နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွှေဘိုခရိုင် ပကဖတပ်ရင်း (၂) က ဒေသခံတော်လှန်ရေးတပ်ဖွဲ့ Wetlet GZ Special Task Force မှ ရဲဘော်များကို ဖမ်းဆီးထား

ယမန်နေ့ ဖေဖော်ဝါရီလ (၁၈) ရက်၊ နံနက် ၉ နာရီ ခွဲတွင် ပကဖ တပ်ရင်း (၂) က ဒေသခံတော်လှန်ရေးတပ်ဖွဲ့ Wetlet GZ Special Task Force မှ လူငယ်ရဲဘော် (၇) ဦးကို ၎င်းတို့၏ စခန်းမှ မေးမြန်းစရာရှိသည်ဟု ဆိုပြီး ခေါ်ထုတ်ဖမ်းဆီးသွားခဲ့သည်ဟု ၎င်းအဖွဲ့ကို ဦးဆောင်သူ ကိုဂျီဇက်က ခေတ်မျက်လုံးသို့ ပြောကြားခဲ့သည်။

ကိုဂျီဇက်က နောက်ထပ် ၎င်း၏ ရဲဘော် ၁၂ ဦးကို ပကဖ တပ်ရင်း (၂) စခန်းသို့ ထပ်မံစေလွှတ်ခဲ့ရာ ၎င်းတို့ကိုလည်း ပြန်မလွှတ်ဘဲ ဖမ်းဆီးထိမ်းသိမ်းလိုက်ကြောင်း ပြောဆိုခဲ့သည်။

လက်ရှိအချိန်ထိ ရဲဘော် (၁၉) ဦးကို တပ်ရင်း (၂) တွင် ဖမ်းဆီးထားပြီး ယင်းဖမ်းဆီးခံရဲဘော်များထဲတွင် အမျိုးသမီးရဲဘော် (၃) ဦးလည်း ပါဝင်ကြောင်း အတည်ပြု ပြောဆိုခဲ့သည်။

ပကဖ တပ်ရင်း (၂) ၏ တာဝန်ရှိသူများကို ခေတ်မျက်လုံးမှ ဖုန်းဆက်မေးမြန်းခဲ့ရာ ရွှေဘိုခရိုင်ပလဖ တာဝန်ခံ ဦးမြင့်လင်းက (၁၉) ဦးကို ဖမ်းဆီးထားသည်မှာ မှန်ကန်ကြောင်း အတည်ပြုခဲ့သည်။ မည်သည့်အတွက်ကြောင့် ဖမ်းဆီးရသလဲဟု မေးမြန်းရာတွင် ဆားတောင်ကြီး ကျေးရွာ ပကဖ ကိုမောင်စန်းအား အမည်မသိ လက်နက်ကိုင်အဖွဲ့မှ စက်လက်သေနတ်ဖြင့် အချက် (၂၀) ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ Wetlet GZ Special Task Force မှ ရဲဘော်များအား သံသယရှိသဖြင့် ခေါ်ယူစစ်ဆေးခြင်းသာ ဖြစ်ကြောင်း ပြောခဲ့သည်။

ဖမ်းဆီးခံအဖွဲ့ခေါင်းဆောင် ကိုဂျီဇက်ကမူ မိမိတို့ အဖွဲ့တွင် စွတ်စွဲခံရသည့် သေနတ်မျိုး မရှိကြောင်းနှင့် မိမိ ခရီးထွက်သည့်အခါတိုင်း မိမိအဖွဲ့၏ ရဲဘောများကို ဖမ်းဆီးသည်မှာ ယခုအကြိမ်နှင့်ဆို ၂ ကြိမ်ရှိပြီ ဖြစ်ကြောင်း ပြောပြသည်။ ကိုဂျီဇက်က ယခင် ဝက်လက်ဗိုလ်ကျားကြီးအဖွဲ့ကို ပကဖ တပ်ရင်း (၂) က မတရားဝင်ရောက် ပစ်ခတ်၍ ဗိုလ်ကျားကြီးအဖွဲ့မှ ရဲဘော်များ ကျဆုံးမှုတွင် မိမိတို့အဖွဲ့က ဗိုလ်ကျားကြီးအဖွဲ့ဘက်မှ ရပ်တည်ခဲ့သည့် အညိုးကြောင့် ယခုကဲ့သို့ ဖမ်းဆီးခြင်းသာဖြစ်ပြီး အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ဆက်ပြောသည်။

ပကဖ တပ်ရင်း (၂) နှင့် နီးစပ်သည့် ဒေသခံများကို ခေတ်မျက်လုံးမှ ဖုန်းဆက် မေးမြန်းခဲ့ရာ ဖမ်းဆီးထားသည့်ရဲဘော်များကို ရိုက်နှက်နှိပ်စက်မှုများ ရှိကြောင်း အတည်ပြုပြောဆိုခဲ့သည်။

ခေတ်မျက်လုံး အနေနှင့် အချက်အလက်များ အတည်ပြုရန် ဒေသခံများအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဝက်လက်အရှေ့ပိုင်းတွင် ပကဖ တပ်ရင်း (၂) လက်အောက်ခံ ဗိုလ်ရိုင်ပျောက်ကျားတပ်ဖွဲ့က ပြည်သူများကို ခြိမ်းခြောက်ဆက်ကြေး ကောက်ယူမှုများလည်း ရှိပြီး ၎င်းတို့ စိတ်မထင်ပါက ခြိမ်းခြောက် မိုင်းဆွဲသည်များအထိ ရှိနေကြောင်းနှင့် လမ်းများတွင် ဂိတ်များဖွင့်ပြီး စစ်ဆေးသည့်အခါတွင်လည်း စစ်ကောင်စီထက်ပင် ဆိုးဝါးသဖြင့် ပြည်သူများအနေနှင့် အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး အခွန်ကောက်ယူသည်ဆိုပြီး သိန်းထောင်ချီ ပေးရသည်များလည်း ရှိသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် မြေပြင်သို့ ကွင်းဆင်းစစ်ဆေးပြီး အရေးယူပေးစေလိုကြောင်း ဒေသခံများက ပြောကြားခဲ့သည်။

Photo: GZ Special Task Force – Wetlet ၏ Facebook

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်ရဲ့ အဓမ္မစုဆောင်းခံရတဲ့ စစ်မှုထမ်း (၁၄)ဦး ကလေးခရိုင်ပကဖဆီ အလင်းဝင်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 0 Views
စက်တင်ဘာလ (၁၇)ရက်။ ဇူလိုင်လနဲ့ ဩဂုတ်လထဲ စစ်တပ်ရဲ့ အတင်းအဓမ္မစုဆောင်းခံရတဲ့ ပြည်သူ့စစ်မှုထမ်း (၁၄)ဦး ကလေးခရိုင်ပကဖရုံးထံ အလင်းဝင်လာခဲ့တယ်လို့ Wing of
မြန်မာသတင်း

မင်းအောင်လှိင်အမိန့်နဲ့ ကြံ့ခိုင်ရေးပါတီကို ပြောင်းရွှေ့လာတဲ့ လူ (၅၀၀)စာရင်းထွက်ပေါ်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 48 Views
စက်တင်ဘာလ (၁၇)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိင်အမိန့်နဲ့ ကြံ့ခိုင်ရေးပါတီကို ပြောင်းရွှေ့လာတဲ့ လူ (၄၈၉)ဦးစာရင်းဟာ ဒီကနေ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ထွက်ပေါ်လာခဲ့တယ်လို သိရပါတယ်။
မြန်မာသတင်း

မင်းအောင်လှိုင်နာမည်သုံးပြီး စစ်မှုထမ်းကြေး ငွေကျပ် သိန်း(၉၀)အထိ ကျောက်တန်းမြို့နယ်အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်ကောက်ယူနေ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 56 Views
စက်တင်ဘာလ (၁၇)ရက်။ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဘုန်းခန့်အောင်ဆိုသူက မင်းအောင်လှိုင်နာမည်သုံးပြီး စစ်မှုထမ်းကြေးအနေနဲ့ ငွေကျပ်သိန်း(၉၀)အထိ ခြိမ်းခြောက်ကောက်ယူနေတယ်လို့ ဒေသခံတွေရဲ့ ခေတ်မျက်လုံးထံ သတင်းပေးပို့ချက်တွေအရ သိရပါတယ်။ “ ဦးဘုန်းခန့်အောင်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အမြဲပြောနေကြရှိတယ်။ သူ့မှာ ဆရာတော်ဦးသုမနရှိတယ်၊ဆရာတော်ဦးသုမနက သူ့အခက်အခဲတွေကို
မြန်မာသတင်း

မတ္တရာမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 42 Views
စက်တင်ဘာလ (၁၇)ရက်။ မနေ့က နေ့လယ် (၁)နာရီကျော်အချိန် မတ္တရာမြို့ရှိ ဒီယာရွာနဲ့ ဥက္ကံရွာအနီးကို စစ်တပ်က လေကြောင်းကနေ (၃)ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ မတ္တရာ အရှေ့မြောက်ခြမ်းက ဒီယာရွာအနီးနဲ့ ဥက္ကံရွာအနီးကို
မြန်မာသတင်း

ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေ လိုက်နာရမယ့်ကျင့်ဝတ်တွေဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 41 Views
စက်တင်ဘာလ (၁၇)ရက်။ ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေဆိုပြီး စစ်တပ်လက်အောက်ခံ ရွေး/ကော်က မနေ့ကရက်စွဲနဲ့ အမိန့်ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တယ်လို သိရပါတယ်။ ရွေး/ကော်ရဲ့ထုတ်ပြန်ချက်ထဲ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေအနေနဲ့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲကင်းဖို၊ ဘက်မလိုက်ဖို၊ ပါတီနဲ့ ကိုယ်စားလှယ်လောင်းတွေကို ထောက်ခံအားပေးတာ၊ ဆန့်ကျင်တာနဲ့
မြန်မာသတင်း

ရွှေမှော်ကပြန်လာတဲ့ ပြည်သူ (၇)ဦးကို စစ်တပ်နဲ့ ပျူစောထီးတွေက ဖမ်းဆီးရိုက်နှက်ပြီး မီးရှို့သတ်ဖြတ်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 98 Views
စက်တင်ဘာလ (၁၆)ရက်။ စက်တင်ဘာလ (၁၂)ရက်နေ့ ညနေပိုင်းက ကန့်ဘလူမြို့မှာ ရွှေမှော်ကနေ ပြန်လာတဲ့ ပြည်သူ (၇)ဦးကို စစ်တပ်နဲ့ ပျူစောထီးတွေက ဖမ်းဆီးရိုက်နှက်ပြီး မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ လွတ်မြောက်လာသူတစ်ဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ ကျွန်‌တော်တို့က စက်တင်ဘာ
မြန်မာသတင်း

အွန်လိုင်းကနေ ထိုင်းထီနဲ့ ကုန်ပစ္စည်းတွေ ရောင်းချသူတွေကို ဖမ်းဆီးခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 84 Views
စက်တင်ဘာလ (၁၆)ရက်။ အွန်လိုင်းကနေ ထိုင်းထီနဲ့ ကုန်ပစ္စည်းတွေ ရောင်းချတဲ့ အမျိုးသမီး (၁)ဦးနဲ့ အမျိုးသား (၂)ဦးကို ဖမ်းဆီးခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်က ဖမ်းဆီးခဲ့သူတွေဟာ မန္တလေး ချမ်းမြသာစည်မြို့မှာ စံထိုက်သီ
မြန်မာသတင်း

ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား

  • 2025 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 87 Views
စက်တင်ဘာလ (၁၆)ရက်။ ဒီကနေ့ နံနက် (၆)နာရီ (၅၀)မိနစ်အချိန်က ရန်ကုန် ကျောက်တံတားမြို့ရှိ မြို့တော်ခန်းမမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုတာတွေအရ သိရပါတယ်။ “ ဟုတ်တယ်၊ မနက် (၆)ခွဲကျော်လောက် ဆူးလေဘုရားလမ်းဘက်ခြမ်းက မြို့တော်ခန်းမဘက်မှာ ဗုံးကွဲတာ။