နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 22 ရက်

အာရှ

အာရှ ဥရောပ

ပြင်သစ်သမ္မတ မက်ခရွန် နိုင်ငံတော်ခရီးစဉ်အတွက် ဘေဂျင်းမြို့သို့ ရောက်ရှိ

ပြင်သစ်သမ္မတ အီမင်နျူရယ်မက်ခရွန်သည် တရုတ်နိုင်ငံ ဘေဂျင်းမြို့တော် လေဆိပ်သို့ သုံးရက်ကြာ နိုင်ငံတော် ခရီးစဉ်အဖြစ် ဗုဒ္ဓဟူးနေ့တွင် ရောက်ရှိခဲ့ကြောင်း တိုက်ရိုက်ရုပ်သံမှ ပြသခဲ့သည်။

တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေးအတွက် လမ်းစဉ်ဇယားဆွဲရန်၊ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေကာ နိုင်ငံတကာနှင့် ဒေသတွင်း အဓိက အရေးကိစ္စများအတွက် နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ကြောင်း တရုတ် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မာအိုနင်းက တနင်္လာနေ့က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် တရုတ်ခရီးစဉ်မတိုင်မီ မက်ခရွန်နှင့် ဖုန်းဖြင့် စကားပြောဆိုခဲ့သည်။

“ ခေါင်းဆောင် နှစ်ဦးသည် သမ္မတ မက်ခရွန်၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ရန်ကိစ္စကို ဆွေးနွေးခဲ့သည်” ဟု အိမ်ဖြူတော်က အင်္ဂါနေ့က ဖုန်းခေါ်ဆိုမှုအပြီးတွင် ပြောကြားခဲ့သည်။

ရုရှား၏ ဆက်လက် ရန်စမှုများကို ရင်ဆိုင်ရန် ယူကရိန်းအတွက် ၎င်းတို့၏ အခိုင်အမာ ထောက်ခံမှုကိုလည်း အိမ်ဖြူတော်က ထပ်လောင်း ပြောကြားခဲ့ပါသည်။

ဥရောပသမဂ္ဂ (EU) ကော်မရှင်ဥက္ကဋ္ဌ အူဆလာဗွန်ဒါလီယန်း (Ursula von der Leyen) သည် မက်ခရွန်၏ တရုတ်ခရီးစဉ်နှင့် တိုက်တိုက်ဆိုင်ဆိုင် သုံးရက်ကြာ ခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည်။

“ယူကရိန်းဟာ တရုတ်သမ္မတရှီ၊ ဝန်ကြီးချုပ် လီချန်းတို့နဲ့ တွေ့ဆုံမှုဟာ အရေးကြီးတဲ့ ခေါင်းစဉ်တစ်ခု ဖြစ်လာလိမ့်မယ်” ဟု ဗွန်ဒါလီယန်းက သူမ၏ တွစ်တာမှာ ရေးသားခဲ့ပါသည်။

“ တရုတ်အနေနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ စစ်ပွဲကို ဘယ်လို ထိတွေ့သဘောထားတဲ့အပေါ်မူတည်ပြီး အီးယူ-တရုတ် ဆက်ဆံရေးကို ရှေ့ဆက်ဖို့ အဆုံးအဖြတ်ပေးမယ့်အချက် ဖြစ်ပါတယ်” ဟု ဗွန်ဒါလီယန်က ပြီးခဲ့သည့် သီတင်းပတ်က ဘရပ်ဆဲလ်တွင် ပြောကြားခဲ့သည်။

အမေရိကန်-တရုတ် နှစ်နိုင်ငံဆက်ဆံရေးတွင် တင်းမာမှုများ မြင့်တက်လာချိန်တွင် ဘိုင်ဒင်နှင့် ဥရောပခေါင်းဆောင်များက ရုရှား၏ ယူကရိန်းကို ဆက်လက်ကျူးကျော်မှုနှင့်ပတ်သက်ပြီး လုံးထွေးနေချိန်တွင် ပြင်သစ်နှင့် ဥရောပသမဂ္ဂ ခေါင်းဆောင်များက ယခုကဲ့သို့ လာရောက်ခြင်း ဖြစ်သည်။

ရှီသည် ပူတင်နှင့်တွေ့ဆုံရန် မော်စကိုသို့ သွားရောက်ပြီးနောက် တစ်လမပြည့်မီတွင် ဤသို့ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်နှင့် ၎င်း၏ အနောက်နိုင်ငံ မဟာမိတ်များက တရုတ်နိုင်ငံအား ပူတင်၏ စစ်ပွဲအတွက် သေစေလောက်သော အကူအညီများ ပေးအပ်ခြင်း မပြုရန် တရုတ်အား ဆက်လက်သတိပေးနေသော်လည်း ရုရှားနှင့် တရုတ်ကြား စီးပွားရေး ဆက်ဆံရေးသည် ပဋိပက္ခဖြစ်စဉ်တွင် လျင်မြန်စွာ အရှိန်မြှင့်လာခဲ့သည်။

**********Source: Sophie Jeong, CNN

ဓါတ်ပုံ (၁) ဧပြီလ (၅) ရက်နေ့တွင် တရုတ်နိုင်ငံ ဘေဂျင်းမြို့တော် ဘေဂျင်းမြို့တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြင်သစ်သမ္မတမက်ခရွန် ဆိုက်ရောက်စဉ်။

(Gonzalo Fuentes/Reuters)ဓါတ်ပုံ (၂)

လွန်ခဲ့သည့် ရက်သတ္တပတ်က ပြင်သစ်သမ္မတမက်ခရွန်နှင့် ဥရောပသမဂ္ဂ (EU) ကော်မရှင်ဥက္ကဋ္ဌ အူဆလာဗွန်ဒါလီယန်းတို့ ၎င်းတို့၏ တရုတ်နိုင်ငံ ခရီးစဉ်အတွက် ဆွေးနွေးရန် တွေ့ဆုံစဉ်။

Getty Image

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ဟန်ဂေရီ ဥရောပ

ဟန်ဂေရီက ဒေါ်လာ ၈၂ သန်းတန် ဘဏ်ငွေလွှဲယာဉ်များကို သိမ်းဆည်းလိုက်ခြင်းက ယူကရိန်းနှင့် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၁၉)ရက် Reuters — ကမ္ဘာပေါ်တွင် ရေနံတင်ပို့မှု ပိတ်ဆို့ခံရမှုအတွက် အငြင်းပွားနေစဉ်တွင် ဟန်ဂေရီနိုင်ငံက ငွေကြေးခဝါချမှု သံသယဖြင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ယူကရိန်းစစ်ပွဲနှင့် လူသားတို့၏ ခံစားချက် – ကခုန်ခြင်းသည် ခုခံမှုတစ်ရပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 60 Views
၂၀၂၆ခုနှစ်၊ မတ်လ ၁၂ရက် ယူကရိန်းနိုင်ငံတွင် ၄ နှစ်ကြာ ကြမ်းတမ်းသော စစ်ပွဲဒဏ်ကို ခံစားနေရသော်လည်း၊ လူငယ်များ အတွက် ကခုန်ခြင်း
ဂျာမဏီ နိုင်ငံတကာသတင်း ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

 ရုရှားကို ဟန့်တားရန် လက်နက်အသုံးစရိတ်နှင့် ပတ်သက်၍ ပြည်သူများက ခက်ခဲသော ရွေးချယ်မှုများ’ ပြုလုပ်ရန် လိုအပ်ကြောင်း ဥရောပ ထိပ်တန်းစစ်ဗိုလ်ချုပ်နှစ်ဦး သတိပေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 150 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် အမေရိကန်၏ အဓိကမဟာမိတ် နှစ်နိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်များသည် အနောက်ဘက် သို့ ပိုမိုဦးတည်လာနေသော ရုရှားနှင့် ဖြစ်ပွားလာနိုင်သည့် စစ်ပွဲကို ဟန့်တားနိုင်ရန်အတွက် ကာကွယ်ရေးအသုံးစရိတ် အမြောက်အမြား
ဂျာမဏီ နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုနှင့် ဥရောပခေါင်းဆောင်များ အချက်တခုတွင် သဘောတူညီကြသည်- ထိုအချက်မှာ ယခင်ကမ္ဘာ့အာဏာစဉ်ဟောင်းသည် ‘မတည်ရှိတော့ပါ’ဟူ၍ဖြစ်သည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 144 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် မြူးနစ်၊ ဂျာမနီ — သောကြာနေ့က ကျင်းပသော အားပြိုင်မှုများပြင်းထန်သည့် မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များသည် အမေရိကန်ဦးဆောင်သော နိုင်ငံတကာအစီအစဉ် ဇာတ်သိမ်းသွားပြီဆိုသည့်အချက်ကို အလေးပေးဆွေးနွေးခဲ့ကြသည် –
တရုတ် နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ရူဘီယိုက ဆက်ဆံရေးများ ပြန်လည်ကုစားရန် ကြိုးပမ်းနေချိန်တွင် တရုတ်က ဥရောပကို သိမ်းသွင်းရန် မျှော်လင့်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 16 ရက်
  • 493 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက် ပေကျင်း — မြူးနစ်လုံခြုံရေးညီလာခံတွင် အမေရိကန်နှင့် ဥရောပသည် “အတူတကွ ရှိနေရမည့်သူများ” ဖြစ်ကြောင်း ထိပ်တန်းသံတမန် မာကိုရူဘီယိုက ရင်ကြားစေ့ရေး မိန့်ခွန်းပြောကြားပြီး မိနစ်ပိုင်းအကြာမှာပင်၊
နိုင်ငံတကာသတင်း ဘင်္ဂလား‌ဒေ့ရှ် အာရှ

ဂျန်ဇီမျိုးဆက် (Gen Z) တော်လှန်ရေးအပြီး ပထမဆုံးရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် BNP ပါတီ အပြတ်အသတ်အနိုင်ရ၊ အုပ်ချုပ်သူဟောင်း၏သား ဝန်ကြီးချုပ် ဖြစ်လာတော့ မည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 158 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဖြစ်သော ဘင်္ဂလားဒေ့ရှ် အမျိုးသားဝါဒီပါတီ (BNP) သည် သောကြာနေ့တွင် ကျင်းပသည့် လွှတ်တော်ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရရှိ သွားခဲ့သည်။ ယင်းကြောင့်
နိုင်ငံတကာသတင်း ပြင်သစ် ဥရောပ

ကမ္ဘာ့အင်အားကြီးနိုင်ငံသဖွယ် စတင်ပြုမူဆောင်ရွက်ရန် ဥရောပကို မက်ခရွန် တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 263 Views
BBC – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဥရောပအနေဖြင့် “ အင်အားကြီးနိုင်ငံ” တစ်ခုကဲ့သို့ စတင်ပြုမူဆောင်ရွက်ရမည့် အချိန်ရောက်ပြီဖြစ်ကြောင်း ပြောကြားကာ ကမ္ဘာ့ဇာတ်ခုံ ပေါ်တွင် မိမိကိုယ်ကိုယ်
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဥရောပအနေဖြင့် ကာကွယ်ရေးကဏ္ဍကို အခြားသူထံ လွှဲအပ်ထားခြင်းအား ရပ်တန့်ကာ အရေးပေါ်အရေးယူဆောင်ရွက်ရမည်ဟု အီးယူ (EU) ၏ ကာလပ်စ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 149 Views
BBC- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် အမေရိကန်ပြည်ထောင်စုက အတ္တလန်တိတ်ဖြတ်ကျော် ဆက်ဆံရေး၏ အခြေခံအုတ်မြစ်ကို လှုပ်ခတ်စေခဲ့သောကြောင့် နေတိုး (Nato) အဖွဲ့အား “ ပိုမို၍ ဥရောပဆန်လာစေရန်နှင့် အင်အားတောင့်တင်းနေစေရန်” ဥရောပအနေဖြင့် ၎င်း၏ကာကွယ်ရေးကဏ္ဍ မြှင့်တင်ရေးကို