နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

တရုတ်ကာကွယ်ရေးဝန်ကြီးဟောင်း နှစ်ဦးကို ဆိုင်းငံ့သေဒဏ် ချမှတ်

CNN- ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်

ဘေဂျင်း — တရုတ်နိုင်ငံသည် စစ်တပ်အတွင်း အကျင့်ပျက်ခြစားမှုများကို ဆက်တိုက် နှိမ်နင်းလျက်ရှိရာ ကြာသပတေးနေ့တွင် ကာကွယ်ရေးဝန်ကြီးဟောင်း နှစ်ဦးကို အဂတိလိုက်စားမှုဖြင့် ဆိုင်းငံ့သေဒဏ်များ ချမှတ်လိုက်ကြောင်း တုန်လှုပ်ဖွယ်ရာ သတင်းထွက်ပေါ်လာသည်။

ဝေဖုန်းဟဲ (Wei Fenghe) နှင့် လီရှန်းဖူ (Li Shangfu) တို့နှစ်ဦးစလုံးသည် လာဘ်ပေးလာဘ် ယူမှုဖြင့် ပြစ်မှုထင်ရှားသဖြင့် စစ်ခုံရုံးက သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး နှစ်နှစ်ဆိုင်းငံ့ခွင့် (two-year reprieve) ပေးထားကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။ နှစ်နှစ်ကျော်လွန် ပြီးနောက် ၎င်းတို့၏ ပြစ်ဒဏ်ကို လွတ်ငြိမ်းချမ်းသာခွင့်မရှိသည့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် သို့ ပြောင်းလဲသတ်မှတ်မည်ဖြစ်ကြောင်း ခုံရုံးက ကြေညာခဲ့သည်။

ဝေဖုန်းဟဲ သည်အသက် ၇၂ နှစ်ရှိပြီးဖြစ်ပြီး  ၂၀၁၈ မှ ၂၀၂၃ ခုနှစ်အထိ ၅နှစ်ကြာ ကာကွယ်ရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

လီရှန်းဖူ သည်အသက် ၆၈ နှစ်ရှိပြီးဖြစ်ပြီး ဝေဖုန်းဟဲ၏ အရိုက်အရာကို ဆက်ခံခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်း ရှစ်လမပြည့်မီသော ကာလအထိ တာဝန်ယူခဲ့သည်။

၎င်းတို့ နှစ်ဦးစလုံးကို ၂၀၂၃ ခုနှစ်တွင် စစ်တပ်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့က စတင်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် (Xi Jinping) သည် လက်နက်ကိုင်တပ်ဖွဲ့အတွင်း သန့်စင်မှု များကို အဆင့်မြင့်ဆုံးနေရာများအထိ လုပ်ဆောင်လာခဲ့ပြီး၊ ဇန်နဝါရီလအတွင်းကလည်း ဝေနှင့် လီတို့ထက် ရာထူးကြီးသည့်အပြင် စစ်တပ်၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို ကြီးကြပ်ခဲ့သူ ဗိုလ်ချုပ်ကြီး ကျန်းယို့ရှ (Zhang Youxia) ကို ရာထူးမှ ဖယ်ရှားခဲ့သည်။

ရှီကျင့်ဖျင်၏ တပ်တွင်းအပြောင်းအလဲများကြောင့် ၂၀၂၂ ခုနှစ်မှစ၍ အင်အား ၂ သန်းရှိသော ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အတွင်း အရာရှိကြီး ၁၀၀ ကျော် ရာထူးမှ ဖယ်ရှားခံခဲ့ရဖွယ်ရှိသည်။ ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး စင်တာ (CSIS) ၏ ဖေဖော်ဝါရီလ အစီရင်ခံစာအရ ဗိုလ်ချုပ်ကြီးနှင့် ဒုဗိုလ်ချုပ်ကြီး ၃၆ ဦးကို တရားဝင် ဖယ်ရှားခဲ့ပြီး အခြားအရာရှိ ၆၅ ဦးမှာ ပျောက်ဆုံးနေခြင်း သို့မဟုတ် ဖယ်ရှားခံရ ခြင်းများ ဖြစ်နိုင်သည်ဟု ဆိုသည်။

ဤသန့်စင်မှုသည် ရှီကျင့်ဖျင်၏ အာဏာကို ပိုမိုတင်းကျပ်ရန်နှင့် စစ်တပ်ကို ခေတ်မီအောင် တည်ဆောက်ရန်အတွက် လုပ်ဆောင်နေသော ရေရှည်စီမံကိန်း၏ အစိတ်အပိုင်း တစ်ခုဖြစ် သည်။ သို့သော် “မကြုံစဖူးသော ဤသန့်စင်မှု” အတိုင်းအတာကြောင့် တရုတ်စစ်တပ်၏ ရှုပ်ထွေးသော စစ်ဆင်ရေးများ ဆောင်ရွက်နိုင်စွမ်းအပေါ် မေးခွန်းထုတ်စရာများ ဖြစ်လာ ကြောင်း သုတေသီများက ထောက်ပြကြသည်။

တရားဝင်ထုတ်ပြန်သော PLA Daily သတင်းစာ၏ အယ်ဒီတာ့အာဘော်တွင် ယခုကဲ့သို့ စစ်ဆေးမှုများသည် စစ်တပ်အတွင်းရှိ “အဆိပ်အတောက် ဖြစ်စေသော ဩဇာလွှမ်းမိုးမှုများ” ကို ဖယ်ရှားပေးမည်ဖြစ်ပြီး အင်အားတောင့်တင်းသော စစ်တပ်ဖြစ်လာစေရန် တွန်းအားပေးလိမ့်မည်ဟု ဖော်ပြထားသည်။

ဝေဖုန်းဟဲ (Wei Fenghe) နှင့် လီရှန်းဖူ (Li Shangfu) တို့နှစ်ဦး(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 96 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 89 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 80 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 69 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 63 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို