အကြမ်းဖက်စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ချမ်းသာရွာကို ဇန်နဝါရီ (၁၄) ရက်နေ့တွင် စစ်ကြောင်းထိုး ဝင်ရောက် မီးတင်ရှို့ခဲ့ကြောင်း သိရသည်။
ယင်းမီးတင်ရှို့မှုကြောင့် ဒေသခံများ၏ နေအိမ်များအပြင် ကက်သလစ် ခရစ်ယာန်ဘာသာဝင်များ ကိုးကွယ်သည့် နှစ်ပေါင်း ၁၂၉ နှစ်သက်တမ်းရှိ မယ်တော်သခင်မဘုရားကျောင်းကိုပါ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
မယ်တော်သခင်မဘုရားကျောင်း မီးရှို့ခံရသည့်အတွက် မကြာခင်ကမှ အသစ်ပြန်လည်မွမ်းမံထားသည့် ဘုန်းတော်ကြီးကျောင်းတိုက်၊ သမိုင်းဝင် ရာပြည့် သီလရှင်ကျောင်းတိုက်နှင့် ခေါင်းလောင်စင်ကြီးများပါ မီးလောင်ပျက်စီးခဲ့ရသည်။
အကြမ်းဖက် စစ်အုပ်စု၏ မီးရှို့ခြင်းခံရသည့် မယ်တော်သခင်မ ဘုရားကျောင်းကို ၁၈၉၄ ခုနှစ်မှာ ကက်သလစ်ခရစ်ယာန်ဘာသာဝင်များက တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း ၁၂၉ နှစ် သက်တမ်းရှိသည့်သမိုင်းဝင် ဘုရားကျောင်းကြီး ဖြစ်သည်။
Era’sEyes