နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီက ‌ရခိုင်ဒေသရှိ စစ်ဘေးရှောင်စခန်းမှ ဒေသခံများကို နေရပ်ပြန်ဖို့ ဖိအားပေး / ဖိအား ဘယ်လောက်ပေးပေး လုံခြုံမှု မပေးသရွေ့ နေရပ်မပြန်ဘူးလို့ စစ်ဘေးရှောင်တွေက ပြောဆို

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတွေမှာ စစ်ဘေးရှောင် ၇ သောင်းနီးပါး ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၉ ခုနှစ်၊ မတ်လအတွင်းက ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့မှုကြောင့် ထွက် ပြေး ခိုလှုံနေခဲ့ကြတဲ့သူတွေဖြစ်ပြီး အခုအချိန်ထိ နေရပ်မပြန်နိုင်သေးတဲ့ သူတွေလည်း အများအပြားရှိနေတာ ဖြစ်ပါတယ်။

မြောက်ဦးမြို့၊ သျှစ်သောင်းဘုရားပုရဝဏ် စစ်ဘေးရှောင်စခန်းမှာ မောင်သာကုန်း၊ ရွာဟောင်းတောရွာ၊ ပေါက်တောပြင်၊ ဝေသာလီကျေးရွာတို့မှ စစ်ဘေးရှောင်တွေရှိနေသလို ရသေ့တောင်မြို့နယ်က လူတချို့ လည်း ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ဝန်ကြီးတွေဖြစ်ကြတဲ့ ဒေါ်သက်သက်ခိုင်၊ ဦးကိုကိုလှိုင်၊ ဦးမြင့်ကြိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ် စစ်ကောင်စီဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ဦးထိန်လင်း တို့အနေနဲ့ ဖေဖော် ဝါရီ (၈) ရက် ကနေ (၁၀) ရက် အထိ ရခိုင်ပြည်နယ် စစ်ဘေးရှောင်စခန်းတွေနဲ့ အိုင်ဒီပီ ( IDP) ဒုက္ခသည် စခန်းတချို့ကို သွားရောက်ခဲ့ကြပါတယ်။

စစ်ကောင်စီရဲ့ ဝန်ကြီးအဖွဲ့ကတော့ စစ်ဘေးရှောင်စခန်းတွေမှာ ရှိနေတဲ့သူတွေကို အခုမိုးတွင်း မရောက်ခင် ကိုယ်စီအိမ်ပြန်ကြဖို့ ပြောဆိုမှုတွေရှိခဲ့တာပါ။ ဒီလို လာရောက် ပြောဆိုတာတွေ၊ လုပ်ဆောင်တာတွေက ယောင်ပြသက်သက်သာ ဖြစ်သ လို အနှစ်မပါတဲ့ လုပ်ရပ်တစ်ခုသာ မြင်တယ်လို့ မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်နေ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောဆိုပါသေးတယ်။


Photo – APK – ရခိုင်ပြည်နယ် စစ်ဘေးရှောင်စခန်းတခုကို မြင်တွေ့ရစဥ်။

ဘယ်သူတွေ ဘယ်လို ဖိအားပေးပေး မမှု့ တော့ဘူး ၊ အိမ်ပြန်ကြဖို့ လာပြောလည်း ဂရုစိုက်နေမှာ မဟုတ်တော့ဘူး ၊ လုံခြုံတဲ့နေရာမှာ နေတာကသာ အကောင်းဆုံးဖြစ်တယ် ၊ ဘယ်သူမှ အိမ်မပြန်ချင်သူ မရှိဘူး ၊ အကုန်လုံး ကိုယ့်အိမ် ကိုယ်ပြန်ချင်ကြတဲ့ သူတွေချည်းပါပဲလို့ ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတွေကို ရောက်ရှိနေတဲ့ ဒေသခံအများစုက ပြော ဆိုနေကြတာပါ။

စစ်ကောင်စီ ဘက်က ကိုယ့်အိမ်ကို ပြန်ဖို့ ပြောလာပြီး လာမယ့် မိုးတွင်း မရောက်ခင် အိမ်ပြန်ဖို့ သူတို့က ဖိအားပေးပြောဆိုခဲ့တယ်လို့သိရပါတယ်။ တကယ်လို့ အိမ်ပြန်ခဲ့ရင် ထောက်ပံ့ကြေးငွေ ငါးသိန်းစီ ပေးမယ့်အပြင် စားနပ်ရိက္ခာ (၃) လစာပေးမယ်လို့လည်း စစ်ကောင်စီဘက်က ဆွဲဆောင်ထားပါသေးတယ်။

မီးလောင်ပျက်စီးသွားတဲ့အိမ် ရှိရင်လည်းပြန်လည် ပြုပြင်ပေးသွားမှာ ဖြစ်တယ်လို့ ‌ရခိုင်စစ်ဘေးရှောင်တွေကို မိမိနေရပ်ကို ပြန်နေထိုင်ဖို့အတွက် စစ်ကောင်စီဘက်က ‌တာဝန်ရှိသူတွေက နေရပ်ပြန်ဖို့အတွက်ပြောဆိုခဲ့ကြတာပါ။ မိမိနေရပ်ကို ပြန်လျှင်လည်း ဒေသခံတွေ အနေနဲ့ စိုးရိမ်ပူပန်မှုတွေရှိနေတဲ့အတွက် ‌အိမ်မပြန်ဖြစ်ရတဲ့အကြောင်းအရင်းကို စစ်ဘေးရှောင်စခန်း က ဒေသခံတဦးက အခုလိုပြောပါတယ်။

“ ‌ဒါတွေယူပြီး ပြန်သွားပြီဆိုပါစို့ ၊ ပြန်ပြီးတော့ တဒိုင်းဒိုင်းဖြစ်ရင် ဘယ်လိုလုပ်မလဲ ပေးတဲ့ ငွေငါးသိန်းလည်း အပိုဖြစ်မှာ ၊ အခုက တည်ငြိမ်နေတယ်ဆိုပေမယ့် ဘယ်အချိန်ထဖောက်မယ်ဆိုတာ မသိဘူးလေ။ ဘယ်နေရာမှာမှ စိတ်မချရဘူး။ လုံခြုံစိတ်ချရတဲ့တစ်နေ့ တစ်ပြားတစ်ချပ် မရလည်းပြန်မယ်” လို့ မြောက်ဦးမြို့၊ သျှစ်သောင်းဘုရား ပုရဝဏ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းကို ရောက်ရှိနေတဲ့ ရွာဟောင်းတောရွာသားတဦးက Era’s Eye ကို ပြောပါတယ်။

စစ်ရှောင် စခန်းကို ရောက် ရှိနေတဲ့ မောင်သာကုန်းရွာသားတဦးက တိုက်ပွဲဖြစ်ပွားတုန်းက ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တချို့ကို အခုလို ပြောပြပါတယ်။ ” သေနတ်တွေ တကားကားနဲ့ မိုက်တဲ့အကောင်ထွက်ခဲ့။ ကျည်တစ်ထောင့်ပဲ။ အကုန်သေသွားမယ်မှတ်။ အမျိုးယုတ်တွေ အဲလို ရမ်းကားတာ။ ပြီးတော့ တွေ့ရာ ရမ်းသမ်းပစ်တယ်။ ကိုယ်တွေကတော့ တွေ့ကရာ ဝင်ပုန်းရတယ်။ ရမ်းပစ်တာထက် ရစရာမရှိအောင် ဆဲဆိုတာလောက် နာတာမရှိဘူး။ ဒါတွေကို တစ်သက် မမေ့ဘူး။ ပြောရတာ ကြောက်လည်းကြောက်တယ်။ ရွံလည်း ရွံတယ်” လို့ သူက ပြောပြခဲ့တာပါ။

စစ်ကောင်စီခန့် ဝန်ကြီးအဖွဲ့အနေနဲ့ ဒေသခံတွေရဲ့ အခက်အခဲစကားသံတွေကို နားမထောင်ခဲ့သလို ပြန်ပြောပိုင်ခွင့်လည်းမရခဲ့ကြပါဘူး။ တဖက်မှာလည်း စစ်ကောင်စီက ပြုလုပ်မယ့်ရွေးကောက်ပွဲလည်း နီးကပ်လာတဲ့အတွက် နိုင်ငံတကာကို သိအောင် အခုလို တမင်လုပ်ဆောင်တာ လည်း ဖြစ်နိုင်တယ်လို့ ပြောဆိုနေကြတာပါ။

” အဓိကကတော့ဗျာ။ စစ်ဘေးရှောင်တွေရဲ့ လိုအပ်ချက်နဲ့ လုံခြုံရေးတွေအတွက် တာဝန်ယူမှု တာဝန်ခံ မှုပါပဲ။ ဘာလို့ဆို တိုက်ပွဲဖြစ်တာက စစ်ကောင်စီဘက်က အရင်စလို့ပဲ ဖြစ်တာဆိုတော့လေ ” လို့ စစ်ဘေး ရှောင်စခန်းတွေကို အဝင်အထွက်ရှိတဲ့ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးက Era’s Eye ကို ပြောကြားခဲ့တာပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ICNCC ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခြင်း (၅) နှစ်မြောက် အထိမ်းအမှတ်တွင် ULA/AA ဒုဥက္ကဌ‌ ဒေါက်တာညိုထွန်းအောင် မိန့်ခွန်းပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 45 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဧပြီလ ၁၃ရက် နေ့တွင် ကျင်းပခဲ့သော ICNCC ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ
မြန်မာသတင်း

ရုရှားသမ္မတ ပူတင်က ခရစ်ယန်ရှေးရိုးအော်သိုဒေါ့စ် အီစတာပွဲတော်အတွက် ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေး ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 42 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင် သည် အော်သိုဒေါ့စ် အီစတာ
မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့ နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 41 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကို ကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်။ ခေတ်မျက်လုံးရဲ့ပရိသတ်အပေါင်းဘေးရန်ကင်းရှင်းပြီး ချမ်းသာသုခနဲ့ပြည့်စုံနိုင်ကြပါစေ။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

NUG တော်လှန်ရေးကိုဦးဆောင်မှာလားဖြိုခွဲမှာလား?

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 48 Views
NUG တော်လှန်ရေးကိုဦးဆောင်မှာလားဖြိုခွဲမှာလား? မကွေးဖက်ဒရယ်ယူနစ်ဖွဲ့စည်းပြီးတဲ့နောက် ကာကွယ်ရေးဝန်ကြီးဖြစ်လာသူ ဗိုလ်လက်ယာကို သူတိုက်ယူထားတဲ့ ရေနံလုပ်ကွက်တွေကိုသိမ်းယူချင်တာ၊ တော်လှန်ရေးအင်အားစုတွေကို ကူညီတွေတာနဲ့ပတ်သက်ပြီး NUG ရဲ့ MOD ကပြဿနာရှာလာတာကို ဦးထွန်းအောင်ကျော်က လေ့လာသုံးသပ်တင်ပြထားပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 12 ရက်
  • 46 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကိုကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်၊ ဒီည မြန်မာစံတော်ချိန်ည ၇နာရီခွဲမှာ ခေတ်မျက်လုံး Era’s Eye YouTube Channel ကနေစောင့်မျှော်နားဆင်နိုင်ကြပါတယ်။ အချိန်ကျရင်အောက်ကလင့်ကိုကလစ်လုပ်ပြီးကြည့်နိုင်ပါတယ်။ ခေတ်မျက်လုံးရဲ့ပရိဿတ်အပေါင်းဘေးရန်ကင်းရှင်းပြီး ချမ်းသာသုခနဲ့ပြည့်စုံနိုင်ကြပါစေ။ https://www.youtube.com/@eraseyechannel ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

စေတုတ္တရာရှိ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၈)ဦး ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 45 Views
ဧပြီလ (၁၁)ရက်။ မနေ့က နံနက် (၅(နာရီအချိန်က စေတုတ္တရာမြို့ ကင်ပွန်းခြုံရွာရှိ စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ CDF-Asho ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ငဖဲနဲ့ စေတုတ္တရာလမ်းပေါ်မှာ အင်အား (၃၀)ကျော်လောက်နဲ့ တပ်စွဲထားတဲ့ ဂိတ်စန်းကို
မြန်မာသတင်း

အာရက္ခတပ်တော်၏ ၁၇နှစ်မြောက်တည်ထောင်သည့်အထိမ်းအမှတ်ကို ယောကာကွယ်‌ရေး တပ် (YDF) မှသဝဏ်လွှာပေးပို့။

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 47 Views
အာရက္ခတပ်တော်ကြောင့်ယောကာကွယ်ရေးတပ်အနေနှင့် ယောအမျိုးသားရေး လမ်းစဥ် ကိုအောင်မြင်စွာချမှတ်နိုင်ခဲ့သည့်အပြင် တပ်ဖွဲ့စည်းပုံကိုလည်း ခိုင်မာစွာတည်ဆောက် နိုင်ခဲ့ခြင်းသည် အာရက္ခတပ်တော်၏ ညီရင်းအကို စိတ်ဓါတ်ကြောင့်ဖြစ်ကြောင်းဂုဏ်ပြု ရေးသားထားသလိုအာရက္ခတပ်တော်၏မဆုတ်မနစ် မိမိရည်မှန်းချက်ကို မျက်ခြေပြတ် မခံဘဲကြိုးစားမှုကြောင့်ယခုအခါ အာရက္ခတပ်တော်သည်  မိမိရည်မှန်းချက်ကို ရရှိရန် လက်တကမ်းအလိုလောက်သာရှိတော့သည့်အတွက် စိတ်အားတက်မိကြောင်းလည်းဆိုသည်။ ရန်သူစစ်အုပ်စုကိုအမြန်ဆုံးခြေမှုန်းနိုင်စေ‌ကြောင်းလည်းရေးသားဂုဏ်ပြုခဲ့ပါသည်။
မြန်မာသတင်း

‌သင်္ကြန်ကာလ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ယာယီပိတ်မယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 37 Views
ဧပြီလ (၁၁)ရက်။ သင်္ကြန်ကာလထဲ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ဖြတ်သန်းသွားလာခွင့်နဲ့ပတ်သက်ပြီး မြို့နယ်ပကဖက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ လာမယ့် ဧပြီလ (၁၃)ရက်နေ့ကနေ (၁၇)ရက်နေ့ မြန်မာနှစ်ဆန်းတရက်နေ့အထိ မြို့ဝင်/ထွက်လမ်းတွေ အားလုံးကို ယာယီပိတ်ထားမယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်