ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ် အင်ဒရူးဟာ ဂျပန်နိုင်ငံကို ဧပြီလ ၁၉ ရက်ကနေ ၂၈ ရက်နေ့အထိ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကိုဆွေးနွေးဖို့အတွက် သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။
တွမ် အန်ဒရူးဟာ ဂျပန်အစိုးရကိုယ်စားလှယ်တွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအ ဖွဲ့တွေ၊ ဂျပန်ကုမ္ပဏီတွေနဲ့ ဂျပန်ရောက်မြန်မာတွေနဲ့ တွေ့ဆုံဖို့ တိုကျိုမြို့ကို သွားရောက်မှာဖြစ်ပြီး ဧပြီလ ၂၈ ရက်၊ တိုကျိုမြို့ ကနိုင်ငံခြားသတင်းထောက်များအသင်းမှာ သတင်းစာရှင်းလင်းပွဲကျင်းပမှာဖြစ်ပါတယ်။
အာရှရဲ့ အင်အားကြီးဒီမိုကရေစီနိုင်ငံဖြစ်တာကြောင့် မြန်မာ့အရေးဖြေရှင်းရာမှာ ဦးဆောင်မှုပေးနိုင်မှာဖြစ်ပြီး စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေ လျော့ချပြီး စစ်ကောင်စီအထီးကျန်နေစေဖို့အတွက် ဂျပန်ဟာ မြန်မာပြည်သူတွေရဲ့ မဟာမိတ်အဖြစ်ဖော်ပြရမှာဖြစ်တယ်လို့ တွမ် အင်ဒရူ ကပြောပါတယ်။
Era’sEyes | Photo – CRD |