နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေး က NLD ပါတီဆိုင်းဘုတ်များ ဖျက်ဆီးခံရ

မန္တလေးမြို့ပေါ် မှာရှိတဲ့ NLD ပါတီရုံး ဆိုင်းဘုတ်တွေ ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ လူတစ်စုက လိုက်လံပြီး ဖျက်ဆီး ဖြုတ်ချတာတွေ လုပ်နေတယ်လို့ ဒေသခံအချို့ဆီက သိရပါတယ်။


NLD ပါတီ ဆိုင်းဘုတ် ဖြုတ်ချခံရတဲ့ နေရာတွေကတော့ ချမ်းအေးသာစံမြို့နယ်မှာ ရှိတဲ့ NLD ပါတီ တိုင်းရုံး နဲ့ ပုသိမ်ကြီးမြို့နယ် က ပါတီရုံးတွေမှာ ဖြစ်ခဲ့တာ ပါ။

အဲဒီလို ဖျက်ဆီးဖြုတ်ချရာမှာ စစ်ကောင်စီတပ်ဖွဲ့ တွေနဲ့အတူ အရပ်ဝတ်တွေပါ ပါလာကြတယ်လို့ မျက်မြင်ဒေသခံတွေ ဆီက သိရပါတယ်။

Era’s Eye / ဧပြီလ ၃ ရက်ညပိုင်း NLD ပါတီ မန္တလေး တိုင်းရုံးအဆောက်အဦးမှာ ပါတီဆိုင်းဘုတ် ဖျက်ဆီးခံရပုံ။

အဲဒီလို ဖျက်ဆီးဖြုတ်ချ လိုက်တဲ့ NLD ရုံးခန်းဆိုင်းဘုတ်တွေကို ရုပ်သံရိုက်ကူထားပြီး စစ်ကောင်စီ လော်ဘီ တယ်လီဂရမ်ချန်နယ် ဘက်မှာ ရုပ်သံဖိုင်ကို တင်ထားတာ‌ တွေ့ရပါတယ်။

ချမ်းအေးသာစံမြို့နယ် ၊၆၂ လမ်းပေါ်မှာရှိတဲ့ NLD ပါတီ ရုံးဆိုင်းဘုတ်ဖြုတ်ချခံရတဲ့ ရုပ်သံဖိုင် ကို ဧပြီလ ၄ ရက်က စစ်ကောင်စီလော်ဘီ လူမှုကွန်ရက်တွေမှာ တင်ထားတာဖြစ်ပြီး အဲဒီရုပ်သံဖိုင်အရ ပါတီရုံးအပေါ်ထပ်မှာ တပ်ဆင်ထားတဲ့ ဆိုင်းဘုတ်ကို ဖြုတ်ချပြီး မြေပြင်ပေါ် ပစ်ချလိုက်တာ ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။


မနေ့ ဧပြီလ ၅ ရက်ညပိုင်းမှာလည်း ပုသိမ်ကြီးမြို့နယ် NLD ပါတီရုံး ဝင်ရောက်ဖျက်ဆီးခံရသလို ပါတီဆိုင်းဘုတ်ပါ ဖြုတ်ချခံလိုက်ရတယ်လို့ NLD ပါတီဝင်အချို့ထံကသိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်းမှာဆိုရင် မန္တလေးက NLD ပါတီရုံးတွေ ဗုံးခွဲခံရတာတွေ ရှိခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒီပဲယင်းမြို့မရဲစခန်းကထွက်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရ၊ ထိခိုက်သေဆုံးတာနဲ့ ဖမ်းမိတာတွေရှိခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 7 Views
အောက်တိုဘာလ (၁၇)ရက်။ ဒိကနေ့ နံနက် (၈)နာရီခွဲအချန်က ဒီပဲယင်းမြို့မရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် အဖြူရောင်(ပကဖ)ရဲ့
မြန်မာသတင်း

ထောက်ကြန့် လှော်ကားလမ်းဆုံအနီးက စစ်ကောင်စီဂိတ် မိုင်းခွဲတိုက်ခိုက်ခံရ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 15 Views
အောက်တိုဘာလ (၁၇)ရက်။ မနေ့က ညနေ (၆)နာရီခွဲအချိန်က ထောက်ကြန့်မြို့ လှော်ကားလမ်းဆုံအနီး (၁၀၆) စစ်ကောင်စီဂိတ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Dark Shadow
မြန်မာသတင်း

မြန်မာစစ်တပ်ကို လက်နက်နဲ့လေယာဉ်ဆီ တင်ပို့တာမလုပ်ဖို့ မေတ္တာရပ်ခံပေမယ့် ကုလအဖွဲ့ဝင်နိုင်ငံအချို့က လုံးဝ တုန့်ပြန်တာမရှိဘူးလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2024 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 9 Views
အောက်တိုဘာလ (၁၇)ရက်။ မြန်မာစစ်တပ်ကို လက်နက်တင်ပို့တာနဲ့ တိုက်လေယာဉ်ဆီ တင်ပို့တာ မပြုလုပ်ဘဲ အရေးယူဆောင်ရွက်ပေးဖို့မေတ္တာရပ်ခံခဲ့ပေမယ့် ကုလအဖွဲ့ဝင်နိုင်ငံအချို့က လုံးဝ တုန့်ပြန်တာမရှိဘူးလို့ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ကုလညီလာခံမှာ ပြောဆိုထားချက်အရ သိရပါတယ်။ မြန်မာပြည်သူတွေရဲ့ အသက်အပေါ် အမှန်တကယ် စိုးရိမ်
မြန်မာသတင်း

လေးကေ့ကော်ရှိ စစ်ကောင်စီရဲ့ စွယ်တော်အမြောက်ကုန်းစခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 17 ရက်
  • 16 Views
အောက်တိုဘာလ (၁၇)ရက်။ ဒီကနေ့ နံနက်အစောပိုင်းအချိန်က မြဝတီမြို့တောင်ဘက် လေးကေ့ကော်အနီးရှိ စစ်ကောင်စီရဲ့ စွယ်တော်အမြောက်ကုန်းကို KNLA ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်ထံက သိရပါတယ်။ “ ဒီကနေ့ နံနက် (၄)နာရီကျော်အချိန်လောက်မှာ စွယ်တော်အမြောက်ကုန်းစခန်းထဲထိ ဝင်သိမ်းနိုင်ခဲ့တာ။ စခန်းကျသွားပါပြီ၊
မြန်မာသတင်း

ဟားခါးမြို့ပေါ် ညဘက် အပြင်မထွက်ဖို့ CDF-HAKHA ထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 11 Views
အောက်တိုဘာလ (၁၆)ရက်။ ဒီကနေ့ကစပြီး ဟားခါးမြို့ပေါ်မှာ ညနေ (၆)နာရီကစပြီး နံနက် (၆)နာရီအထိ အပြင်ထွက် သွားလာတာတွေ မပြုလုပ်ဖို့ CDF-HAKHA က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဇူလိုင်လ (၃၀)ရက်နေ့က အသိပေးထုတ်ပြန်ခဲ့တဲ့ အိမ်မွေးခွေးတွေကို ရောင်းတာ/သတ်တာကို
မြန်မာသတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ပုလောမြို့နယ်ထဲ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 14 Views
အောက်တိုဘာလ (၁၆)ရက်။ ပုလောမြို့နယ်ထဲရှိ မြိတ်-ပုလော ပြည်ထောင်စုလမ်းကိုင်းမှာ တော်လှန်ရေးမဟာမိတ်တက်တွေနဲ့ အကြမ်ူဖက်စစ်အုပ်စုတို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နှစ်ဖက်တိုက်ပွဲတွေဟာ အောက်တိုဘာလ (၁၄)ရက်နေ့ကစပြီး ဖြစ်ပွားနေကာ အခုအချိန်အထိ ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက်စစ်အုပ်စုဘက်က
မြန်မာသတင်း

သန်းခေါင်စာရင်းကောက်ပြီး အောင်ပွဲခံ သောက်စားနေတဲ့ ပျူစောထီးတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ စီးနင်းတိုက်ခိုက်ခံရ

  • 2024 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 16 Views
အောက်တိုဘာလ (၁၆)ရက်။ မနေ့က ည(၈)နာရီအချိန် ကော့သောင်းမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ပြီး အောင်ပွဲခံ သောက်စားနေတဲ့ ပျူစောထီးတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပျူစောထီးတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေ သန်းခေါင်စာရင်းကောက်ပြီး အောင်မြင်တဲ့
မြန်မာသတင်း

ရန်ကုန်မြို့မှာ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက အကြမ်းဖက်စစ်တပ်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတရပ်ပြုလုပ်ခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 13 Views
အောက်တိုဘာလ (၁၆)ရက်။ ဒီက‌နေ့ ရန်ကုန်မြို့တစ်နေရာမှာ လုံခြုံရေးတင်းကြပ်နေတဲ့ကြားက အကြမ်းဖက်စစ်တပ်ဆန့်ကျင်တဲ့ အာဏာဖီဆန် တော်လှန်ပုန်ကန်တဲ့ လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ “ ခေါင်းဆောင်တွေလက်လွှတ်ရလဲ ဆက်တိုက်မှာပဲ၊ ရဲဘော်တွေလက်လွှတ်ရလဲ ဆက်တိုက်မှာပဲ၊ စစ်သုံးစစ်မပြတ်သရွေ့ ငါတို့တိုက်ကြမယ်၊ လူထုတိုက်ပွဲနဲ့လက်နက်ကိုင်တော်လှန်ရေး ပေါင်းစပ်အောင်ပွဲနွှဲကြမယ်၊