နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကသာမြို့နယ်က ရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ အိမ်ခြေ (၄၀၀) မီးလောင်ပြာကျ

စစ်ကိုင်းတိုင်း ကသာမြို့နယ်ရှိ ‌ရွာ (၄) ရွာကို စစ်ကောင်စီက ဖေဖေါ်ဝါရီ (၁၁) ရက်မှ (၁၂) ရက် အထိနှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသံတွေဆီကသိရပါတယ်။


Photo – CJ – စစ်ကောင်စီ မီးရှို့ဖျက်ဆီးထားသည့် ကသာမြို့နယ်က ရွာများကိုတွေရစဥ်။

အဲဒီလိုမီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် နေအိမ်ပေါင်း (၄၀၀)ကျော် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေ ကပြောပါတယ်။
စစ်ကောင်စီ စစ်ကြောင်းဟာ ကသာမြို့နယ် က ရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး မယ်ငိုကျေးရွာ၊ တက်တူလယ်အခင်းစု ကျေးရွာ၊ သာယာကုန်းကျေးရွာ၊ အင်းကြီးကျေးရွာ တို့ကို နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။


Photo – CJ – စစ်ကောင်စီ မီးရှို့ဖျက်ဆီးထားသည့် ကသာမြို့နယ်က ရွာများကိုတွေရစဥ်။

အခုလို မီးရှို့‌ဖျက်ဆီးနေတာကြောင့် အနီးအနားရှိ ရွာတွေက ‌ဒေသခံပြည်သူ အကုန်နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်တပ်က ဘုန်းကြီးကျောင်း ၊ စာသင်ကျောင်းများ ပါမချန် အကုန်မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

သီပေါမြို့မှာ စစ်ကောင်စီက တရက်ထဲ ဗုံးအလုံး (၅၀)ကျော် ကြဲချကာ အရပ်သားတစ်ဦးသေဆုံးခဲ့ရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 3 Views
စက်တင်ဘာလ (၁၆)ရက်။ ဒီကနေ့ နံနက် (၉)နာရီကနေစပြီး (၁၀)နာရီထိ သီပေါမြို့ရှိ လူနေရပ်ကွက်တွေထဲ စစ်ကောင်စီက Y-12 လေယာဉ်နဲ့ ဗုံးအလုံးရေ
မြန်မာသတင်း

ကင်းပတ်ဖို့ထွက်လာတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ ဆိုင်ကယ်ယာဉ်တန်း မိုင်းဆွဲခံရ၊ (၁)ဦးသေဆုံးကာ (၂)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 3 Views
စက်တင်ဘာလ (၁၆)ရက်။ စက်တင်ဘာလ (၁၄)ရက်နေ့ နံနက် (၇)နာရီကျော်အချိန်က နတ်တလင်းမြို့၊ တောင်ညိုကွက်သစ်ရဲစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီရဲဆိုင်ကယ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နတ်တလင်းပကဖရဲ့
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဗိုလ်မှူးအဆင့်ရှိ အရာရှိ (၂)ဦး ဒေါနတပ်ရင်းထံ CDM ပြုလုပ် အလင်း၀င်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 4 Views
စက်တင်ဘာလ (၁၆)ရက်။ စက်တင်ဘာလ (၁)ရက်နေ့က စစ်ကောင်စီရဲ့ ဗိုလ်မှူးအဆင့်ရှိတဲ့ အရာရှိ (၂)ဦး CDM ပြုလုပ်ကာ အလင်း၀င်လာခဲ့တယ်လို့ ဒေါနတပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ဗိုလ်မှူးအဆင့်ရှိတဲ့ အရာရှိ (၂)ဦးဟာ ဗျူဟာ
မြန်မာသတင်း

ရှမ်းတောင်မှာ ရေဘေးသင့်ပြည်သူ (၁)သိန်းကျော်အထိရှိကာ အရေးပေါ်အကူအညီတွေ လိုအပ်နေ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 4 Views
စက်တင်ဘာလ (၁၆)ရက်။ ရှမ်းတောင်ဒေသရှိ တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်နဲ့ မောက်မယ်မြို့တို့မှာ ရေဘေးသင့်ပြည်သူ (၁)သိန်းကျော်ရှိတယ်လို့ ပအိုဝ်းလူငယ်များအစည်းအရုံး(PYO)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရှမ်းတောင်မှာ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် တောင်ကြီးခရိုင်အပါအ၀င် လွိုင်လင်မြို့နယ်နဲ့ မောက်မယ်မြို့တို့မှာ ရေကြီးတာ၊ တောင်ပြိုတာနဲ့ မြေပြိုတာတွေကြောင့်
မြန်မာသတင်း

ဖားကန့်မြို့ပေါ် စစ်‌ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ အရပ်သား (၂)ဦးသေဆုံးခဲ့ရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 4 Views
စက်တင်ဘာလ (၁၆)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲကျော်အချိန်က ဖားကန့်မြို့ပေါ်ရှိ ငှက်ပျောတောရပ်ကွက်ကို စစ်‌ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား (၂)ဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ ဒီကနေ့ နေ့လယ် (၁)နာရီ
မြန်မာသတင်း

မန္တလေးမှာ ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓါးပြတိုက်ခဲ့သူတွေ ဖမ်းမိပြီလို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 3 Views
စက်တင်ဘာလ (၁၆)ရက်။ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓါးပြတိုက်ခဲ့သူတွေထဲက (၆)ဦးကို ဖမ်းဆီးရမိခဲ့ပြီလို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၁၀)ရက်နေ့က ချောင်ချောင်ရွှေဆိုင်ပိုင်ရှင် ဦးရွှေ၀င်းဟာ မန္တလေးမြို့ထဲက ရွှေဆိုင် (၃)ဆိုင်ကို သွားရောက်ဖို့
မြန်မာသတင်း

ရေကြီးရေလျှံတာကြောင့် နိုင်ငံတ၀န်းမှာ (၁၀၀)ကျော်သေဆုံးတယ်လို့ စစ်ကောင်စီထုတ်ပြန်၊ စစ်ကောင်စီထုတ်ပြန်တဲ့ သေဆုံးစာရင်း ‌မြေပြင်အခြေအနေနဲ့ ကွဲလွဲနေ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 3 Views
စက်တင်ဘာလ (၁၆)ရက်။ စက်တင်ဘာလ (၉)ရက်နေ့ကစပြီး ရေကြီးရေလျှံတာကြောင့် နိုင်ငံတ၀န်းမှာ သေဆုံးသူ (၁၁၃)ဦးရှိပြီး ဒဏ်ရာရသူ (၁၄)ဦးရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၁၄)ရက်နေ့အထိ ရရှိထားတဲ့စာရင်းအရဆိုပြီး စစ်ကောင်စီက ထုတ်ပြန်ထားကာ
မြန်မာသတင်း

မောင်းမကန်ရဲစခန်းအနီးက စစ်ကောင်စီတပ်တွေ ပစ်ခတ်ခံရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 4 Views
စက်တင်ဘာလ (၁၆)ရက်။ စက်တင်ဘာလ (၁၂)ရက်နေ့ နေ့လယ် (၂)နာရီခန့်ကလောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းအနီးက စစ်ကောင်စီတပ်တွေကို ပစ်ခတ်ခဲ့တယ်လို့ LLPDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၂)ရက်နေ့ နေ့လယ် (၂)နာရီလောက် မောင်းမကန်ရဲစခန်းအနီးမှာ တပ်စွဲထားတဲ့