နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 15 ရက်

တရုတ်

တရုတ် နိုင်ငံတကာသတင်း

တရုတ်လူငယ်များသည် ပြင်းထန်သောပြိုင်ဆိုင်မှုများကို စွန့်လွှတ်နေကြခြင်းမှာ နိုင်ငံခြားတိုင်းပြည်များတွင် တာဝန်ရှိသည်ဟု တရုတ်ထောက်လှမ်းရေးများကဆို

CNN- ၂၀၂၆ ခုနှစ်၊ မေလ ၁၃ရက်

ဟောင်ကောင် — တရုတ်နိုင်ငံ၏ ထိပ်တန်းထောက်လှမ်းရေးအေဂျင်စီသည် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလာခဲ့သည်။  တရုတ်လူငယ်များသည် နိုင်ငံခြားအင်အားစုများ၏ လှည့်ဖြားမှုကို ခံနေရကြောင်း၊ ထိုအင်အားစုများက လူငယ်များကို အလုပ်ကြိုးစားမှုအား ရှောင်လွှဲရန်နှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်မှုထက် တစ်ဦးချင်းစီ၏စိတ် ခံစားချက်ကို ဦးစားပေးရန် သွေးဆောင်နေကြောင်း သတိပေးခဲ့သည်။ သို့သော် ဤသတိပေးချက်မှာ အွန်လိုင်း အသုံးပြု သူများအကြား ရေပန်းမစားခဲ့ပေ။

“လူငယ်တွေဟာ တရုတ်နိုင်ငံရဲ့ အနာဂတ်ဖြစ်သလို ပြည်ပက ရန်လိုတဲ့ တရုတ်ဆန့်ကျင်ရေး အင်အားစုတွေရဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ ထိုးဖောက်ဝင်ရောက်မှုအတွက် အဓိကပစ်မှတ် လည်း ဖြစ်နေပါတယ်” ဟု နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန၏ တရားဝင်အကောင့်မှ ပြီးခဲ့သည့် အပတ်က တင်ခဲ့သော ဗီဒီယိုတစ်ခုတွင် စစ်ဝတ်စုံဝတ်ထားသည့် ရုပ်ဖြောင့်ဖြောင့် လူငယ် တစ်ဦးက ပြောကြားထားသည်။

ထိုပို့စ်တွင် လူငယ်များအနေဖြင့် “ရှုပ်ထွေးသော သဘောတရားထောင်ချောက်များ” နှင့် အလုပ်ကြိုးစားခြင်းသည် အဓိပ္ပါယ်မရှိဟု ဝါဒဖြန့်နေသည့် “လှဲလျောင်းနေခြင်း” (lying flat) တနည်းသက်သာသလိုနေခြင်း ဆိုင်ရာ ပြောဆိုချက်များကို သတိထားရန် တိုက်တွန်း ထားသည်။

တရုတ်နိုင်ငံ၏ ပိုမိုပြင်းထန်လာသော စီးပွားရေးလောကတွင် အလုပ်ကြိုးစားခြင်းသည် အမှန်တကယ်ပင် အချည်းနှီးဖြစ်သည်ဟူသော အမြင်မှာ မကြာသေးမီနှစ်များအတွင်း ပိုမိုအားကောင်းလာပြီး ယင်းကိုတန်ပင်း( “Tang Ping”) သို့မဟုတ် “လှဲလျောင်းနေခြင်း” ဟူသော စကားစုဖြင့် ကိုယ်စားပြုကြသည်။

ဤစကားစုသည် ၂၀၂၁ ခုနှစ်က တရုတ်အွန်လိုင်းအချက်အလက်ရှာဖွေရေး အင်ဂျင်ကြီး ဖြစ်သည့် ဘိုင်ဒူ(Baidu) ၏ အွန်လိုင်းဖိုရမ်တစ်ခုတွင် တင်ခဲ့သော ပို့စ်တစ်ခုမှ စတင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ဖျက်ပစ် လိုက်ပြီဖြစ်သော ထိုပို့စ်ကို ရေးသားသူက လူတယောက်ဟာ တစ်သက်လုံး တိုက်ခန်းတစ်ခန်းရဖို့နှင့် ရိုးရာ မိသားစု တန်ဖိုးများနောက် လိုက်နေမည့်အစား ရိုးရှင်းသော ဘဝတစ်ခုကိုသာ ရွေးချယ် သင့်ကြောင်း အကြံပြုခဲ့သည်။ ဤအတွေးအခေါ်သည် မကြာသေးမီနှစ်များအတွင်း အလွန်ခေတ်စားလာခဲ့သည်။

တရုတ်စီးပွားရေးသည် ခေတ်မီ AI နှင့် နည်းပညာပိုင်းတွင် ထိပ်တန်းရောက်နေသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ၊ အိမ်ခြံမြေဈေးကွက် ကျဆင်းမှုနှင့် အမေရိကန်နှင့် ကုန်သွယ်ရေး စစ်ပွဲတို့ကြောင့် ထိုးနှက်ချက်များ ကြုံတွေ့နေရသည်။ ပြည်တွင်းဝယ်လိုအား အားနည်းခြင်း နှင့် ကမ္ဘာ့စီးပွားရေး အလားအလာ မသေချာခြင်းတို့ကြောင့် မတ်လတွင် ဘေဂျင်းအစိုးရ သည် ဆယ်စုနှစ်များစွာအတွင်း အနိမ့်ဆုံး စီးပွားရေးတိုးတက်မှု ရည်မှန်းချက်ကို ချမှတ် ခဲ့ရသည်။

လုံခြုံရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် နိုင်ငံခြားအစိုးရများနှင့် အဖွဲ့အစည်းများသည် တရုတ်နိုင်ငံအတွင်းရှိ အွန်လိုင်းဩဇာညောင်းသူ (influencers) များကို ငွေကြေးထောက်ပံ့ပြီး တရုတ်လူငယ်များအကြား လူမှုရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ပိုမိုကြီးထွားလာစေရန် အွန်လိုင်းပလက်ဖောင်းများကို အသုံးပြုနေကြောင်း ဖော်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။

“သူတို့ဟာ အပျက်သဘောဆောင်တဲ့ ခံစားချက်တွေကို ဖန်တီးပြီး တစ်ဦးချင်းစီရဲ့ အခက်အခဲ တွေကို အုပ်စုလိုက် ပဋိပက္ခတွေအဖြစ် မြှင့်တင်ဖို့ ကြိုးစားနေကြပါတယ်။ ဒါဟာ လူငယ်တွေ ကို မသိမသာ လမ်းမှားရောက်စေပြီး သူတို့ကိုယ်သူတို့ မသိလိုက်ဘဲ ပါသွားအောင် လုပ်ဆောင် နေတာ ဖြစ်ပါတယ်” ဟု ဖော်ပြထားသည်။

“နောက်ဆုံးမှာတော့ ဒါဟာ တရုတ်လူငယ်တွေရဲ့ အလုပ်ကြိုးစားတဲ့ စိတ်ဓာတ်ကို ပျက်ပြားစေပြီး လူမှုတန်ဖိုးတွေရဲ့ အခြေခံအုတ်မြစ်ကိုတောင် ထိခိုက်စေဖို့ ရည်ရွယ်တာပါ” ဟု ပို့စ်တွင် နိဂုံးချုပ်ထားသည်။

သို့သော် ဤထုတ်ပြန်ချက်အပေါ် လူမှုမီဒီယာများတွင် ဝေဖန်မှုများ ချက်ချင်းထွက်ပေါ် လာခဲ့သည်။ အချို့သောအသုံးပြုသူများက မည်သည့်နိုင်ငံက ငွေပေးနေသည်ကို အတိအကျ ပြောရန် မေးခွန်းထုတ်ကြပြီး၊ သို့မှသာ ၎င်းတို့ကိုယ်တိုင် သွားရောက်ဆက်သွယ်နိုင်မည် ဖြစ်ကြောင်း ရွှဲ့ ၍ ပြောဆိုကြသည်။

“ကျွန်တော် လှဲလျောင်းနေတာ ကြာပြီ၊ ဒီလိုကောင်းတဲ့သတင်းကို ဘာလို့ စောစောစီးစီး မပြောကြတာလဲ” ဟု ပို့စ်တစ်ခုတွင် ရေးသားထားသည်။

“ဝိုး… နိုင်ငံခြားအင်အားစုတွေတောင် အလုပ်လုပ်ရင် ပိုက်ဆံပေးရမယ်ဆိုတာ သိကြသားပဲ” ဟု အခြားပို့စ်တစ်ခုက ဆိုသည်။ ယင်းမှာ တရုတ်နိုင်ငံရှိ ကုမ္ပဏီအချို့ စီးပွားရေးကျဆင်းချိန် တွင် လစာငွေပေးချေမှု နောက်ကျခြင်းများကို ရည်ညွှန်းခြင်းဖြစ်သည်။

Tony Blair Institute for Global Change မှ တရုတ်နိုင်ငံဆိုင်ရာ မူဝါဒအကြံပေး ရူဘီအော့စ်မင် (Ruby Osman) က ဤတုံ့ပြန်မှုများသည် “အာဏာပိုင်များ နှင့် လူငယ်များ အကြား ‘လှဲလျောင်းနေခြင်း’ အပေါ် မြင်သည့်အမြင်ချင်း အလွန်ကွာဟနေသည်ကို ပြသ နေသည်” ဟု ပြောကြားခဲ့သည်။

“လူမှုမီဒီယာအသုံးပြုသူ အများစုအတွက် ‘လှဲလျောင်းနေခြင်း’ ဆိုတာ အွန်လိုင်းဟာသ တစ်ခုလိုဖြစ်သလို၊ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကို အမျိုးသားလုံခြုံရေးအဆင့်အထိ မြှင့်တင်ဖို့ မလိုအပ်ပါဘူး” ဟု Osman က ဆိုသည်။

တရုတ်နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနသည် မကြာသေးမီနှစ်များအတွင်း ပိုမို လှုပ်ရှား လာခဲ့ပြီး WeChat ပေါ်တွင် နိုင်ငံတော်လျှို့ဝှက်ချက်များကို ရယူရန် ကြိုးပမ်းနေသည့် နိုင်ငံခြားအင်အားစုများကို သတိထားရန် ဆောင်းပါးများစွာကို ပုံမှန်တင်လေ့ရှိသည်။

ဝန်ကြီးဌာန၏ အဆိုအရ နိုင်ငံခြားထောက်လှမ်းရေးများသည် မြေပုံအက်ပ်များမှသည် မိုးလေဝသစခန်းများအထိ နယ်ပယ်စုံတွင် ထိုးဖောက်ဝင်ရောက်နေသည်ဟု ဆိုသည်။ ထို့အပြင် အမေရိကန်နှင့် ဗြိတိန်ထောက်လှမ်းရေးအေဂျင်စီများ၏ သူလျှိုလုပ်ငန်းများဟု ဆိုသည့် အချက်အလက်များနှင့် ပြည်ပတွင် ပညာသင်ကြားနေသော သို့မဟုတ် အလုပ်လုပ်နေသော တရုတ်နိုင်ငံသားများကို CIA က မည်သို့စည်းရုံးခဲ့သည်ဟူသော အသေးစိတ်အချက်အလက်များကိုလည်း ထုတ်ပြန်ခဲ့ဖူးသည်။

၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်နေ့၊ ငါးရက်ကြာ အမျိုးသားအဆင့် မေဒေးရုံးပိတ်ရက် ပထမဆုံးနေ့တွင် ဘေဂျင်းမြို့မြောက်ဘက်ရှိ ဘာဒါလင် (Badaling) တရုတ်မဟာတံတိုင်း စောင့်ကြည့်မျှော်စင်တစ်ခုပေါ်၌ လူငယ်နှစ်ဦး ဖုန်းကြည့်နေစဉ်။ ဓာတ်ပုံ – Greg Baker/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 66 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 75 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 72 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 78 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 70 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 71 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 86 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 81 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက