နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွှေဘိုခရိုင် ပကဖတပ်ရင်း (၂) က ဒေသခံတော်လှန်ရေးတပ်ဖွဲ့ Wetlet GZ Special Task Force မှ ရဲဘော်များကို ဖမ်းဆီးထား

ယမန်နေ့ ဖေဖော်ဝါရီလ (၁၈) ရက်၊ နံနက် ၉ နာရီ ခွဲတွင် ပကဖ တပ်ရင်း (၂) က ဒေသခံတော်လှန်ရေးတပ်ဖွဲ့ Wetlet GZ Special Task Force မှ လူငယ်ရဲဘော် (၇) ဦးကို ၎င်းတို့၏ စခန်းမှ မေးမြန်းစရာရှိသည်ဟု ဆိုပြီး ခေါ်ထုတ်ဖမ်းဆီးသွားခဲ့သည်ဟု ၎င်းအဖွဲ့ကို ဦးဆောင်သူ ကိုဂျီဇက်က ခေတ်မျက်လုံးသို့ ပြောကြားခဲ့သည်။

ကိုဂျီဇက်က နောက်ထပ် ၎င်း၏ ရဲဘော် ၁၂ ဦးကို ပကဖ တပ်ရင်း (၂) စခန်းသို့ ထပ်မံစေလွှတ်ခဲ့ရာ ၎င်းတို့ကိုလည်း ပြန်မလွှတ်ဘဲ ဖမ်းဆီးထိမ်းသိမ်းလိုက်ကြောင်း ပြောဆိုခဲ့သည်။

လက်ရှိအချိန်ထိ ရဲဘော် (၁၉) ဦးကို တပ်ရင်း (၂) တွင် ဖမ်းဆီးထားပြီး ယင်းဖမ်းဆီးခံရဲဘော်များထဲတွင် အမျိုးသမီးရဲဘော် (၃) ဦးလည်း ပါဝင်ကြောင်း အတည်ပြု ပြောဆိုခဲ့သည်။

ပကဖ တပ်ရင်း (၂) ၏ တာဝန်ရှိသူများကို ခေတ်မျက်လုံးမှ ဖုန်းဆက်မေးမြန်းခဲ့ရာ ရွှေဘိုခရိုင်ပလဖ တာဝန်ခံ ဦးမြင့်လင်းက (၁၉) ဦးကို ဖမ်းဆီးထားသည်မှာ မှန်ကန်ကြောင်း အတည်ပြုခဲ့သည်။ မည်သည့်အတွက်ကြောင့် ဖမ်းဆီးရသလဲဟု မေးမြန်းရာတွင် ဆားတောင်ကြီး ကျေးရွာ ပကဖ ကိုမောင်စန်းအား အမည်မသိ လက်နက်ကိုင်အဖွဲ့မှ စက်လက်သေနတ်ဖြင့် အချက် (၂၀) ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ Wetlet GZ Special Task Force မှ ရဲဘော်များအား သံသယရှိသဖြင့် ခေါ်ယူစစ်ဆေးခြင်းသာ ဖြစ်ကြောင်း ပြောခဲ့သည်။

ဖမ်းဆီးခံအဖွဲ့ခေါင်းဆောင် ကိုဂျီဇက်ကမူ မိမိတို့ အဖွဲ့တွင် စွတ်စွဲခံရသည့် သေနတ်မျိုး မရှိကြောင်းနှင့် မိမိ ခရီးထွက်သည့်အခါတိုင်း မိမိအဖွဲ့၏ ရဲဘောများကို ဖမ်းဆီးသည်မှာ ယခုအကြိမ်နှင့်ဆို ၂ ကြိမ်ရှိပြီ ဖြစ်ကြောင်း ပြောပြသည်။ ကိုဂျီဇက်က ယခင် ဝက်လက်ဗိုလ်ကျားကြီးအဖွဲ့ကို ပကဖ တပ်ရင်း (၂) က မတရားဝင်ရောက် ပစ်ခတ်၍ ဗိုလ်ကျားကြီးအဖွဲ့မှ ရဲဘော်များ ကျဆုံးမှုတွင် မိမိတို့အဖွဲ့က ဗိုလ်ကျားကြီးအဖွဲ့ဘက်မှ ရပ်တည်ခဲ့သည့် အညိုးကြောင့် ယခုကဲ့သို့ ဖမ်းဆီးခြင်းသာဖြစ်ပြီး အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ဆက်ပြောသည်။

ပကဖ တပ်ရင်း (၂) နှင့် နီးစပ်သည့် ဒေသခံများကို ခေတ်မျက်လုံးမှ ဖုန်းဆက် မေးမြန်းခဲ့ရာ ဖမ်းဆီးထားသည့်ရဲဘော်များကို ရိုက်နှက်နှိပ်စက်မှုများ ရှိကြောင်း အတည်ပြုပြောဆိုခဲ့သည်။

ခေတ်မျက်လုံး အနေနှင့် အချက်အလက်များ အတည်ပြုရန် ဒေသခံများအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဝက်လက်အရှေ့ပိုင်းတွင် ပကဖ တပ်ရင်း (၂) လက်အောက်ခံ ဗိုလ်ရိုင်ပျောက်ကျားတပ်ဖွဲ့က ပြည်သူများကို ခြိမ်းခြောက်ဆက်ကြေး ကောက်ယူမှုများလည်း ရှိပြီး ၎င်းတို့ စိတ်မထင်ပါက ခြိမ်းခြောက် မိုင်းဆွဲသည်များအထိ ရှိနေကြောင်းနှင့် လမ်းများတွင် ဂိတ်များဖွင့်ပြီး စစ်ဆေးသည့်အခါတွင်လည်း စစ်ကောင်စီထက်ပင် ဆိုးဝါးသဖြင့် ပြည်သူများအနေနှင့် အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး အခွန်ကောက်ယူသည်ဆိုပြီး သိန်းထောင်ချီ ပေးရသည်များလည်း ရှိသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် မြေပြင်သို့ ကွင်းဆင်းစစ်ဆေးပြီး အရေးယူပေးစေလိုကြောင်း ဒေသခံများက ပြောကြားခဲ့သည်။

Photo: GZ Special Task Force – Wetlet ၏ Facebook

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မဲပေးခွင့်မဆုံးရှုံးစေဖို့ ကုလသမဂ္ဂမှာ NUG ငွေပေးသွင်းနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 27 Views
ဖေဖော်ဝါရီလ (၁၀)ရက်။ စစ်တပ်အာဏာသိမ်းဖို့ ကြိုးပမ်းတဲ့အချိန်ကစပြီး ၂၀၂၅ခုနှစ်အထိ မဲပေးခွင့်မဆုံးရှုံးစေဖို့ ကုလသမဂ္ဂကို NUG က ငွေပေးသွင်းထားတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့
မြန်မာသတင်း

ပေါက်နယ်မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ပြည်သူ (၁၀)ဦးကျော်သေဆုံး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 38 Views
ဖေဖော်ဝါရီလ (၁၀)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခန့်က ပေါက်မြို့နယ်တောင်ပိုင်းရှိ ချက်ကန်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

ဂိတ်ဖွင့်အခွန်ကောက်တာကစပြီး အကျင့်ပျက်ချစားမှုကြီးအဆင့်အထိ ရှိနေသေးတယ်လို့ NUG ဒုစစ်ဦးစီးအရာရှိချုပ်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 32 Views
တပ်မှူး‌ကြီးတွေအစည်းအဝေးမှာ ပြင်းပြင်းထန်ထန် ဆွေးနွေးခဲ့ပြီး ထိန်းကျောင်းဖို့ ဆန္ဒရှိကြတယ်လို့ဆို ဖေဖော်ဝါရီလ (၁၀)ရက်။ ဂိတ်ဖွင့် အခွန်ကောက်တာကစပြီး အကျင့်ပျက်ချူညးမှုကြီးအဆင့်အထိ ရှိနေဆဲလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒုစစ်ဦးစီးအရာရှိချုက် ဒေါက်တာ စိုးသူရဇော်က တပ်မှူးကြီးများအစည်းအဝေးနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်မှုခိုင်မာဖို့ NUCC နဲ့ NUG ဒုတိယအကြိမ် ဆွေးနွေးအဖြေရှာ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 38 Views
ဖေဖော်ဝါရီလ (၁၀)ရက်။ ဖေဖော်ဝါရီလ (၈)ရက်နေ့ ည (၇)နာရီအချိန်ကစပြီး NUCC နဲ့ NUG တို့ (၄)နာရီကျော်ကြာ ဒုတိယအကြိမ်မြောက် ဆွေးနွေးအဖြေရှာခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးဦးဆောင်မှုခိုင်မာဖို့နဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ပြီး
မြန်မာသတင်း

မုံရွာရှိ နမခအနီး ကာကင်းစခန်း တိုက်ခိုက်ခံရပြီး (၂)ပွင့်ဗိုလ်တဦးအပါအဝင် (၆)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၁၀)ရက်။ ဖေဖော်ဝါရီလ (၅)ရက်နေ့ နံနက်ပိုင်းက မုံရွာရှိ နမခဌာနချုပ်အနီး ကာကင်းစခန်းကနေ ထွက်လာတဲ့ စစ်ကော်မရှင်တပ်ကို တိုက်ခိုက်ခဲ့တယ်လို့ PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နမခနားမှာ အထိုင်ချတပ်စွဲထားတဲ့ ကာကင်းခန်းကနေ
မြန်မာသတင်း

တဖွဲ့ချင်း စကားပြောတဲ့ပုံစံမျိုး လက်မခံဘူးလို့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၁၀)ရက်။ တဖွဲ့ချင်းနဲ့ စကားပြောတဲ့ပုံစံမျိုးကို လက်ခံမှာမဟုတ်ဘူးဆိုတာ ပြောပြထားပြီးဖြစ်တယ်လို့ (၆၅)နှစ်ပြည့် ကချင်တော်လှန်ရေးနေ့အခမ်းအနားမှာ KIO ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ နေပြည်တော်အစိုးရကို ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောတယ်။ KIO တဖွဲ့ထဲနဲ့
မြန်မာသတင်း

မြိုင်နယ်ရှိ နယ်မြေရဲစခန်းက စစ်ကောင်စီတပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့ ရေစကြိုပကဖထံ အလင်းဝင်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 57 Views
ဖေဖော်ဝါရီလ (၇)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီအချိန်က မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်းက စစ်ကောင်စီတပ်သားတဦး အလင်းဝင်လာခဲ့တယ်လို့ ရေစကြိုမြို့နယ်ပကဖထံက သိရပါတယ်။ “ လင်းကတောနယ်မြေရဲစခန်းက အသက် (၁၈)နှစ်အရွယ်ရှိတဲ့ ပြည်သူ့စစ်တပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့ ရေစကြိုပကဖကို ဆက်သွယ်ပြီး အလင်းဝင်လာတာ”
မြန်မာသတင်း

အာဏာရူးနဲ့ငြိမ်းချမ်းရေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 46 Views
ဒီအပတ် ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ကြည့်ခြင်း (၃၃) ခေါင်းစဥ်ကတော့” အာဏာရူးနဲ့ငြိမ်းချမ်းရေး”ဖြစ်ပါတယ်။ ဒီနေ့ပြောမဲ့ အကြောင်းအရာ ကတော့ KNU ဥက္ကဋ္ဌစောကွယ်ထူးဝင်းကပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအား ကောင်းရေး လမ်းစဉ်ကို ချမှတ်ထားတယ်ဆိုခဲ့သလို၊ KIO ဥက္ကဋ္ဌ အင်ဘန်လှကလည်း ထိန်းချုပ်နယ်မြေတွေမှာ