ကချင်ပြည်နယ် တနိုင်းမြို့နယ်ရှိ ရွှေမှော် အချို့ကို စစ်ကောင်စီတပ်များနဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့တို့က ဝင်ရောက်စီးနင်းပြီး စက်ယန္တရားတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ စစ်ကောင်စီတပ်က ရွှေမှော်ရှိ ဘတ်ဟိုး ၂၀ ကျော် နဲ့ တဲအိမ် ၂၀ ကျော်တို့ကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ (၁၄) ရက်ကလည်း တနိုင်းလဘူချောင်းနဲ့ ပယင်းမှော်တို့မှာ စစ်ကောင်စီတပ် နဲ့ ဝါရာဇွပ် ပြည်သူ့စစ်တပ်အဖွဲ့က လူအင်အား ရာကျော်ဖြင့် ရွှေမှော်ရှိ စက်ပစ္စည်းများကို သိမ်းဆည်းဖမ်းဆီးခြင်း ၊ တဲအိမ်များကိုဖျက်ဆီးခြင်း စတာတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။
ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် KIA က စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ နယ်မြေ က ရွှေမှော်များကို ဇန်နဝါရီ ၁၄ရက်နောက်ဆုံးထားပိတ်သိမ်းရန် စာထုတ်သည့်အပေါ် တုံ့ပြန်ခြင်းဖြစ်နိုင်တယ်လို့ ဒေသခံများက သုံးသပ်ပြောဆိုနေကြပါတယ်။
MoeZ/Era’sEyes
Photo – CJ – The Kachin Net