နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီက ကန့်ဘလူမြို့ ပဇီကြီးရွာကို Mi35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်

စစ်ကောင်စီက ကန့်ဘလူမြို့ ပဇီကြီးရွာကို Mi35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီမှာ အပြစ်မဲ့ ကလေးသူငယ်များ ၊ ကိုယ်ဝန်ဆောင်များ ၊ သက်ကြီးရွယ်အိုများ ဗုံးထိမှန်သေဆုံးခဲ့ရ ပါတယ်။

ကန့်ဘလူမြို့ ပဇီကြီးရွာကို စစ်ကောင်စီတပ်က Mi35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အရပ်သားအနည်းဆုံး ၅၃ဦးသေဆုံးခဲ့ပြီး နောက်ထပ် သေဆုံးသူ ထပ်တိုးနိုင်တယ်လို့ NUG က အသိပေးထုတ်ပြန်ထားပါတယ်။

ဧပြီလ ၁၁ ရက်၊ မနက် ၇ နာရီ ၄၅ မိနစ် အချိန်မှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာမှာ NUG ပကဖ တိုက်နယ်ရုံးရုံးဖွင့်ပွဲ ကျင်းပနေစဉ်မှာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ လာရောက် ဗုံးကြဲခဲ့ပြီး နောက်ထပ် ၅ မိနစ်လောက်အကြာမှာတော့ Mi35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး ရောက်လာပြီး ထပ်မံပစ်ခတ်ခဲ့တာလို့ သိရှိရပါတယ်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အရပ်‌သား စုစုပေါင်း ၁၀၀‌ ကျော်‌ သေဆုံးတယ်‌လို့ သိရှိရပြီး အခုချိန်‌ထိ ဒဏ်‌ရာရရှိသူ‌တွေလည်း အမြောက်အများ ရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက ပဏာမ သိရှိရပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရသူ စာရင်းအတိအကျကိုတော့ ခေတ်မျက်လုံးအနေနဲ့ အတည်ပြုလို့ မရသေးပါဘူး။

အခုဖြစ်စဥ်နဲ့ ပတ်သက်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကလည်း အခုလိုထုတ်ပြန်ထားတာပါ။

စစ်အုပ်စုအနေနဲ့ အာဆီယံခေါင်းဆောင်များနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ စဉ်ဆက်မပြတ် ရှုတ်ချမှုများကို မျက်ကွယ်ပြုပြီး မြန်မာပြည်သူတွေအပေါ်ကို အခုလို အကြမ်းဖက်မှုပိုမိုဆိုးရွားစွာ ကျူးလွန်နေလျက်ရှိကြောင်း ကို
ဒီကနေ့ ဧပြီ(၁၁) ရက် ကန့်ဘလူနယ်တွင်ပြည်သူအများအပြားကို လေကြောင်းတိုက်ခိုက်ကာ သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ စစ်ကောင်စီ၏တိုက်လေယာဉ်၊ ရဟတ်ယာဉ် ပူးတွဲတိုက်ခိုက်မှုက ဖော်ပြလျက်ရှိတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်ဖွယ်ရှိပြီး သတ်ဖြတ်ခံရသူအချို့၏ ရုပ်အလောင်းများမှာ အလွန်ဆိုးရွားစွာ ထိခိုက်ပျက်စီးနေပြီဖြစ်၍ ခွဲခြားရန်ပင်မဖြစ်နိုင်တော့ တဲ့ အနေအထားတွေ ပါဝင်နေတာပါ။

စစ်ကောင်စီတပ်ဟာ အရပ်သားတွေကို အဓိက ပစ်မှတ်ထားပြီး အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ခြင်းဖြစ်တယ်လို့ ဒေသခံများက ပြော ဆို ကြပါတယ်။

သေဆုံးသူများအနက် အရွယ်မရောက်သေးတဲ့ ကလေးငယ်(၁၈)ဦးနဲ့ ကိုယ်ဝန်ဆောင် သည်အမျိုးသမီးအချို့လည်း ပါဝင်ကြောင်း မြေပြင်တွင်ကယ်ဆယ်ရေးလုပ်နေသူများထံကသိရပါတယ်။

ယခင်တစ်ပတ် ဧပြီ ၄ရက်ကပင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအနေဖြင့် ဘုံသဘောတူညီချက်ဖြင့် ချမှတ်ခဲ့ပြီး စစ်အုပ်စုရဲ့ လေကြောင်း တိုက်ခိုက်မှုများအားလုံးကို ရပ်တန့်ရန် တောင်းဆိုခဲ့ပြီးဖြစ် တယ်လို့ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဖော်ပြထားပါတယ်။

အာဆီယံနဲ့ဲ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ တို့ အနေနဲ့ စစ်အုပ်စု၏ ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး၊ လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုတွေကို အလျင်အမြန် အရေးယူဆောင်ရွက်ရ မှာ ဖြစ်တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီတပ်ဟာ အရပ်သားနဲ့ လက်နက်ကိုင်ဆိုပြီး သတ်မှတ်ခွဲခြားခြင်းမရှိတော့ဘဲအလွန်အကျွံ အင်အားသုံး တိုက်ခိုက်နေတာဖြစ်ပြီးအခု ဖြစ်ရပ်ဟာသူတို့ဟာ လူသားမျိုးနွယ်စုကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်သူတွေပါလို့ ထပ်မံသက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 48 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 51 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 43 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 48 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 48 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 46 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 33 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 30 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ