ရန်ကုန်မြို့ တစ်နေရာတွင် ဗကသကျောင်းသားလူငယ်များက ဦးဆောင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲကာ ဧပြီ (၄)ရက် မနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
တော်လှန်လူငယ်များက “ စစ်သုံးစစ်ကို အမြစ်ဖြတ်ကြ၊ ပြည်သူ့ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကြ” စာသားပါဘန်နာအား ချိတ်ဆွဲကာ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြတာဖြစ်ပါတယ်။
အဲဒီ ဆန္ဒ ထုတ်ဖော် လှုပ်ရှားမှုကို အင်းစိန်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထက(၂) ဗဟန်း ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။
Era’sEyes /ဓာတ်ပုံ – ABFSU