ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကို ဓာတ်အားပို့လွှတ်နေတဲ့ တီကျစ် မဟာဓာတ်အားလိုင်း မိုင်းခွဲခံရကြောင်း ဒေသခံများထံကသိရသည်။
အဲဒီ တီကျစ် မဟာဓာတ်အားလိုင်းဟာ မဟာဓာတ် အားလိုင်းမှူးရုံး (လွိုင်ကော်) က တာဝန်ယူထိန်းသိမ်းရပြီး ဆော်ဒီဒေါကျေးရွာအနီးရှိ ၁၃၂ ကေဗွီ ဘီလူးချောင်း (၂) ဖြစ်ပါတယ်။
တီကျစ်မဟာ ဓာတ်အားလိုင်းဟာ ဇန်နဝါရီ ၂၁ ရက် ညပိုင်းက ဓာတ်အား ပို့လွှတ်မှုဓာတ်အားပို့လွှတ်မှု ပြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။
မနှစ်ကလည်း လောပိတဓာတ်အားစက်ရုံက ချိတ်ဆက်တဲ့ မဟာဓာတ်အားလိုင်းများ ဖောက်ခွဲခံရပြီး ရန်ကုန်အပါအဝင် မြို့ကြီးအချို့ မှာ အချိန်ကြာမြင့်စွာ ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
Photo – CRD (ယမန်နေ့ညပိုင်းက ဖောက်ခွဲခံရသည့် မဟာဓာတ်အားလိုင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ – UKSY)