၂၀၁၄ ခုနှစ်က လီဗာပူးအသင်းခေါင်းဆောင် စတီဗင်ဂျရတ် ချော်လဲခဲ့မှုအတွက် မှတ်ချက်ပေးခဲ့သည့်အပေါ် ပြန်တောင်းပန်ခဲ့ကြောင်း မန်စီးတီးနည်းပြဂွါဒီယိုလာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မန်စီးတီးအသင်း အရေးယူခံရမယ့်အရေးနဲ့ပတ်သက်ပြီး မီဒီယာတွေရဲ့ မေးမြန်မှုကို ဖြေရှင်းခဲ့ရာမှာ ၂၀၁၄ ခုနှစ်က စတီဗင်ဂျရတ်ခြေချော်လဲမှုကြောင့် မန်စီးတီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တာ မိမိတို့အမှားလားလို့ မှတ်ချက်ပေးပြောဆိုခဲ့တာဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်မှုကြောင့် အရေးယူခံရမယ့် အရေးနဲ့ ရင်ဆိုင်နေရပြီး ဆုဖလားများပြန်သိမ်းခံရမယ်ဆိုတဲ့ ကောလဟလသတင်းတွေထွက်ပေါ်နေချိန်မှာ ဂွါဒီယိုလာက အဲဒီလို မှတ်ချက်ပေးခဲ့တာပါ။
ဂွါဒီယိုလာ က သူ့အနေနဲ့ မှတ်ချက်ပေးခဲ့တာနဲ့ပတ်သက်ပြီး စတီဗင်ဂျရတ်ထံ တောင်းပန်ခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာ က “ မလိုအပ်ဘဲ ဂျရတ်ရဲ့နာမည်ကို သုံးပြီး မှတ်ချက်ပေးခဲ့တာအတွက် ကျတော် ပြန်တောင်းပန်ခဲ့ပါတယ်။ နောက်ဆုံးဖြစ်စေရပါမယ် လို့လည်း ပြောလိုက်ပါတယ်၊ သူ့ရဲ့ ကစားသမားဘ၀ကို ကျတော် ဘယ်လောက်အားကျခဲ့ရသလဲဆိုတာ သူသိပါတယ်” လို့ ပြောသွားခဲ့တာပါ။