ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် ယနေ့နံနက်အစောပိုင်း တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးကြောင့် အဆောက်အဦးတချို့ ထိခိုက်ပျက်စီးသွားခဲ့ ကြောင်းသိရပါတယ်။
ဘုရားသုံးဆူမြို့ စစ်ကောင်စီရဲစခန်းကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာမှ တိုက်ပွဲ စတင်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး မီးခိုးလုံးများလည်း ထွက်ပေါ်နေကြောင်း ထိုင်းနယ်စပ်သတင်းရင်းမြစ်ဖြစ်သည့် ကန်ချနာဘူရီသတင်းစဥ်၏ ဖော်ပြချက်အရ သိရသည်။
တိုက်ပွဲဖြစ်ပွားစဉ်အတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ဘုရားသုံးဆူမြို့ပေါ်ရှိ နေအိမ်အဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
Photo – CRD