နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 20 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပိုလန် ယူကရိန်း

ဒုတိယကမ္ဘာစစ်က စစ်တပ်တပ်ဖွဲ့အမည်ပေးမှုကြောင့် ဇလန်းစကီးအား ပိုလန်၏ အမြင့်ဆုံးဘွဲ့တံဆိပ် ပြန်လည်ရုပ်သိမ်း

ဘီဘီစီ -၂၀၂၃ ခုနှစ် ဂျွန်လ ၂၀ရက်

ယူကရိန်း၏ စစ်တပ်တပ်ဖွဲ့တစ်ခုအား အငြင်းပွားဖွယ်ရာ ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက်ရေးအဖွဲ့ ၏ အမည်ကို အစွဲပြု၍ မှည့်ခေါ်ရန် ကိဗ် (ယူကရိန်းအစိုးရ) ၏ ဆုံးဖြတ်ချက်ကြောင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးသည် ပိုလန်နိုင်ငံ၏ အမြင့်ဆုံးအဆင့် နိုင်ငံတော်ဘွဲ့တံဆိပ်ဖြစ်သော White Eagle (လင်းယုန်ဖြူ) အင်္ဂါရပ်တံဆိပ်ကို ပြန်လည်ရုပ်သိမ်းခြင်း ခံခဲ့ရသည်။

ပြီးခဲ့သည့်လနှောင်းပိုင်းက ၎င်းတပ်ဖွဲ့ကို ယူကရိန်းသူပုန်တပ်မတော် (UPA) အမည် ပေးရန် ယူကရိန်း၏ ဆုံးဖြတ်ချက်အပေါ် ပိုလန်သမ္မတ ကာရိုလ် နာဗရော့စကီး (Karol Nawrocki) က “ ဒေါသထွက်ဖွယ်ရာ” ၊ “ နားလည်ရခက်လွန်းလှပြီး” “ အလွန်အမင်း စိတ်ပျက်စရာကောင်း သည် ” ဟု ပြစ်တင်ဝေဖန်ခဲ့သည်။

သို့သော်လည်း ယခုသံတမန်ရေးရာ အငြင်းပွားမှုသည် ရုရှားကို ဆန့်ကျင်တိုက်ခိုက်နေသည့် ယူကရိန်းအပေါ် ပိုလန်၏ ထောက်ပံ့ကူညီမှုများကို သက်ရောက်မှုရှိလိမ့်မည်မဟုတ်ကြောင်း နာဗရော့စကီးက အလေးအနက် ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဆီဘီဟာ (Andrii Sybiha) က ဝါဆော (ပိုလန်အစိုးရ) ၏ ယခုလုပ်ရပ်ကို ရှုတ်ချခဲ့ပြီး၊ ၎င်းသည် “ ဗျူဟာမြောက် အမှားအယွင်း” ဖြစ်ပြီး “ မလေး မစားလုပ်ခြင်း” ဟု ခေါ်ဆိုခဲ့သည်။

၁၉၄၀ နှင့် ၁၉၅၀ ပြည့်လွန်နှစ်များအတွင်းက တည်ရှိခဲ့သော UPA အဖွဲ့ကို ယူကရိန်းပြည်သူ အများစုက ဆိုဗီယက်တပ်နီအဖွဲ့အပြင် နာဇီဂျာမနီနှင့် ပိုလန်အာဏာပိုင်များကိုပါ ဆန့်ကျင်ပြီး ယူကရိန်းလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည့် သူရဲကောင်းများအဖြစ် ရှုမြင်ကြသည်။ ထို့ကြောင့် ယူကရိန်းပြည်သူများအတွက် “ ယူကရိန်းသူပုန်တပ်မတော်၏ သူရဲကောင်းများ” ဟူသည့် အမည်နာမသည် ကြီးမားသော ဂုဏ်ဒြပ်တစ်ခု ဖြစ်သည်။

သို့သော်လည်း ပိုလန်နိုင်ငံကမူ ၁၉၄၃ မှ ၁၉၄၅ ခုနှစ်အတွင်း ဗိုဟင်းနီးယား (Volhynia – ယခု ယူကရိန်းနိုင်ငံအတွင်းရှိ ဗိုလင်းဒေသ) ၌ UPA အဖွဲ့သည် ပိုလန်လူမျိုးစုများအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသည်။

“ ပိုလန်လူထုရဲ့ အများစုအတွက်တော့ UPA ဟာ ဒုတိယကမ္ဘာစစ်အတွင်း ပိုလန်သမ္မတ နိုင်ငံသားတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့အတွက် တာဝန်ရှိတဲ့ အဖွဲ့အဖြစ် အဓိကမှတ်ယူနေဆဲပါပဲ” ဟု နာဗရော့စကီးက သမ္မတ၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်သည့် ဗီဒီယို၌ ပြောကြားခဲ့သည်။

“ ဒါကြောင့်မို့လို့ ယူကရိန်းအာဏာပိုင်တွေရဲ့ UPA ကို ဂုဏ်ပြုချီးမြှောက်ဖို့ ဆုံးဖြတ်ချက်ဟာ ဒေါသထွက်ဖွယ်ရာဖြစ်ရုံတင်မကဘဲ နားလည်ရခက်ပြီး အလွန်အမင်း စိတ်ပျက်စရာလည်း ကောင်းလှပါတယ်” ဟု ၎င်းက ဆိုသည်။

“ ဒါဟာ တို့ရဲ့ သမိုင်းဝင်အမှတ်သညာကိုတင် ထိခိုက်စေတာ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာနဲ့ မကြာသေးခင် လပိုင်းအတွင်းကမှ တည်ဆောက်ထားတဲ့ ယုံကြည်မှုကိုလည်း ပျက်ပြားစေ ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ပိုလန်သမ္မတက ၂၀၂၂ ခုနှစ် ရုရှား၏ အလုံးစုံကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ၎င်းတို့နိုင်ငံ အတွင်းသို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုလက်ခံခဲ့သည့် သိန်းနှင့်ချီသော ယူကရိန်းဒုက္ခသည်များကို ရည်ညွှန်းပြောဆိုခဲ့သည်။

“ ပိုလန်ပြည်သူတွေဟာ သန်းနဲ့ချီတဲ့ ယူကရိန်းသားတွေအတွက် သူတို့ရဲ့ နယ်စပ်တွေ၊ အိမ်တွေနဲ့ နှလုံးသားတွေကို ဖွင့်လှစ်ပေးခဲ့ကြတာပါ” ဟု ၎င်းက ပြောသည်။

၎င်းက ဆက်လက်၍ “ ယူကရိန်းအနေနဲ့ ဥရောပအဆောက်အအုံတွေဆီ ဦးတည်သွားမယ့် လမ်းကြောင်းဟာ မိမိတို့သမိုင်းရဲ့ ခက်ခဲတဲ့ ကဏ္ဍတွေကို ရိုးသားစွာ ရင်ဆိုင်လိုတဲ့ ဆန္ဒလည်း ရှိဖို့လိုအပ်ပါတယ်။” ဟု ဆိုသည်။

“ စည်းလုံးညီညွတ်တဲ့ ဥရောပကို အာဏာရှင်စနစ်နဲ့ အကြမ်းဖက်မှု ကိုးကွယ်ယုံကြည်မှုကို ငြင်းပယ်ခြင်းအပေါ်မှာ တည်ဆောက်ခဲ့တာပါ။ ဒီအခြေခံမူတွေဟာ လူတိုင်းနဲ့ သက်ဆိုင်ရ ပါမယ်။ ဒါကို နားမလည်တဲ့သူတွေအတွက် ဥရောပသမဂ္ဂ (EU) မှာ နေရာမရှိနိုင်ပါဘူး၊ ပိုလန်ကလည်း ဒါကို လုံးဝခွင့်ပြုမှာ မဟုတ်ပါဘူး။”

ယူကရိန်းသည် အီးယူအဖွဲ့ဝင်နိုင်ငံ ဖြစ်လာရန် ရည်မှန်းချက်များရှိနေပြီး ယခုသီတင်းပတ် အတွင်း လူဇင်ဘတ်နိုင်ငံ၌ ပြုလုပ်သည့် အဖွဲ့ဝင်ဖြစ်ရေး ညှိနှိုင်းဆွေးနွေးမှု၏ ပထမအဆင့်သို့ တက်ရောက်ခဲ့သည်။

ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ် တာ့ခ် (Donald Tusk) က ကိဗ်နှင့် ဝါဆောအကြား ကြီးထွား လာနေသည့် သံတမန်ရေးရာ တင်းမာမှုများကို လျှော့ချရန် ကြိုးပမ်းခဲ့သည်။

ဥရောပကောင်စီ ဥက္ကဋ္ဌဟောင်းဖြစ်သူ တာ့ခ်က သောကြာနေ့တွင် လူမှုကွန်ရက်၌ ပြောကြား ရာတွင် ယခုပဋိပက္ခသည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို “ ဝမ်းမြောက်စေသည်” ဟု ဆိုကာ ဇလန်းစကီးနှင့် နာဗရော့စကီးတို့အနေဖြင့် “ တင်းမာမှုတွေကို မီးမွှေးမယ့်အစား စိတ်ခံစားချက်တွေကို လျှော့ချကြဖို့” တောင်းဆိုခဲ့သည်။

ဗိုဟင်းနီးယား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွင်း ပိုလန်လူမျိုးစုပေါင်း ၁၀၀,၀၀၀ ခန့် သေဆုံးခဲ့ရသည်ဟု ဝါဆောက ပြောကြားသော်လည်း၊ ယူကရိန်းအတွက်မူ UPA သည် ခုခံမှုနှင့် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်မှု၏ ပြယုဂ်တစ်ခု ဖြစ်သည်။

ထိုအဖွဲ့၏ အနီနှင့် အနက်ရောင် အလံကို ယနေ့ခေတ် ရှေ့တန်းစစ်မျက်နှာရှိ ယူကရိန်း တပ်ဖွဲ့ဝင်များက မကြာခဏ အသုံးပြုလေ့ရှိကြသည်။ ထို့ကြောင့် ဇလန်းစကီးက ၎င်းအနေဖြင့် “ အမျိုးသားစစ်တပ်၏ သမိုင်းဝင်ရိုးရာဓလေ့များကို ပြန်လည်ဖော်ထုတ်ရန် ရည်ရွယ်ချက်ဖြင့်” စစ်တပ်တပ်ဖွဲ့တစ်ခုအတွက် UPA ၏ အမည်ကို အသုံးပြုမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ပိုလန်၏ White Eagle ဘွဲ့တံဆိပ်ကို ၂၀၂၃ ခုနှစ်တွင် ထိုစဉ်က သမ္မတဖြစ်သူ အန်ဒရက်ဇ် ဒူဒါက ဇလန်းစကီးထံ အပ်နှင်းခဲ့ခြင်း ဖြစ်သည်။

ဇလန်းစကီးကိုယ်တိုင်ကမူ ယခုအငြင်းပွားမှုအပေါ် တိုက်ရိုက်တစ်စုံတစ်ရာ မှတ်ချက် ပေးခြင်း မရှိသေးပေ။ သို့သော်လည်း ဆီဘီဟာက ၎င်းကို “ မော်စကိုအတွက်သာ အကျိုးရှိစေမယ့် ပိုလန်သမ္မတရဲ့ ဗျူဟာမြောက် အမှားအယွင်းတစ်ခု” ဟု ခေါ်ဆိုခဲ့သည်။

ယခုကြေညာချက်ထွက်ပေါ်လာသည့် ရလဒ်ကြောင့် ၎င်းအနေဖြင့် ၂၀၂၂ ခုနှစ်က ပိုလန်နိုင်ငံ ထံမှ ရရှိခဲ့သည့် ဆုတံဆိပ်ကို ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ ဘယ်နိုင်ငံခြားသမ္မတကမှ တို့ရဲ့ သမိုင်းကို တို့ကို လာပြီး ညွှန်ကြားပြသမှာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

၂၀၂၃ ခုနှစ် တွင် ထိုစဉ်က ပိုလန်သမ္မတအန်ဒရက်ဇ် ဒူဒါက ဇလန်းစကီးအား White Eagle (လင်းယုန်ဖြူ) အင်္ဂါရပ်တံဆိပ်ကို ပေးအပ်ချီးမြှင့်ခဲ့သည် (ပုံ)

ပိုလန်သမ္မတ ကာရိုလ် နာဗရော့စကီး (ဘယ်) က ဗိုလိုဒီမာ ဇလန်းစကီး၏ White Eagle အင်္ဂါရပ်တံဆိပ်ကို ရုပ်သိမ်းရန် ဆုံးဖြတ်ချက်သည် ရုရှားကို ဆန့်ကျင်သည့် ကိဗ်အပေါ် ဝါဆော၏ ထောက်ပံ့မှုများကို သက်ရောက်မှုရှိမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အဓိပတိက ထရမ့်သည် ‘မျှော်လင့်ချက်ကုန်ဆုံးပြီး အသည်းအသန်ဖြစ်ကာ’ သဘောတူညီချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားစဉ် အမေရိကန်က ရေတပ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 16 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၉ရက် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ် ရေးထိုးပြီးနောက် အမေရိကန်သည် အီရန်အပေါ်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ယူကရိန်း၏ သမိုင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ ဘုန်းတော်ကြီးကျောင်းဝင်း မီးလောင်ကျွမ်း

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် နှစ်ပေါင်း ၁,၀၀၀ နီးပါး သမိုင်းမြစ်ဖျားခံခဲ့ပြီး ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကီးဗ်ပက်ချက်စ်လာဗ်ရာ (Kyiv Pechersk Lavra) ကျောင်းဝင်းကြီးမှ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

နိုင်ငံအသီးသီးက ဆွေးနွေးပွဲအလှည့်အပြောင်းအသစ်အတွက် ပြင်ဆင်နေစဉ် လက်ဘနွန်မှ ဆုတ်ခွာမည် မဟုတ်ကြောင်း အစ္စရေး ကတိပြု

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက် အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် အစ္စရေးနိုင်ငံက ၎င်းတို့အနေဖြင့် လက်ဘနွန်နိုင်ငံအတွင်းမှ ဆုတ်ခွာမည်မဟုတ်ကြောင်း ထပ်မံကတိပြု ပြောကြားခဲ့သည်။ အစ္စရေးနှင့် လက်ဘနွန်အစိုးရတို့သည် လာမည့်သီတင်းပတ်တွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်သဘောတူညီချက်သည် “ ခြွင်းချက်မရှိ လက်နက်ချခြင်း” ဖြစ်သည်ဟု ထရမ့် အရိပ်အမြွက်ပြော

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် ရရှိခဲ့သည့် နားလည်မှုစာချွန်လွှာသည် “ခြွင်းချက်မရှိ လက်နက်ချခြင်း” နှင့် အလားတူကြောင်းနှင့် အဆိုပါပဋိပက္ခသည် သူ၏ သမ္မတအာဏာ ကျယ်ပြန့်မှုကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲရပ်စဲရေးအတွက် အမေရိကန်နှင့် အီရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး၊ သို့သော် ပိုမိုခက်ခဲသော ဆွေးနွေးပွဲများ ရှေ့တွင်ရှိနေ

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် နောက်ဆုံးသဘောတူညီချက်ရရှိရန် ရက်ပေါင်း ၆၀ ကြာမည့် ကာလတစ်ခု စတင်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက ၎င်းတို့၏ ကတိကဝတ်များကို လေးစားလိုက်နာ နေကြ ကြောင်း
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းက မော်စကို ရေနံချက်စက်ရုံကို ဗုံးကြဲတိုက်ခိုက်၊ စစ်ပွဲအဆုံးသတ်ရန် ဇလန်းစကီးက ထရမ့်၏ ထောက်ခံမှုကိုရရှိရန်ကြိုးစား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 18 Views
Al Jazeera News – ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၈ ရက် ညတွင်းချင်းအတွင်း ဒေသအတော်များများ၌ ယူကရိန်းမောင်းသူမဲ့ဒရုန်း ၅၅၅ စင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဆွစ်ဇာလန်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲအသစ်များကို ‘စဉ်းစားသုံးသပ်နေဆဲ’ ဟု အီရန်ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 18 ရက်
  • 27 Views
BBC- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၁၈ရက် ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်မည့် ဆွေးနွေးပွဲအဝိုင်းအဝန်းအသစ်တစ်ခုကို “ စဉ်းစားသုံးသပ် နေဆဲဖြစ်သည်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာကေးအီ (Esmaeil Baqaei) က ပြောကြားခဲ့သည်။ “