စစ်ကောင်စီက လုံခြုံရေး တင်းကျပ်ထားပေမယ့်လည်း ဒီနေ့ မတ်လ ၂၇ ရက်နေ့၊ မနက်ပိုင်းက မန္တလေးမြို့၊ ဒေါ်အောင်ဆန်းစုကြည်လမ်းမှာ မြနန္ဒာစစ်ဆင်ရေး စာတန်းချိတ်ဆွဲပြီး မိုင်းခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဘက်က ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပြီး မြနန္ဒာစစ်ဆင်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ မြနန္ဒာစစ်ဆင်ရေးက သတင်းထုတ်ပြန်ထားပါတယ်။