ဇွန်လ (၂၆)ရက်။
ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော် ငဖြိုးက တပ်ရင်းမှူးဖြစ်သူ ရဲဘော် ပုလဲမောင်ကို ပစ္စတိုနဲ့ ပစ်ခတ်ခဲ့ရာ နေရာမှာပဲ ကျဆုံးခဲ့တယ်လို ဆိုပါတယ်။
ဖြစ်စဉ်ထဲ ပစ်ခတ်မှုကျူးလွန်ခဲ့တဲ့ ရဲဘော် ငဖြိုးကို လက်နက်ဖြုတ်သိမ်းပြီး ခရိုင်စစ်ဌာနရဲ့ အချုပ်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို သိရပါတယ်။
ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်ရဲ့ အကြောင်းအရင်း အသေးစိတ်ကိုတော့ စစ်ရုံးချုပ်က ထည့်သွင်းထုတ်ပြန်ထားတာ မရှိပါဘူး။
စစ်ရုံးချုပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဖြစ်စဉ်အသေးစိတ်ကို သိရှိနိုင်ဖိုနဲ့ မလိုအပ်တဲ့ နောက်ဆက်တွဲကိစ္စတွေ မဖြစ်ပေါ်စေဖို စစ်ကိုင်းတိုင်းစစ်ဌာန တာဝန်ရှိသူတွေက ကွင်းဆင်းဆောင်ရွက်နေတယ်လို အသိပေစထားပါတယ်။
နောက်ပြီး စစ်ရုံးချုပ်အနေနဲ့ စစ်ဘက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အထူးအလေးပေးကိုင်တွယ်ဆောင်ရွက်သွားမယ်လို အသိပေးထားပါတယ်။
ဒါ့အပြင် တပ်ရင်းမှူး ရဲဘော်ပုလဲမောင် ကျဆုံးခဲ့တဲ့အပေါ် မိသားစုဝင်တွေ၊ ရဲဘော်ရဲဘက်တွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရတယ်လို ပြောဆိုထားချက်အရ သိရပါတယ်။







