းထုတ်၊ ရုရှား၏ ဒေသတွင်းဩဇာ လျော့ပါးလာနေ

CNN-၂၀၂၆ခုနှစ်၊ မေလ ၁၁ရက်

အဘူဂျာ (Abuja) — ပြီးခဲ့သည့်လက မာလီနိုင်ငံမြောက်ပိုင်းရှိ မဟာဗျူဟာမြောက် ခံတပ်မြို့ ဖြစ်သော ကီဒယ် (Kidal) မှ ရုရှားတပ်ဖွဲ့များ ဆုတ်ခွာသွားခဲ့ရသည်။ ၎င်းတို့ က နှိမ်နင်းရန် သွားရောက်ခဲ့သည့် သူပုန်များ၏ လှောင်ပြောင်ကျိန်ဆဲမှုများကြားမှ ဆုတ်ခွာခဲ့ရခြင်းဖြစ်ပြီး ယင်းသည် နယ်မြေဆုံးရှုံးရုံသာမကဘဲ အခြားအရာများစွာကိုပါ ဆုံးရှုံးလိုက်ရခြင်းဖြစ်သည်။

အာဖရိက ဆာဟေးလ် (Sahel) ဒေသ၏ ထိပ်တန်းလုံခြုံရေးမိတ်ဖက်အဖြစ် ရုရှား၏ ကရင်မလင်ကျောထောက်နောက်ခံပြု အာဖရိကတပ်ဖွဲ့ (Africa Corps) ၏ ဆုတ်ခွာမှုမှာ အရှက်ရဖွယ် ထိုးနှက်ချက်ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

ဧပြီလ ၂၅ ရက်နေ့တွင် အယ်လ်ကိုင်ဒါးနှင့် ဆက်နွှယ်သည့် လက်နက်ကိုင်များနှင့် မြောက်ပိုင်း တူအာရက်ဂ် (Tuareg) ခွဲထွက်ရေးသူပုန်များက တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြပြီးနောက် မာလီနိုင်ငံသည် ပရမ်းပတာအခြေအနေသို့ ပိုမိုသက်ဆင်းသွားခဲ့သည်။ ယင်းသူပုန်နှစ်ဖွဲ့၏ ပူးပေါင်းမှုကြောင့် မာလီမြောက်ပိုင်းရှိ စစ်အခြေစိုက်စခန်း အများအပြားကို အလျင်အမြန် သိမ်းပိုက်နိုင်ခဲ့သည်။

ကီဒယ်မြို့တွင် ဝိုင်းရံပိတ်ဆို့ခြင်းခံရပြီးနောက် ဝဂ္ဂနာ (Wagner) အဖွဲ့ကို အစားထိုးကာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် လုပ်ဆောင်နေသည့် အာဖရိကတပ်ဖွဲ့သည် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ရေးအတွက် လက်နက်ကိုင်များနှင့် ညှိနှိုင်းခဲ့ရသည်။ ယင်းဖြစ်ရပ်သည် မိတ်ဖက်များကို အကာအကွယ်ပေးနိုင်စွမ်း ရှိသည် ဟူသော ရုရှား၏ ကတိကဝတ်များအပေါ် ကန့်သတ်ချက်များရှိနေကြောင်းကို မီးမောင်း ထိုးပြနေသည်။

ကီဒယ်မြို့သည် မြို့တော် ဘာမာကို (Bamako) ၏ အရှေ့မြောက်ဘက် မိုင် ၁,၀၀၀ ခန့် အကွာတွင် တည်ရှိပြီး ၂၀၂၃ ခုနှစ်တွင် မာလီစစ်တပ်နှင့် ရုရှားကြေးစားစစ်သားများက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ယင်းအောင်ပွဲသည် အာဖရိကရှိ အနောက်အုပ်စု၏ ကြိုးပမ်းမှုများအပေါ် ရုရှား၏ လွှမ်းမိုးမှုကို ပြယုဂ်အဖြစ် ဖော်ပြခဲ့ကြသည်။

မာလီကာကွယ်ရေးဝန်ကြီး လုပ်ကြံခံရမှုနှင့် တုံ့ပြန်မှုများ

မာလီနိုင်ငံသည် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုများနောက်ပိုင်း စစ်အစိုးရက အုပ်ချုပ် နေခြင်းဖြစ်သည်။ ပြင်သစ်တပ်ဖွဲ့များနှင့် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့များကို နှင်ထုတ်ခဲ့ပြီးနောက် မာလီစစ်အစိုးရသည် လုံခြုံရေးအတွက် မော်စကိုဘက်သို့ လှည့်ခဲ့သည်။ သို့သော် ကီဒယ်မြို့ ကျဆုံးခြင်းက ထိုမဟာဗျူဟာ၏ အားနည်းချက်ကို ဖော်ထုတ်လိုက် သကဲ့သို့ ဖြစ်နေသည်။

ဧပြီလ ၂၆ ရက်နေ့တွင် အာဇာဝပ်လွတ်မြောက်ရေးတပ်ဦး (FLA) က ကီဒယ်မြို့မှ ရုရှားတပ် များ ထာဝရထွက်ခွာရန် သဘောတူညီမှုရရှိခဲ့ပြီး မြို့မှာ “ယခုအခါ လွတ်လပ်သွားပြီ” ဟု ကြေညာခဲ့သည်။ ထို့နောက်တွင်လည်း မာလီကာကွယ်ရေးဝန်ကြီး ဆာဒီယို ကာမာရာ (Sadio Camara) သည် မြို့တော်အနီးရှိ သူ၏နေအိမ်၌ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြင့် လုပ်ကြံခံခဲ့ရ သည်။ ကာမာရာသည် ရုရှားတွင် စစ်ပညာသင်ကြားခဲ့သူဖြစ်ပြီး မာလီနှင့် ရုရှားအကြား ဆက်ဆံရေးခိုင်မာအောင် လုပ်ဆောင်ခဲ့သူဖြစ်သဖြင့် ၎င်းသေဆုံးမှုမှာ စစ်အစိုးရအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်သည်။

ရုရှား၏ ကတိကဝတ်များ ပြည့်မီခြင်းမရှိ

ရုရှား၏ အာဖရိကမူဝါဒမှာ များသောအားဖြင့် “အရင်းအမြစ်များအတွက် လုံခြုံရေးပေးခြင်း” (Security for resources) ဖြစ်သည်။ သို့သော်လည်း ရုရှား၏ လုံခြုံရေးပုံစံမှာ နက်ရှိုင်းလှ သော ဆာဟေးလ်ဒေသ ပဋိပက္ခများအတွက် ရေပေါ်ဆီအဖြေရှာမှုသာဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။

ကွန်ရက်အဒီနောဖောင်ဒေးရှင်း (Konrad Adenauer Foundation) မှ အာဖရိကဒေသဆိုင်ရာ အကြီးအကဲ အော့ဖ် လေးဆင်း (Ulf Laessing) က “မာလီမှာ ရုရှားတွေရဲ့ တစ်ခုတည်းသော အောင်ပွဲက ၂၀၂၃ မှာ ကီဒယ်မြို့ကို သိမ်းနိုင်ခဲ့တာပဲရှိတယ်” ဟု ပြောကြားခဲ့သည်။

ကီဒယ်မြို့ ကျဆုံးခြင်းနှင့် ရုရှားတပ်များ အရှက်တကွဲဆုတ်ခွာခဲ့ရခြင်းမှာ ပူတင်၏ အာဖရိက ရည်မှန်းချက်များအပေါ် သိသာထင်ရှားသော ဂုဏ်သိက္ခာကျဆင်းမှု ဖြစ်စေခဲ့သည်။

မာလီ၏ ရှေ့ဆက်ရမည့် လမ်းကြောင်း

မလုံခြုံမှုများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ မာလီစစ်အစိုးရသည် မဟာဗျူဟာမြောက် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ မာလီ၊ ဘာကီးနားဖားဆိုနှင့် နိုင်ဂျာတို့သည် ဆာဟေးလ်နိုင်ငံများမဟာမိတ် (AES) ကို ဖွဲ့စည်းကာ လုံခြုံရေးအတွက် အချင်းချင်း ပူးပေါင်း ဆောင်ရွက်နေကြသလို တရုတ်နှင့် တူရကီတို့ထံမှလည်း စစ်လက်နက်ပစ္စည်းများ ဝယ်ယူရန် ကြိုးပမ်းနေကြသည်။

သို့သော်လည်း ရှေ့တန်းစစ်မျက်နှာတွင် တိုက်ရိုက်ဝင်ရောက်တိုက်ခိုက်ပေးမည့် တိုက်ခိုက် ရေး တပ်ဖွဲ့များကို စေလွှတ်ပေးနိုင်သည့် တစ်ခုတည်းသော မိတ်ဖက်မှာ ရုရှားသာ ရှိနေသဖြင့် မာလီအနေဖြင့် ရုရှားနှင့် ဆက်လက်လက်တွဲရန်မှတစ်ပါး အခြား ရွေးချယ်စရာမရှိသလောက် ဖြစ်နေသည်ဟု အော့ဖ် လေးဆင်းက ကောက်ချက်ချခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့က မာလီနိုင်ငံမြောက်ပိုင်း၊ ကီဒယ်မြို့ရှိ လမ်းဆုံတစ်ခုတွင် အာဇာဝပ်လွတ်မြောက်ရေးတပ်ဦး (FLA) မဟာမိတ်အဖွဲ့မှ တူအာရက်ဂ် (Tuareg) သူပုန်များ စုရုံးနေစဉ်။ (ဓာတ်ပုံ – Stringer/AFP/Getty Images)

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့က ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်ကြီးအတွင်း ကျင်းပသည့် ရုရှား-မာလီ တွေ့ဆုံပွဲသို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် တက်ရောက်လာစဉ်။ (ဓာတ်ပုံ – Contributor/Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 71 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 81 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက