ယင်းမာပင်မြို့နယ် မြရိပ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၂၄) ရက်က မီးရှို့ဖျက် ဆီးခဲ့တဲ့ရုပ်သံကို Era’sEyes က ရရှိထားပါတယ်။ အဲဒီ ရုပ်သံမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ အကြမ်းဖက် စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေအပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချိန်မှာ အခုလိုမီးရှို့ခံထားရတာကို ရိုက်ကူးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တော်လှန်ရေးရဲဘော်ရဲ့ အိမ်ပါ မီးရှို့ခံရထဲ အထဲပါဝင်ခဲ့ပြီး သူကိုယ်တိုင်ပဲ မီးရှို့ခံထားရတဲ့နေရာကို နယ်မြေရှင်းလင်းရင်း နဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ တော်လှန်ရေးလုပ်တဲ့ ရဲဘော်တွေရဲ့ နေအိမ်တွေရွာတွေကို မီးတင်ရှို့ပြီး ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ မြေပြင်မှာ PDF တပ်ဖွဲ့တွေကို မယှဉ်နိုင်တဲ့ နောက်ဆုံးမှာ အခုလို ဒေသခံ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီး တာတွေကို လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။