ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ ချင်းဒေသကာကွယ်ရေးတပ် (CDF) တို့ သိမ်းပိုက်ထားတဲ့ ထန်တလန် ရဲစခန်းအပါ အဝင် ထန်တလန်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ချင်းအမျိုးသား တပ်မ တော် (CNA ) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာ တိုက်လေယာဥ်နဲ့ ရဲစခန်းနေရာကို လေးကြိမ်လာရောက်ဗုံးကြဲချခဲ့တာဖြစ်ပြီး ရဲစခန်းသာ ထိခိုက်ပျက်စီးခဲ့ပြီး ချင်းတပ်ဖွဲ့များ အထိအခိုက်မရှိခဲ့ဘူးလို့သိရပါတယ်။
ထန်တလန်ရဲစခန်းကို သိမ်းပိုက်ခဲ့ပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်ဟာ ထိခိုက်ဒဏ်ရာရရှိသေဆုံးမှုများရှိခဲ့ပြီး လက်နက်များကိုလည်း ချင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
အဲဒီရဲစခန်းနေရာကို အကြမ်းဖက်စစ်ကောင်စီက ပြန်သိမ်းပိုက်မယ်လို့ ထုတ်ပြန်ထားပေမယ့်လည်း လက်တွေ့မြေပြင်မှာ ချင်းတပ်ဖွဲ့က ထိန်းချုပ်ထားတာကို မယှဥ်နိုင်တဲ့အတွက် လေကြောင်းတိုက်ခိုက်မှုတွေကိုသာ ဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ် ကြောင်း ချင်းတပ်ဖွဲ့များထံကသိရပါတယ်။