ဟန်ဒေ (Hyundai) သည် ၎င်း၏ လျှပ်စစ်ကား Q4 ထုတ်လုပ်ရောင်းချမှုတွင် နှစ်ဆကျော် အမြတ်အစွန်း ရရှိခဲ့သည့် အတွက် လျှပ်စစ်ကားထုတ်လုပ်မှုကို ပိုမိုတွန်းအားပေးလာခဲ့သည်။ တောင်ကိုးရီးယား ကားထုတ်လုပ်သူသည် ထောက်ပံ့ရေး ကွင်းဆက်များကို လုံခြုံစေကာ အမေရိကန် တွင်စက်ရုံကို တည်ဆောက်သည်။
တောင်ကိုရီးယား မော်တော်ကား ထုတ်လုပ်သည့် ကုမ္ပဏီသည် ကမ္ဘာ့ဈေးကွက်တွင် ၎င်း၏ လျှပ်စစ်ကားများကို ဝယ်အားကောင်းသောကြောင့် ၎င်း၏ လုပ်ငန်းလည်ပတ်မှုအမြတ်သည် ယခင်နှစ် အလားတူကာလထက် စတုတ္ထ သုံးလပတ်တွင် နှစ်ဆကျော် တိုးလာသည်ဟု ကုမ္ပဏီက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
ဟန်ဒေ၏ လုပ်ငန်းဆောင်ရွက်မှုအမြတ်သည် တစ်နှစ်ထက်တစ်နှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ဝမ် ၃.၄ထရီလီယံ (ဒေါ်လာ ၂.၈ ဘီလီယံ) သို့ ၁၁၉.၆% ခုန်တက်သွားပြီး ဝင်ငွေ ၂၄.၂% မှ ၃၈.၅ ထရီလီယံဝမ်အထိ တိုးလာသည်။ တစ်ချိန်တည်းမှာပင် အသားတင်အမြတ်ငွေသည် ၁၄၃.၈% မှ ဝမ် ၁.၇ ထရီလီယံ သို့ တစ်နှစ်ထက်တစ်နှစ် တိုးလာသည်။
ဟန်ဒေသည် လျှပ်စစ်ကားများ ရောင်းချမှု မြင့်တက်လာခြင်းနှင့် အမေရိကနှင့် ဥရောပ အပါအဝင် အဓိကဈေးကွက်များတွင် မော်ဒယ်အသစ်များ မိတ်ဆက်ခြင်းတို့ကို သုံးစွဲသူများက နှစ်သက်သဖြင့် ရလဒ်ကောင်းများ ထွက်ပေါ်လာခြင်းဖြစ် သည်။ ကုမ္ပဏီသည် ပြည်တွင်းဈေးကွက်အပါအဝင် ၎င်း၏ကမ္ဘာ့ လျှပ်စစ်ကား EV များ အရောင်းအား ၂၀၂၂ မှ ယခုနှစ်တွင် ၃၃၀,၀၀၀ သို့ ၅၈% အထိ မြှင့်တင်ရန် ရည်မှန်းထားသည်။
မော်တော်ယာဉ်အစိတ်အပိုင်းများ ထောက်ပံ့မှု ပိုမိုကောင်းမွန်လာခြင်းသည် ယမန်နှစ်က ထုတ်လုပ်မှုကို တိုးမြင့်လာစေ သည်ဟု ဟန်ဒေမှ ပြောကြားခဲ့သည်။ “ ကုမ္ပဏီသည် ၎င်း၏ လျှပ်စစ်ကားထုတ်လုပ်မှု၌ ခေါင်းဆောင်မှုကို ခိုင်မာစေရန်အတွက် ယခုနှစ်တွင် Kona EV နှင့် Ioniq 5 N တို့ကိုလည်း မိတ်ဆက်သွားပါမည်” ဟု ဟန်ဒေမှ ရလဒ်များကို ထုတ်ပြန်ပြီးနောက် ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။ “ ထို့ပြင်၊ ကုမ္ပဏီသည် ၎င်း၏ လျှပ်စစ်ကား အရောင်းကို ပိုမိုချဲ့ထွင်ရန်အတွက် ယခုနှစ်တွင် ကမ္ဘာ့ဈေးကွက်အသီးသီးတွင် ဖြန့်ကြက်မည့် Ioniq 6 ကို မျှော်လင့်ထားသည်။”
ကမ္ဘာ့ပဉ္စမမြောက် အကြီးဆုံး ကားထုတ်လုပ်သူအဖြစ် ဖွဲ့စည်းထားသည့် ဟန်ဒေသည် ဘက်ထရီထုတ်လုပ်သူများနှင့် ပူး ပေါင်းကာ လျှပ်စစ်ကား ထုတ်လုပ်မှုအတွက် ထောက်ပံ့ရေးကွင်းဆက်များကို လုံခြုံစေပါသည်။ ဟန်ဒေနှင့် တောင်ကိုရီးယား၏ LG Energy Solution တို့သည် ၂၀၂၁ ခုနှစ်တွင် အင်ဒိုနီးရှားတွင် ဖက်စပ်လုပ်ငန်းကို စတင်ခဲ့ပြီး လာမည့်နှစ်မှ စတင်ကာ EV ဘက်ထရီများ ထုတ်လုပ်ရန် စီစဉ်ထားသည်။
“ ကိုရီးယားကား ထုတ်လုပ်သူတွေဟာ သူတို့ရဲ့ ခိုင်မာတဲ့ မော်ဒယ်လိုင်းနဲ့ တင်သွင်းဖို့ စောင့်ဆိုင်းနေတဲ့ လိုအပ်ချက်တွေကြောင့် သူတို့ရဲ့ ပြိုင်ဘက်တွေနဲ့ ယှဉ်ရင် ပိုအားကောင်းတဲ့ အနေအထားကနေ ရုန်းထွက်နိုင်မယ်လို့ ကျွန်တော်တို့ ထင်ပါတယ်” ဟု Nomura သူတေသန၏ သုံးသပ်သူ အင်ဂျလာဟောင် (Angela Hong) က ယခုလအစောပိုင်းတွင် ပြောကြားခဲ့ပါသည်။
သမ္မတ ဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့က လျှပ်စစ် ကားများအတွက် အခွန်အခများကို ခရက်ဒစ်ပေးမည် ဖြစ်သော်လည်း ပြည်တွင်း၌သာ ထုတ်လုပ်သည့် မော်တော်ယာဉ်များအတွက်သာပေးသဖြင့် ဟန်ဒေသည် ၎င်း၏ အဓိက ဈေးကွက်ဖြစ်သော အမေရိကန်တွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ဝါရှင်တန်၏မူဝါဒကို လိုက်နာရန် ဟွန်ဒိုင်းသည် ပြီးခဲ့သောနှစ်တွင် အမေရိကန်တွင် ၎င်း၏ပထမဆုံး လျှပ်စစ်ကား EV စက်ရုံကို စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၅ ခုနှစ်မှစ၍ ဂျော်ဂျီယာပြည်နယ်တွင် မော်တော်ယာဉ်များ ထုတ်လုပ်မည်ဖြစ်သည်။
Source: Nikkei