ဇွန်လ (၉)ရက်။
ဒီကနေ့ နေပြည်တော်မှာ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲနဲ့ စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီတို တွေ့ဆုံခဲ့တယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီရဲ့ ဖိတ်ကြားတာကြောင့် အပစ်ရပ်(၇)ဖွဲက အဖွဲခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း ဦးဆောင်တဲ့ အဖွဲဝင် (၈)ဦးပါ ညှိနှိင်းရေးအဖွဲက နေပြည်တော်ကို ရောက်ရှိခဲ့တာလို ဆိုပါတယ်။
တွေ့ဆုံပွဲထဲ မင်းအောင်လှိင်က အစိုးရသစ်ဖွဲပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးဖို ကြိုတင်ကန့်သတ်ချက်တွေ မထားဘဲ တရားဝင် ဖိတ်ခေါ်တာကို ကြိုဆိုတယ်လို စိုင်းငင်းက ပြောဆိုခဲ့ပါတယ်။
နောက်ပြီး စစ်ကော်မရှင်ငြိမ်းချမ်းရေးကော်မတီဟာ အပစ်ရပ်အဖွဲတွေကို စာနဲ့ဖိတ်ခေါ်တာအပြင် တဖွဲချင်းဆီ ကိုယ်စားလှယ်တွေ စေလွှတ်ပြီး အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးသဘောထားတွေ ရှင်းပြခဲ့တယ်လို သိရပါတယ်။
ဒီလိုဆောင်ရွက်တာဟာ ယုံကြည်မှုကို တည်ဆောက်တာဖြစ်သလို အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးအပေါ် စိတ်အားထက်သန်တာကို ပြသရာရောက်တယ်လို သူက ဆက်ပြောပါတယ်။
အပစ်ရပ်အဖွဲတွေအနေနဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်တာအပေါ် တဖွဲချင်းစီအလိုက် ဆွေးနွေးခဲ့ပြီး ဦးဆောင်အဖွဲကလဲ ဆွေးနွေးခဲ့သလို မင်းအောင်လှိင်အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို သဘောထားချမှတ်နိုင်ခဲ့တယ်လို ထည့်သွင်းပြောဆိုထားပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်သင့်တဲ့ အဖွဲတွေ ပါဝင်လာနိုင်ဖိုနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖိုတိုကို ရည်မှန်းပြီး ဆောင်ရွက်ဖို သဘောထားရှိတယ်လိုလဲ စိုင်းငင်းက ဆိုပါတယ်။
အဲ့ဒီအလွတ်သဘောဆွေးနွေးပွဲမှာ နှစ်ဖက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ဖို သဘောထားတွေကို အပြန်အလှန်ဆွေးနွေးပြီး ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိအောင် ကြိုးပမ်းဖို တိုက်တွန်းခဲ့တယ်လို သိရပါတယ်။








