ချင်းပြည်နယ် မင်းတပ်မြို့အဝင်ရှိ စစ်ကောင်စီဂိတ်အနီး သွားရောက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် များ၏ အခြေအနေကို လေ့လာခဲ့သည့် ဓာတ်ပုံမှတ်တမ်းတခုထွက်ပေါ်လာပါတယ်။ ဒီဓာတ်ပုံမှတ်တမ်းဟာ ချင်းတပ်ဖွဲ့နဲ့ နီးစပ်တဲ့ ဓာတ်ပုံဆရာတဉီး က ရိုက်ကူးနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုအနီးကပ်သွားရောက် ခဲ့ရာမှာ စစ်ကောင်စီတပ်ဆီက သိမ်းပိုက်ရရှိခဲ့တံ့ စနိုက်ပါကို အသုံးပြုကြည့်ခဲ့ တာဖြစ်ကြောင်း ဓာတ်ပုံနှင့်တကွ ဖော်ပြထားတာပါ။ အကွာအဝေးမှာ ပေ ၁၅၀ ခန့်သာရှိတယ်လို့သိရပါတယ်။
မင်းတပ်မြို့၏ မည်သည့်နေရာမဆို ဆန္ဒရှိပါက ရောက်အောင်သွားလို့ရသည့် အခြေအနေကို ပြသခြင်းဖြစ် တယ်လို့ အသိပေးထားပါတယ်။
မင်းတပ် CDF အနေဖြင့် မြို့နယ်၏ဧရိယာအများစုကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီး မြို့နှင့်အနီးတဝိုက်၌လည်း လှုပ်ရှားနိုင်ကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ က ဆိုပါတယ်။