မြန်မာ-ထိုင်းနယ်စပ်ရှိ မြ၀တီကုန်သွယ်ရေးဇုန်နဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲစခန်း၊ တပ်စခန်းများကို မတ်လ (၂၅) ရက် မနက်စောပိုင်းမှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ပေါင်းစုများက ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
မြန်မာဘက်ခြမ်းတွင်တိုက်ပွဲများ ဖြစ်ပွားနေတာကြောင့် မဲဆောက်မြို့နဲ့ နယ်စပ်တွင် ထိုင်းစစ်တပ်နဲ့ ရဲများက လုံခြုံရေး မြှင့်ထားရတယ်လို့ သိရပါတယ်။
တိုက်ပွဲများကြောင့် ထိုင်း-မြန်မာ နယ်စပ်ပေါက်ကို မြန်မာနိုင်ငံဘက်မှ ပိတ်လိုက်ပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။ မြဝတီတစ်မြို့လုံး ပြည်သူများအပြင်မထွက်ကြတော့ဘဲ လမ်းသွားလမ်းလာများ မရှိတော့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။