နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 31 ရက်

အမေရိကန်

အမေရိကန် ဥရောပ

ပင်လယ်နက်ပင်လယ်ပြင်တွင် အမေရိကန်လေတပ် မောင်းသူမဲ့ လေယာဉ်တစ်စင်းနှင့် ရုရှားတိုက်လေယာဉ်တစ်စင်း တိုက်မိ

MQ-9 Reaper ဟု လူသိများသော အမေရိကန်လေတပ်မှ မောင်းသူမဲ့လေယာဉ်တစ်စင်းသည် ရုရှားတိုက်လေယာဉ်တစ်စင်းနှင့် တိုက်မိပြီး ၎င်း၏ပန်ကာများ ပျက်စီးသွားပြီးနောက် ပင်လယ်နက်ပေါ်တွင် ပျက်ကျခဲ့ကြောင်း အမေရိကန်စစ်တပ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

အမေရိကန်လေတပ်၏အဆိုအရ MQ-9 သည် ပင်လယ်နက်ပင်လယ်ပြင်တွင် ပျံသန်းနေစဉ် ၎င်းပင်လယ်ပြင်ပေါ်တွင် ပျံသန်းနေသည့် ရုရှား Su-27 တိုက်လေယာဉ်နှစ်စင်းမှ တစ်စီးသည် MQ-9 ရှေ့သို့ တမင်တကာ ပျံသန်းကာ လောင်စာဆီများကို စွန့်ပစ်ခဲ့သည်။

ထို့နောက် တိုက်လေယာဉ်တစ်စင်းသည် MQ9 ၏ နောက်ပန်ကာအား ပျက်စီးစေခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် အမေရိကန်လေတပ်သည် MQ9 ကို နိုင်ငံတကာရေပိုင်နက်ထဲသို့ ပျက်ကျစေခဲ့သည်။

ဖေဖော်ဝါရီလက အမေရိကန်စစ်တပ်မောင်းသူမဲ့လေယာဉ် MQ-9၊ Andersen လေတပ်အခြေစိုက်စခန်းအနီး ပျံသန်းနေစဉ်။Airman Christa Anderson/ US Air National Guard

ယူကရိန်းစစ်ပွဲအတွင်း ရုရှနှင့် အမေရိကန် တပ်ဖွဲ့ဝင်များသည် ပင်လယ်နက်တွင် လေယာဉ်များ ပျံသန်းခဲ့ကြသော်လည်း ယခုဖြစ်စဉ်သည် ပထမဆုံးသော ဖြစ်စဉ်ဖြစ်သည်။ စစ်ပွဲသည် အရေးကြီးသောအဆင့်သို့ ရောက်ရှိလာသည်နှင့်အမျှ အခြေအနေသည် တင်းမာသောအခြေအနေသို့ ရောက်ရှိသွားနိုင်သည်။

“ဒေသစံတော်ချိန် နံနက် (၇) နာရီ (၃) မိနစ် အချိန်ခန့်တွင် ရုရှား Su-27 တိုက်လေယာဉ်တစ်စင်းက MQ9 ၏ပန်ကာနှင့် တိုက်မိခဲ့ပြီး မြေပြင်မှ ထိန်းချုပ်သူများက MQ9 ကို ပင်လယ်နက်ပင်လယ်ပြင်ထဲသို့ ဖျက်ချခဲ့ရသည်။ ပျက်ကျမှု မဖြစ်မီ နိုင်ငံတကာရေပိုင်နက်အတွင်း ရုရှားတိုက်ယာဉ်နှစ်စင်းသည် အမေရိကန်၏ မောင်းသူမဲ့လေယာဉ်ပေါ်သို့ လောင်စာဆီများကို စွန့်ပစ်ကာ မောင်းသူမဲ့လေယာဉ်ရှေ့တွင် အကြိမ်များစွာ ပျံသန်းခဲ့ကြသည်။ မဆင်မခြင်၊ ပတ်ဝန်းကျင်နှင့် သဟဇာတမဖြစ်ဘဲ ပရော်ဖက်ရှင်နယ် မဆန်သည့်ပုံစံဖြင့် ပျံသန်းသွားခဲ့သည်။” ဟု အမေရိကန်လေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

Wall Street က ထရန့်အား “ ကြောက်ပြီးနောက်ပြန်ဆုတ်တဲ့သူ TACO” လို့ ခေါ်ဆို

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 7 Views
++++++++++++++++++++ “ TACO” အကြောင်း မေးမြန်းတဲ့ သတင်းထောက်ကို ထရန့်က “ စက်ဆုတ်ဖွယ်ကောင်းတဲ့မေးခွန်း” ဟု ပြောလိုက်သည်။ သမ္မတ
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ဇလန်းစကီးသည် ဂျာမနီမှ တာဝေးပစ်လက်နက်များ အကူအညီ ရရှိမည်ဖြစ်သော်လည်း တောရပ်စ် (Taurus) ဒုံးကျည်များ မပါ

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 8 Views
မေလ (၂၈) ရက်။ ယူကရိန်းသမ္မတဇလန်းစကီးသည် ၎င်း၏နိုင်ငံတွင် လက်နက်တိုက်တည်ဆောက်မှုနှင့် လက်နက်ထုတ်လုပ်နိုင်မှုတို့ကို ကြိုးပမ်းနေစဉ်အတွင်း ယူရို ၅ ဘီလီယံ (ဒေါ်လာ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

ဟားမတ်စ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အမေရိကန်၏အဆိုပြုချက်အသစ်ကို အစ္စရေးက လက်ခံလိုက်သည်ဟု အစ္စရေးပြော

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 10 Views
မေလ (၂၉) ရက်။ အမေရိကန်သံတမန် စတိ့ဗ် ဝတ်ကော့ဗ် (Steve Witkoff) ထံမှ ဟားမတ်စ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အသစ်ကို အစ္စရေးက လက်ခံလိုက်ပြီဟု အစ္စရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ အဆိုပြုချက်တွင် အသက်ရှင်ကျန်ရစ်သော
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထရန့်အစိုးရသည် ဘေဂျင်းနှင့် ကြီးမားသော တင်းမာမှုများအတွင်း တရုတ်ကျောင်းသားဗီဇာများကို ရန်လိုမှုများဖြင့် ရုပ်သိမ်းပစ်မည်ဖြစ်သည်။

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 9 Views
* ရှီကျင့်ဖျင့်၏သမီးဖြစ်သူ ဇီမင်းဇီ (Xi Mingze) လည်း အမည်တမျိုးဖြင့် ဟားဗတ်တွင် ပညာသင်ကြားလျက်ရှိသည်။ * မေလ (၂၉) ရက်။ အမေရိကန်ပြည်ထောင်စုသည် တရုတ်ကျောင်းသားများအတွက် ပြည်ဝင်ခွင့်ဗီဇာများကို ရန်လိုစွာဖြင့် ရုပ်သိမ်းမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယိုက
နိုင်ငံတကာသတင်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

အမေရိကန်သမ္မတ ပူတင်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ပြောဆိုပြီးနောက် ထရမ့်သည် ယူကရိန်းအကြောင်း လုံလောက်စွာ အသိပေးခြင်း မရှိသေးကြောင်း ကရင်မလင် ထိပ်တန်းလက်ထောက်က ပြောကြားခဲ့သည်။

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 9 Views
မေလ ၂၈ ရက် ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်ကို “မီးနဲ့ကစားနေတယ်” လို့ အမေရိကန်သမ္မတက ပြောပြီးနောက် ယူကရိန်းမှာ အခြေအနေတွေကို လုံလောက်တဲ့ အသိပေးမှု မရှိဘူးလို့ ကရင်မလင် ထိပ်တန်းလက်ထောက်တစ်ဦးက စွပ်စွဲလိုက်ပါတယ်။ ထရန့်ရဲ့ Truth Social
ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း ဥရောပ

ဂါဇာကမ်းမြောင်အခြေအနေအပေါ် အစ္စရေးကို ဂျာမန်အဓိပတိ ဝေဖန်

  • 2025 ခုနှစ်၊ မေလ 28 ရက်
  • 16 Views
“ အရပ်သားတွေရဲ့ ကံကြမ္မာနဲ့ သူတို့ရဲ့ ဆိုးရွားလှတဲ့ဒုက္ခတွေကြောင့် ကျွန်တော်တို့ ဝမ်းနည်းကြေကွဲရပါတယ်” ဟု ဂျာမန်အဓိပတိ ဖရက်ဒရစ်ချ် မာ့ဇ်က ဖင်လန်သို့ သွားရောက်လည်ပတ်စဉ် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးစစ်တပ်၏ မြေပြင်စစ်ဆင်ရေးနှင့်ပတ်သက်၍ ၂၇ ရက်နေ့က ပြောကြားခဲ့သည်။ ဂျာမနီသည်
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

အရပ်သားများအပေါ် ရုရှား၏ လေကြောင်းတိုက်ခိုက်မှုသည် အောင်ပွဲအတုအယောင် ဖန်တီးရန် ကြိုးပမ်းမှုဖြစ်သည်ဟု ကျွမ်းကျင်သူများပြော

  • 2025 ခုနှစ်၊ မေလ 27 ရက်
  • 19 Views
မေလ (၂၇) ရက်။ တတိယတန်းကျောင်းသား စတိန်နိစလပ်ဗ် မာတင်ညူ့ (Stanislav Martyniuk) သည် ကျောင်းတွင် ရိုက်ထားသည့်ဓာတ်ပုံများအထဲမှ ဂုဏ်ယူသည့်မျက်နှာဖြင့် ကင်မရာကို ကြည့်နေသည်ကို တွေ့ရသည်။ စားပွဲပေါ်တွင် လက်နှစ်ဖက်ကိုချိတ်ထားပြီး မျက်မှန်အောက်က မျက်လုံးများက သူသည်
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းအား တာဝေးပစ်ဒုံးကျည်များ ပစ်ခတ်မှုအပေါ် ကန့်သတ်ချက်များကို ရုတ်သိမ်းပေး

  • 2025 ခုနှစ်၊ မေလ 27 ရက်
  • 24 Views
ရုရှား၏စံချိန်တင် လေကြောင်းတိုက်ခိုက်မှုအပြီးတွင် ဂျာမနီနှင့် အခြားမဟာမိတ်များက ယူကရိန်းအား တာဝေးပစ်ဒုံးကျည်များ ပစ်ခတ်မှုအပေါ် ကန့်သတ်ချက်များကို ရုတ်သိမ်းပေးလိုက်သည်။ မေလ (၂၇) ရက်။ ဂျာမနီနှင့် အခြားယူကရိန်းမဟာမိတ်များသည် ယူကရိန်းနိုင်ငံအတွင်းသို့ ရုရှားက ကိ့ဗ်မြို့တော်နှင့် အခြားဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ