နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

ဆောင်းပါးများ

ဆောင်းပါးများ အမေရိကန် ဥရောပ

အိုက်ကာဦ ရေလွှာလျှောစီးပြိုင်ပွဲ

ကမ္ဘာပေါ်တွင် အကျော်ကြားဆုံးနှင့် လူပြောအများဆုံး ရေလွှာလျှောစီးပြိုင်ပွဲများထဲမှ တစ်ခုဖြစ်သည့် ရေလွှာလျှောစီး ပြိုင် ပွဲကို ဟာဝိုင်အီတွင် ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တနင်္ဂနွေနေ့တွင် ကျင်းပမည်ဟု ခန့်မှန်းရသည်။ ယခုနှစ်တွင် အမျိုးသမီး ရေလွှာလျှောစီးသူများသည် The Eddie Aikau Big Wave Invitational ပြိုင်ပွဲ ၏ ၃၉ နှစ်ကြာ သမိုင်းတွင် ပထမဆုံးအကြိမ် အမျိုးသားများနှင့်အတူ ယှဉ်ပြိုင်မည်ဖြစ်သည်။

“အက်ဒီ” ဟု ရိုးရှင်းစွာသိကြတဲ့ ထိုပြိုင်ပွဲကို အိုအာဟူ မြောက်ပိုင်းကမ်းခြေ (Oahu’s North Shore) မှာရှိတဲ့ ဝိုင်မေအာပင်လယ်အော် (Waimea Bay) မှာ ကျင်းပမည့် တစ်ရက်တာ ပြိုင်ပွဲဖြစ်ပြီး လှိုင်းကြီးတဲ့ ဆောင်းရာသီမှာ လှိုင်းစီးပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ပြီး၊ ဆောင်းရာသီ ဒီဇင်ဘာလလယ်မှ မတ်လ လယ်အထိ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပသည့် ပြိုင်ပွဲဖြစ်ပါသည်။

ဟာဝိုင်အီ၏ တိုင်းတာချက်များအရ “ကြီးမားသော” ဆိုသည်မှာ ပေ ၂၀ (၆ မီတာ) လှိုင်းအမြင့် ဖြစ်သည်။ ၎င်းသည် ယခုနှစ် မတိုင်မီက အမေရိကန်ပြည်ထောင်စုတွင်ရှိ နည်းလမ်းအားလုံးဖြင့် တိုင်းတာသည့်အခါ ပေ ၄၀ (၁၂ မီတာ) ခန့်နှင့် ညီမျှသည်၊ ယခုပြိုင်ပွဲသည် ၁၉၈၄ ခုနှစ် ကနဦးပြိုင်ပွဲမှ ကိုးကြိမ်တိုင်တိုင် ကျင်းပခဲ့သည့် အခြေအနေများနှင့် ကိုက်ညီပါသည်။ ပွဲစီစဉ်သူ 

“ကလွိုက်အိုင်ကာအူ (Clyde Aikau)” က ဟာဝိုင်ယီ တိုင်းတာမှုအရ လှိုင်းအမြင့်သည် ၂၅-၃၀ ပေ (၇.၆-၉ မီတာ) သို့မဟုတ် တနိုင်ငံလုံး အတိုင်းအတာအရ ပေ ၅၀-၆၀ (၁၅-၁၈ မီတာ) အထိ ရောက်ရှိမည်ဟု မျှော်လင့်ထားကြောင်း သောကြာနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “ဟုတ်ပါတယ်၊ ပြိုင်ပွဲကို တနင်္ဂနွေနေ့မှာ ကျင်းပသွားမှာပါ” ဟု ၎င်းက ပြောသည်။

ကမ္ဘာတစ်ဝှမ်းရှိ အခြားနေရာများတွင် လှိုင်းကြီးများကိုစီးသည့် လှိုင်းစီးပွဲများရှိသည်- ကယ်လီဖိုးနီးယားရှိ မာဗရစ်စ် (Mavericks)၊ ပေါ်တူဂီရှိ နာဇာရေ (Nazare) နှင့် ဟာဝိုင်ယီ မာဝီ (Hawaii’s Maui) ကျွန်းရှိ ပီအာဟီ (Peahi) တို့တွင်လည်း ကျင်းပကြသည်။ သို့ရာတွင် စာရေးဆရာ စတူဝပ်ကိုလ်မင် (Stuart Coleman) ကတော့ “အက်ဒီ” ပြိုင်ပွဲကို ဒဏ္ဍာရီဆန်ဆန် ဌာနေဟာဝိုင်ယီလူမျိုး “အက်ဒီအိုက်ကာဦ (Eddie Aikau)” ကို သူ၏ကိုယ်ကျိုးမဖက်မှု၊ သတ္တိနဲ့ အနစ်နာခံမှုတွေအတွက် ဂုဏ်ပြုမှည့်ခေါ်ထားသည်ဟု ဆိုပါသည်။

“ဒီပြိုင်ပွဲကို အထူးခြားဆုံး ဖြစ်စေတာကတော့ သူနေထိုင်ခဲ့တဲ့အချိန်နဲ့နေရာကို တကယ်ကို ကျော်ဖြတ်ခဲ့တဲ့ လူတစ်ဦး တစ်ယောက်ရဲ့ အမှတ်ရစရာပါပဲ” ဟု အိုက်ကာဦ၏ အတ္ထုပ္ပတ္တိဖြစ်သော Eddie Will Go ကို ရေးခဲ့သော ကိုးလ်မန်းက ပြောကြားခဲ့သည်။

နာမည်အရှည်ကောက် Edward Ryon Makuahanai Aikau သည် အိုအာဟူ မြောက်ပိုင်းကမ်းခြေတွင် အသက်ကယ်စောင့်အဖြစ် အလုပ်လုပ်ရန်အတွက် ဟိုနိုလူလူမှ ငှားရမ်းထားသောသူဖြစ်ပြီး လူ့အသက်များကို သူ၏ စွန့် စားကယ်တင်မှုကြောင့် ပထမဆုံး အသက်ကယ်စောင့်အဖြစ် ထင်ရှားလာပြီး သူ၏အသက်မွေးဝမ်းကြောင်းအတွင်း လူပေါင်း (၅၀၀) ကျော်ကို ကယ်တင်ခြင်းအတွက် လေးစားမှု ခံခဲ့ရသည်။ သူသည် မည်သူမျှ မစီးရဲသော လှိုင်းလုံးကြီးများပေါ် လှိုင်းစီးခြင်းကြောင့်လည်း ကျော်ကြားသည်။

အက်ဒီအိုက်ကာဦသည် ဟိုနိုလူလူမှ တဟီတီ (Tahiti) သို့ ရိုးရာပိုလီနီးရှားရေကြောင်းခရီးကို ကနူးလှေဖြင့် လေ့လာရေး ခရီးထွက်ခွာလာစဉ်အတွင်း အသက် ၃၁ နှစ်အရွယ် ၁၉၇၈ ခုနှစ်တွင် သေဆုံးသွားခဲ့သည်။ ဆိပ်ကမ်းမှ နာရီအနည်းငယ်အကြာတွင် ဟိုကူလေအာ (Hokulea) ဟု လူသိများသော ဧရာမသင်္ဘောနှစ်စင်းပါသော ကနူးလှေကြီးသည် ရေပေါ်သို့ တက်ကာ မုန်တိုင်းထန်သော ရာသီဥတုတွင် မှောက်သွားခဲ့သည်။

အိုက်ကာဦသည် အနီးနားရှိ လင်နိုင် (Lanai) ကျွန်းသို့ မိုင်ပေါင်းများစွာ လှော်တက်နှင့်လှော်ပြီး ကျန်အဖွဲ့သားများအတွက် အကူအညီရယူရန် ၎င်း၏ လှိုင်းစီးဘုတ်ပြား (surfboard) ဖြင့် အကူအညီ ထွက်ရှာခဲ့သော်လည်း နောက်ပိုင်းတွင် သူ့ကို မတွေ့ရတော့ပေ။ စီးပွားရေးသုံးလေယာဉ် တစ်စင်းက အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့သို့ ကနူးသင်္ဘောကို တွေ့ရှိသည့် သတင်းကို သတိပေးခဲ့ပြီးနောက် နာရီအနည်းငယ် အကြာတွင် ကျန်သင်္ဘောသားများကို ကယ်ဆယ်နိုင်ခဲ့သည်။ ကိုလ်မင်က “အက်ဒီ” သည် လှိုင်းကြီးစီးခြင်း၏ အကောင်းဆုံး နေရာတခုဖြစ်ပြီး ဟာဝိုင်ယီ ယဉ်ကျေးမှု၏ အကောင်းဆုံး အကြောင်း အရာတခုလည်းဖြစ်သည်။

“ကျင်းပတဲ့ကာလကို စတင်ကျင်းပဖို့ စုဝေးကြတဲ့ ဖွင့်ပွဲအခမ်းအနားမှာ အမြဲတမ်း ပြောလေ့ရှိတာက ‘ဒါဟာ ပြိုင်ပွဲတစ်ခုတင် မဟုတ်ပါဘူး။ ငါတို့က အချင်းချင်း လှိုင်းစီးပြီး ပြိုင်နေကြတာ မဟုတ်ဘူး။ ငါတို့ အားလုံးက “အက်ဒီ” ရဲ့ စိတ် ဓာတ်နဲ့ လှိုင်းစီးနေတာဖြစ်တယ်” ဟု ကိုးလ်မန်းက ပြောသည်။ ယခုနှစ်တွင် ပွဲစီစဉ်သူများသည် ကမ္ဘာတစ်ဝှမ်းမှ ပြိုင်ဖက် ၄၀ နှင့် အလှည့်ကျ ၁၈ ဦးကို ဖိတ်ကြားထားပြီး ကမ္ဘာ့လှိုင်းစီးပြိုင်ပွဲတွင် စံချိန် ၁၁ ကြိမ်ရရှိခဲ့သည့် ကယ်လီစလေတာ (Kelly Slater) အပါအဝင်၊ မြောက်ဖက်ကမ်းခြေတွင် ကျော်ကြားသော ဂျွန်ဂျွန်ဖလောရန့်စ်သည် ကမ္ဘာ့ချန်ပီယံဆု နှစ်ကြိမ်တိုင်တိုင် ဆွတ်ခူးထားသူဖြစ်ပြီးသူကိုလည်း ပါဝင်ရန် တောင်းဆိုထားသည်။

ကဝိုင်အီမှ အမျိုးသမီး လှိုင်းလုံးကြီးစီးသူ ရေလှိုင်းချန်ပီယံ ကီယာလာကင်နယ်လီ (Keala Kennelly) သည်လည်း အမျိုး သမီး ဖိတ်ကြားသူများထဲတွင် ပါဝင်ပါသည်။ ဟိုနိုလူလူ၏နာမည်ကျော် ကြေညာသူ မင်ဒီပဲနီဘက်ကာ (Mindy Penny-backer)သည် အမျိုးသမီးများ လှိုင်းကြီးစီးသည်ကို အားပေးသည့် “Surfing Sisterhood Hawaii:Wahine Recla-iming the Waves” မကြာမီထွက်လာမည့် စာအုပ်ကို ရေးသားသူဖြစ်သည်။

သူက လှိုင်းကြီးများကို တက်စီးခြင်းသည် အမျိုးသမီးများအတွက် အန္တရာယ်များလွန်းပြီး ထိုနေရာတွင် လှိုင်းစီးခြင်း မပြုနိုင်ဟု ယူဆထားသည်မှာ ကြာမြင့်ပြီ ဖြစ်သည်။ အမျိုးသမီးများ အနေနှင့် ပြိုင်ပွဲတွင်ပါဝင်ရန် တိုက်ပွဲဝင်ခဲ့ရပြီး တစ်ချိန်တည်းတွင် ၎င်းတို့သည် ကမ္ဘာတစ်ဝှမ်းရှိ နေရာများတွင် လှိုင်းကြီးများကို ကိုင်တွယ် စီးနင်းနိုင်ကြောင်း ပြသနိုင်ရမည်ဟု ပြောသည်။

“လှိုင်းစီးနေသည့် အမျိုးသမီးများသာမက အမျိုးသမီးများနှင့် အမျိုးသားများသည် အပြန်အလှန် လေးစားမှုနှင့် တန်းတူညီမျှမှုဖြင့် တူညီသောဖြစ်ရပ်ကို အတူတကွမျှဝေကြသည်ကို မြင်တွေ့ရခြင်းအတွက် ကျွန်ုပ်သည် အမှန်တကယ်ပင် ပီတိဖြစ်မိပါသည်” ဟု ပင်တီဘက်ကာ မှ ပြောကြားခဲ့သည်။ အဆိုပါပြိုင်ပွဲသည် မြောက်ဘက်ကမ်းရိုးတန်းကိုဖြတ်၍ ကွေ့ ကောက်နေသော နှစ်လမ်းသွား အဝေးပြေးလမ်းမကြီးနှင့် ကမ်းရိုးတန်း ကမ်းခြေတလျှောက် အစက်အပြောက်ရှိသော မြို့ငယ်လေးများ တွင်ရှိသည့် ပရိသတ်ထောင်ပေါင်းများစွာကို ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ရသည်။

North Shore Neighborhood ဘုတ်အဖွဲ့၏ ဥက္ကဋ္ဌ ကက်တလင်း ဖဟီနူအီ (Kathleen Pahinui) က ဤပြိုင်ပွဲသည် စီးပွားရေးလုပ်ငန်းများ၊ စားသောက်ဆိုင်များနှင့် ဈေးဆိုင်များအတွက် ကောင်းမွန်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လမ်းများပိတ်ဆို့ နေသောကြောင့် ကားကြုံနှင့် ဘတ်စ်ကားစီးရန် ဧည့်သည်များကို တိုက်တွန်းခဲ့သည်။ “ပါဝင်သူအားလုံးကို ကံကောင်းပါစေလို့ ဆုတောင်းပါတယ်” လို့ သူမက ဆိုပါသည်။

Source: အေပီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 50 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 57 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 54 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 39 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော