နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

မုံရွာက လူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင် (၃၄) နှစ် ချမှတ်ခံရ

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင် (၃၄) နှစ် ချမှတ်ခံရတယ်လို့ သိရပါတယ်။
ကိုဝေမိုးနိုင်ကို ထောင်ဒဏ်တပေါင်းတည်းကျခံစေတာကြောင့် ထောင်ဒဏ် နှစ် (၂၀) ထိ ရှိလာခဲ့ပြီး အရင်ချမှတ်ထားတဲ့ပြစ်မှုတွေနဲ့ဆိုရင် စုစုပေါင်း ထောင်ဒဏ် (၃၂) နှစ်ထိ ရှိလာပြီ ဖြစ်ပါတယ်။


ကိုဝေမိုးနိုင်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့ (၆) မှု၊ ရာဇသတ်ကြီးပုဒ်မ (၁၄၈) ရုန်းရင်းဆန်ခတ်မှုမှာ ပါဝင်မှု၊ ဓားပြမှု၊ ဓါးပြမှု ကျူးလွန်စဥ် တစုံတယောက်ကို နာကျင်စေမှု၊ သာမန်နာကျင်စေမှု ပုဒ်မ ၃၂၃၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုပုဒ်မစတဲ့ ပုဒ်မတွေအပါအဝင် ပုဒ်မပေါင်း များစွာနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

Era’Eyes /Photo – BBC /Ref: BBC


အဲဒီနောက် ၂၀၂၂ ခုနှစ်၊ သြဂုတ်လမှာ ပုဒ်မ ၅၀၅ (က) အမှု ငါးမှုအတွက် တစ်မှုကို ၂ နှစ်စီနဲ့ ထောင်ဆယ်နှစ် ပထမဆုံး ချမှတ်ခံခဲ့ရပါတယ်။ အဲဒီနောက် သဘာဝဘေးနဲ့ နောက်ထပ် ထောင်ဒဏ် (၂) နှစ် ချမှတ်ခံခဲ့ရပါတယ်။


အဲဒီနောက် တစ်နှစ်ကျော်အကြာ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၅) ရက်မှာ လူတစ်ဦးကို သတင်းပေးဒလန်ဆိုပြီး စွပ်စွဲဖမ်းဆီးရိုက်နှက်တာနဲ့ဆက်စပ်ပြီး ပုဒ်မ ၅၀၅ (က) အမှုတစ်မှုအတွက် (၃) နှစ်၊ ရာ‌ဇသတ်ကြီးပုဒ်မ ၁၄၈ ရုန်းရင်းဆန်ခတ်မှုမှာ ပါဝင်တယ်ဆိုပြီး (၃) နှစ်၊ ဓါးပြမှု ပုဒ်မ ၃၉၅ အရ ထောင်ဒဏ် (၂၀) နှစ်၊ ဓါးပြမှု ကျူးလွန်စဉ် တစုံတယောက်ကို နာကျင်စေမှု ပုဒ်မ ၃၉၇ အရ (၇) နှစ်နဲ့ နာကျင်စေမှုပုဒ်မ ၃၂၃ အတွက် (၁) နှစ် စုစုပေါင်း နောက်ထပ် (၃၄) နှစ်ကို ချမှတ်ခဲ့ပါတယ်။ အဲဒီ (၃၄) နှစ်ကို တစ်ပေါင်းတည်း ကျခံစေဆိုတာကြောင့် စုစုပေါင်း အနှစ် (၂၀) ချမှတ်ခံရတာ ဖြစ်ပါတယ်။


ဒါ့အပြင် ကိုဝေမိုးနိုင်ဟာ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ ရဲနှစ်ဦးကို သတ်ဖြတ်ရာမှာ ပါဝင်တယ်ဆိုပြီး လူသတ်မှုစတဲ့ ပုဒ်မ ၂ ခုကို ထပ်မံရင်ဆိုင်ရဖို့ ကျန်ရှိနေပါသေးတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၀)ကျော်အထိ သေဆုံးခဲ့တယ်လို့ AAPP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 1 ရက်
  • 24 Views
ဇူလိုင်လ (၁)ရက်။ ၂၀၂၁ခုနှစ် အာဏာသိမ်းချိန်ကစပြီး အခုနှစ် ဇွန်လ (၃၀)ရက်နေ့အထိ နိုင်ငံတဝန်းမှာ စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၅၀၅)ဦး သေဆုံးခဲ့တယ်လို့
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က တရက်ထဲ ဗုံး (၈)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 28 Views
ဇွန်လ (၃၀)ရက်။ မနေ့က ကျောက်မဲမြို့ရှိ ရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးအပါအဝင် စုစုပေါင်း ဗုံး (၈)လုံးအထိ
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းထိုးတဲ့ (၄)ရက်ထဲ ပြည်သူ (၁၁)ဦးအထိ သတ်ဖြတ်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 30 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၃)ရက်နေ့ကနေ (၂၆)ရက်နေ့အထိ ကန့်ဘလူမြို့နယ်တောင်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၀၀)ကျော်နဲ့ စစ်ကြောင်းထိုးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ စကစနဲ့ ပျူစောထီး ပူးပေါင်အင်အား (၁၀၀)ကျော်နဲ့ ကန့်ဘလူနယ်တောင်ခြမ်း
မြန်မာသတင်း

လယ်ဒိုမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်တွေအပါအဝင် (၅)ဦး ဒဏ်ရာရ

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 20 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့ နေ့လယ် (၁)နာရီ (၂၂)မိနစ်အချိန်က လယ်ဒိုမြို့နယ်ရှိ ဟင်္သာဝဲကျေးရွာထဲကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဟင်္သာဝဲရွာထဲကို အကြမ်းဖက်စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာ။
မြန်မာသတင်း

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 26 Views
မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၂)ဦးသေဆုံးခဲ့ ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၇)ရက်နေ့ ညနေ (၅)နာရီခွဲအချိန်က မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ရော့ကတ် (၁၀)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Chindwin Rocket Brother(CRB)ရဲ့ မနေ့က
မြန်မာသတင်း

စဉ့်ကူးမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 22 Views
ဇွန်လ (၃၀)ရက်။ မနေ့က နံနက် (၁၁)နာရီ (၅၀)မိနစ်အချိန်က စဉ့်ကူးမြို့ လက်ပန်လှရွာရှိ ပြည်စိုးအောင်ရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က (၁၁)နာရီ (၅၀)မိနစ်လောက်မှာ လက်ပန်လှရွာ
မြန်မာသတင်း

ဆားလင်းကြီးမြို့မှာ စစ်ကောင်စီရဲ့ စက်တပ်လေထီးနဲ့ ဗုံးသီးကြဲချတာကြောင့် အရပ်သား (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 30 ရက်
  • 39 Views
ဇွန်လ (၂၈)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီက စက်တပ်လေထီးတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ “ မုံရွာနမခကနေ စကစက စက်တပ်လေထီး (၂)စီးနဲ့ ဗုံးသီးတွေကြဲချတာ။ စစ်သင်္ဘောတွေကလဲ မြစ်ကမ်းဘေး ဝဲ၊ယာက
မြန်မာသတင်း

ရန်ကုန်ရှိ စစ်ကောင်စီရဲ့ မှော်ဘီမြို့မရဲစခန်း လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇွန်လ 28 ရက်
  • 43 Views
ဇွန်လ (၂၈)ရက်။ မနေ့က ည (၁၀)နာရီခွဲခန့်မှာ ရန်ကုန်ရှိ စစ်ကောင်စီရဲ့ မှော်ဘီမြို့မရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မှော်ဘီက အကြမ်းဖက်မင်းအောင်လှိုင်လက်အောက်ခံ မှော်ဘီမြို့မရဲစခန်းက အစောင့်ရဲခွေးတွေကို အဝေးထိန်းမိုင်း(၂)လုံးကို