ရန်ကုန်မြို့ နေရာအချို့တွင် ဧပြီ (၆)ရက်နံနက်က တော်လှန်ရေးအင်အားစုများပူးပေါင်းပြီး စစ်ကောင်စီ၏ သင်္ကြန်ပွဲတော်ကို သပိတ်မှောက်၍ တော်လှန်သင်္ကြန် ဆင်နွှဲကြရန် စတေကာကမ်ပိန်းလှုံ့ဆော်မှု ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။
တော်လှန် လူငယ်များက “ သွေးနဲ့ပက်တဲ့သင်္ကြန်ပွဲ ပြည်သူအားလုံးမဆင်နွဲ” ၊ “ အပျော်သင်္ကြန် ဒိုငြင်းဆန် တော်လှန်သင်္ကြန် ပြည်သူ့အသံ” ၊ “ သွေးစွန်းသင်္ကြန်ပွဲ တို့မဆင်နွဲ” ၊ “ တစ်နိုင်ငံလုံးမှာစစ် အတာသင်္ကြန်မဖြစ် အာဏာရှင်ကိုတော်လှန်ပစ်” စသည့် စတေကာများကို ရန်ကုန်မြို့လူစည်ကားရာ နေရာများတွင်ကပ်ပြီး လှုံ့ဆော်ခဲ့ကြတာပါ။
စစ်အာဏာရှင်ကို ဝိုင်းဝန်းဆန့်ကျင်နိုင်မည့် “ တော်လှန်သင်္ကြန်” ကို အတူဆင်နွှဲကြရန် တော်လှန်ရေးအင်အားစုမှ လူငယ်များက တိုက်တွန်းနှိုးဆော်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလှုပ်ရှားမှုကို KMD18 နှင့် Mayangone Democratic Front (MDF) အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။
Photo – Mayangone Democratic Front (MDF)