ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ-ပလက်ဝ လမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ CDF တို့ ဆက်တိုက်ဆိုသသို တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။
မတ်လ ၂၇ ရက်နေ့၊ ညနေပိုင်းက မတူပီ-ပလက်ဝ လမ်းမပေါ်မှာ အကြမ်းဖက်စစ်သားတွေကို CDF Matupi က တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၁၂ ဦး သေဆုံးခဲ့သလို မတ်လ ၂၉ ရက်နေ့၊ မနက်ပိုင်း မိုင်တိုင် ၂၂ အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ ထောက်ပို့ယာဉ်တစ်စီး ချောက်ထဲပြုတ်ကျခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦးခန့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မတ်လ ၂၉ ရက်နေ့၊ နေ့ခင်းအချိန် မတူပီ-ပလက်ဝ လမ်းမပေါ်မှာရှိတဲ့ ကလားကျေးရွာ တိုက်ပွဲမှာ စစ်သား ၁၃ ဦး သေဆုံးခဲ့သလို မတ်လ ၃၁ ရက်နေ့၊ မနက် ၈ နာရီခန့်ကလည်း တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့တာ ကြောင့် အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီ တပ်သားတွေက ကုလားအောက်ရွာက လူနေအိမ် ၅ လုံးနဲ့ ကုလားအပေါ်ရွာက လူနေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ CDF Matupi တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။