မေလ (၃၀)ရက်။
ကန်ပက်လက်မြို့မှာ ညမထွက်ရအမိန့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တာကို ခုခံတော်လှန်နေတဲ့ ကာလထဲ မြို့ပေါ်နေ ပြည်သူအချို့ဟာ နေအိမ်တွေ စွန့်ခွာကာ ပြောင်းရွှေ့နေကြရတယ်လို့ ဆိုပါတယ်။
ဒီလို လူမရှိတဲ့ နေအိမ်တွေမှာ မသမာသူလူတစုက နေအိမ်တွေ ဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းတွေ ခိုးယူတာတွေ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ ညတိုင်း နေအိမ်နဲ့ ပုန်းခိုကျင်းတွေမှာသာ နေထိုင်ကြဖို့၊ ခွင့်ပြုချက်မရှိဘဲ အများနဲ့သက်ဆိုင်တဲ့ နေရာတွေ သွားလာတာနဲ့ လူစုလူဝေး မပြုလုပ်ဖို့ အသိပေးထားပါတယ်။
ဒါ့အပြင် ကန်ပက်လက်မြို့နယ်ထဲ ည (၉)နာရီကနေ နံနက် (၅)နာရီထဲ ညမထွက်ရအမိန့်ကိုလဲ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီအမိန့်ဟာ နောက်ထပ်အမိန့် တစုံတရာ မထုတ်ပြန်မချင်း အတည်ဖြစ်တယ်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက လက်မှတ်ရေးထိုး ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။








