နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒေသခံကာကွယ်ရေးတပ်ဖွဲ့ Myingyan Black Tiger (MBT) ရဲ့ တော်လှန်သင်္ကြန်သံချပ်

မြင်းခြံအခြေစိုက် မြင်းခြံကျားနက်အဖွဲ့ (Myingyan Black Tiger(MBT)) ဟာ လူငယ်တွေနဲ့သာ ဖွဲစည်းထားတဲ့ တော်လှန်ရေးအဖွဲ့တခု ဖြစ်ပါတယ်။ သူတို့အဖွဲ့ရဲ့ တော်လှန်သင်္ကြန်သံချပ်ကို သူတို့ရဲ့ ဆိုရှယ်မီဒီယာမှာ ဧပြီလ (၁၀) ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မြင်းခြံကျားနက်အဖွဲ့ရဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက “ သင်္ကြန်ရောက်တိုင်း ကျွန်တော်တို့တတွေရဲ့ နှလုံးသားတွေ အဆုတ်ချေခံရသလို ခံစားရပါတယ်” လို့ ပြောထားပါတယ်။

ပြီးခဲ့တဲ့ ငရံ့အို၊ မင်းလှတိုက်ပွဲမှာ လက်နက်၊ ခဲယမ်း၊ ရိက္ခာ မပြည့်မစုံနဲ့ စစ်ကောင်စီကို တော်လှန်ရင်း ကျည်ထိလို့ အူမကြီး ခွဲစိတ်ဖြတ်ထုတ် လိုက်ရတဲ့ MBT လူနာရဲဘော်ဟာ အခုထိဆေးရုံက မဆင်းရသေးကြောင်းနဲ့ အပျော်ကြိုက်တဲ့ အရွယ်လူငယ်တွေ အသက်တွေ၊ဘဝတွေပေးပြီး လက်နက်ကိုင် တော်လှန်နေချိန်မှ စစ်ကောင်စီ ဖန်တီးနေတဲ့ သင်္ကြန်အတုကို မိဘပြည်သူအားလုံးက သပိတ်မှောက်ပေးစေချင်ပါတယ်လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ တောင်းဆိုထားပါတယ်။

မြင်းခြံကျားနက်အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက NUG ရဲ့ လက်နက်ခဲယမ်း အကူအညီ လုံးဝမရလို့ ဒေသခံအဖွဲ့တွေ လုံးပါးပါးတော့မှာ ဖြစ်ကြောင်း မကြာသေးခင်က မီဒီယာမှာ ပြောဆိုထားပါတယ်။

မြင်းခြံကျားနက်အဖွဲ့ (Myingyan Black Tiger (MBT)) ရဲ့ တော်လှန်သင်္ကြန်သံချပ်လေးနဲ့ ပေါက်ကွဲပြထားတာကို ရှုစားနားဆင်ကြည့်ကြပေးပါလို့လည်း မေတ္တာရပ်ခံထားပါတယ်။

Era’sEyes | Video- မြင်းခြံကျားနက်အဖွဲ့ (Myingyan Black Tiger(MBT))

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG က ထုတ်ပေးတဲ့ ဘွဲ့လက်မှတ်နဲ့ ဝင်ခွင့်လျှောက်ထားတဲ့ အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီက အမည်မည်းစာရင်းသွင်းပြီး နိုတြီပြုလုပ်ပေးသူ (၃)ဦးကို ဖမ်းဆီးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 5 Views
နိုဝင်ဘာလ (၂၂)ရက်။ NUG က ထုတ်ပေးတဲ့ ဆေးပညာဘွဲ့လက်မှတ်နဲ့ ထိုင်းမှာ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားတဲ့ အမျိုးသမီး (၂)ဦးကို စစ်ကောင်စီက Black
မြန်မာသတင်း

ရေဦးမြို့မှာ ပျူစောထီးတွေ သင်တန်းဆင်းနေချိန် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ၊ (၄)ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 5 Views
နိုဝင်ဘာလ (၂၂)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်မှာ ရေဦးမြို့ရှိ ထွေအုပ်ရုံးထဲ ပျုစောထီးတွေ သင်တန်းဆင်းနေချိန် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရေဦး
မြန်မာသတင်း

စစ်ကောင်စီဖွဲ့စည်းတဲ့ မီဒီယာကောင်စီဟာ မြန်မာသတင်းသမားတွေကို ကိုယ်စားမပြုဘဲ ပြင်းထန်စွာကန့်ကွက်တယ်လို့ IPCM ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 5 Views
နိုဝင်ဘာလ (၂၂)ရက်။ စစ်ကောင်စီဖွဲ့စည်းတဲ့ သတင်းမီဒီယာကောင်စီဟာ လွတ်လပ်တဲ့ မြန်မာသတင်းသမားတွေကို ကိုယ်စားမပြုဘူးလို့ လွတ်လပ်သော သတင်းမီဒီယာကောင်စီ(IPCM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကောင်စီဟာ စစ်ကောင်စီ သက်ဆိုးရှည်ဖို့ ဝါဒဖြန့်ချိရေးယန္တရား ပိုမိုခိုင်မာစေဖို့နဲ့ နိုင်ငံတကာကို သတင်းမှားဖြန့်ချိဖို့ လုပ်ဆောင်ဖို့အတွက်
မြန်မာသတင်း

မတ္တရာတိုက်ပွဲထဲ စစ်ကောင်စီက လေကြောင်းကနေ ဓါတုအဆိပ်ငွေ့ဗုံးတွေ အသုံးပြုတိုက်ခိုက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 7 Views
နိုဝင်ဘာလ (၂၂)ရက်။ ဒီကနေ နံနက် (၁၁)နာရီခွဲအချိန်က မတ္တရာမြို့နယ်အနောက်ဘက်ခြမ်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲထဲ စစ်ကောင်စီက ဓါတုအ‌ဆိပ်ငွေ့ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ မတ္တရာအနောက်ဘက် မြစ်ရိုးတလျှောက်က ရွာတွေကို စကစက အဆိပ်ဓါတုဗုံးတွေနဲ့
မြန်မာသတင်း

မကွေးမြို့ရှိ ဆေးခန်းတစ်ခုက ဆရာဝန်မတစ်ဦး ဓါးထိုးခံရပြီးသေဆုံး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 8 Views
နိုဝင်ဘာလ (၂၂)ရက်။ မနေ့က ညနေ (၅)နာရီကျော်အချိန်က မကွေးမြို့၊ ပြည်တော်သာလမ်းနဲ့ ဆေးရုံလမ်းထောင့်အနီးက စိမ်းဆေးခန်းမှာ ဆရာဝန်မတစ်ဦး ဓါးထိုးခံရပြီး သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ မနေ့က ညနေပိုင်းလောက် ‌ဆေးရုံကြီးမျက်နှာချင်းဆိုင်က စိမ်းဆေးခန်းမှာ
မြန်မာသတင်း

မြေပြန့်ဒေသတိုက်ပွဲတွေအတွက် ရဲဘော်သစ်တွေကို MDY-PDF ခေါ်ယူ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 7 Views
နိုဝင်ဘာလ (၂၂)ရက်။ ရှေ့လာမယ့် မြေပြန့်ဒေသတိုက်ပွဲတွေအတွက် ရဲဝံ့တဲ့ တော်လှန်ရေးရဲဘော်တွေ လိုအပ်နေတယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ MDY-PDF အနေနဲ့ “ စုဆောင်း၊ လေ့ကျင့်၊ စုဖွဲ့၊ တိုက်ပွဲဝင်” ဆိုတဲ့
မြန်မာသတင်း

ရေးမြို့ရှိ ကိုးမိုင်တံတား မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ကားတွေပိတ်နေ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 7 Views
နိုဝင်ဘာလ (၂၂)ရက်။ ဒီကနေ့ နံနက် (၆)နာရီခွဲအချိန်က ရေးမြို့နဲ့ မလွဲတောင်ကြားရှိ ကိုးမိုင်တံတားမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကားသမားတွေထံက သိရပါတယ်။ “ နံနက် (၆)နာရီခွဲကျော်လောက် ရေးနဲ့ မလွဲတောင်ကြားက ကိုးမိုင်တံတားမှာ မိုင်းပေါက်ကွဲတာ။ တံတားက လမ်းသားတွေ
မြန်မာသတင်း

ပြည်တွင်းကုန်ဈေးနှုန်းတည်ငြိမ်ဖို့ဆိုပြီး စစ်ကောင်စီက အစည်းအဝေးပြုလုပ်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 3 Views
နိုဝင်ဘာလ (၂၂)ရက်။ မနေ့က နေပြည်တော်မှာ ပြည်တွင်းကုန်ဈေးနှုန်း တည်ငြိမ်စေဖို့ဆိုပြီး စစ်ကောင်စီရဲ့ စီမံ/ဘဏ္ဍာဝန်ကြီး ဦးဆောင်တဲ့ ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် ပုံသေဝင်ငွေရရှိနေတဲ့ လခစားဝန်ထမ်းတွေနဲ့ အခြေခံလူတန်းစားတွေအပေါ် သက်ရောက်မှုကြီးမားနေတယ်လို့ စစ်ကောင်စီဝန်ကြီး