ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုအရှေ့ခြမ်း တိုက်ပွဲ၌ ရဲဘော်နှစ်ဦးကျဆုံးခဲ့ရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၁၀က မတ်(၂၄) ရက်မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။
မတ်လမှစ၍ ဒေါညေးခူနှင့် ဒေါတမကြီးကျေးရွာဖက်သို့ စစ်ကြောင်း သုံးခုဖြင့် ထိုးစစ်ဆင်လာခဲ့သော စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေတဲ့ တိုက်ပွဲများအတွင်း KNDF တပ်ရင်းအမှတ် (၁၀)မှ ရဲဘော် နှစ်ဦးဖြစ်တဲ့ ရဲဘော်ခူးဦးရယ် နဲ့ ရဲဘော် နိုရယ် တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြက်စွာကျဆုံးခဲ့ရခြင်းဖြစ်ပြီး အခုလို ကျဆုံးမှုအတွက်လည်း အာဇာနည်သူရဲ ကောင်းအဖြစ် ဂုဏ်ယူမှတ်တမ်းတင်ကြောင်းလည်းအသိပေးထုတ်ပြန်ထားပါတယ်။
အလားတူ နေ့စဥ်တိုက်ပွဲများ ခုခံနေရမှုကြောင့် ကရင်နီပူးပေါင်းတပ်မှ ရဲဘော်ငါးဦးခန့် ကျဆုံးခဲ့ရပြီး ကျည်နှင့် ခဲယမ်းလိုအပ်ချက်များ ရှိနေတာကြောင့်ပြည်သူ့ကာ ကွယ်ရေးတပ်များက ပြည်သူများကို အကူအညီ တောင်းခံနေရတယ်လို့သိရပါတယ်။