မန်ယူအသင်းမှာ အငှားနဲ့ လာကစားနေတဲ့ နယ်သာလန်တိုက်စစ်မှူးဝက်ဟော့စ်က သူ့အနေနဲ့ မန်ယူအသင်းမှာ ကာလရှည်ဆက်ကစားဖို့ ဆန္ဒရှိနေတဲ့အကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မန်ယူအသင်းဟာ အသက် ၃၀ အရွယ် ဝက်ဟော့စ်ကို ဇန်နဝါရီစျေးကွက်အတွင်း ဘန်လေအသင်းကနေ အငှားနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အဲဒီအငှား စာချုပ်က ယခုရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
ဝက်ဟော့စ်ဟာ မန်ယူအသင်းကို ရောက်ရှိလာပြီးနောက် အာဆင်နယ်နဲ့ရင်ဆိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ နော်တင်ဟမ် ဖောရက်စ်နဲ့ရင်ဆိုင်ကစားခဲ့တဲ့ လိဂ်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ ပါဝင်ကစားခွင့်ရခဲ့ပြီး ၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
မန်ယူအသင်းကို ရောက်တာမကြာသေးပေမယ့် ပထမဦးဆုံးရက်သတ္တပတ်မှာပဲ အလျင် အမြန်အထိုင် ကျလာတဲ့ ဝက်ဟော့စ်က သူ့အနေနဲ့ မန်ယူအသင်းမှာ ကာလရှည်ကစားချင်တယ်လို့ ထုတ်ဖော်ပြောလာ ခဲ့တာပါ။ မန်ယူအသင်းဟာ တိုက်စစ်မှူးသစ်တစ်ဦးခေါ်ယူဖို့ ပြင်ဆင်နေတာကြောင့်လည်း အဲဒီနေရာကို သူဖြည့်ဆည်းပေးချင်တယ်လို့လည်းဆိုပါတယ်။
ဝက်ဟော့စ်က “ မန်ယူအသင်းမှာ လိုအပ်နေတဲ့နေရာကို ကျတော်အစားထိုးနိုင်လိမ့်မယ်လို့ အပြည့်အ၀ယုံကြည်ပါတယ်။ မာရှယ်ကလည်း အထောင်တိုက်စစ်မှူးနေရာအတွက် အကောင်းဆုံးကစားသမားပါ။ ကျတော်က အဲဒီနေရာကို ထပ်ပြီးအားဖြည့်ပေးချင်တာပါ”လို့ ထုတ်ဖော်ပြောသွားခဲ့တာဖြစ်ပါတယ်။