ဗိုလ်မှူးချုပ်စောနယ်ဒါးမြဦးဆောင်သည့် ကော်သူးလေးတပ်မတော် (Kaw Thoo Lei Army: KTLA) ကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၇)၊ ဘားအံခရိုင် အတွင်း လုံးဝ အခြေခွင့်၊ လှုပ်ရှားခွင့်ပေးတော့မည် မဟုတ်ဟု KNU က ဧပြီလ (၁၁) ရက်နေ့ ရက်စွဲဖြင့် စာထုတ်ပြန်လိုက်သည်။
ယခင် KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြသည် ဝေါ်လေ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ဦးစီးမှူးရာထူးမှ ရပ်ဆိုင်းခံခဲ့ရပြီးနောက် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့တွင် ကော်သူးလေတပ် (KTLA) ကို ဖွဲ့စည်းထူထောင်ခဲ့သည်။
ဓာတ်ပုံ – KNU Facebook Page