ယနေ့ (ဇန်နဝါရီ ၁၉) နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာတွင် မြို့နယ်/ ကျေးရွာ ပအဖ၊ ပကဖများနဲ့ ပညာရေး မိသားစုများက ဒေသခံများနှင့်အတူ ပူးပေါင်းကာ အာဏာသိမ်း စစ်ကောင်စီ၏ ဟန်ပြ၊ အတုအယောင် ရွေးကောက်ပွဲကို (လုံးဝ) လက်မခံကြောင်း ချီတက်ဆန္ဒပြခဲ့သည်။
ဆန္ဒပြ ပြည်သူများက “ တရားမဝင် ရွေးကောက်ပွဲ လူထုအားနဲ့ ဆန့်ကျင်ကြ” ၊ “ Accept NUG, Reject Dictator” စသည့် စာသားများကို ကိုင်ဆောင်၍ စစ်ကောင်စီ၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း၊ စစ်အာဏာ ရှင်စနစ် ကန့်ကွက်ကြောင်းနှင့် NUG အစိုးရကို ထောက်ခံအားပေးကြောင်း ကြွေးကြော်ဆန္ဒပြခဲ့သည်။
Era’sEye
Photo – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး