ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဒေသခံများ စုပေါင်းပါဝင်တဲ့မှော်လှည့်သပိတ်စစ်ကြောင်းက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်းကို ယနေ့ (ဧပြီ ၂၀) မနက်က ချီတက်ဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်။
ဆန္ဒပြပြည်သူများက “ ဒီမိုကရေစီ ဖက်ဒရယ် ဘုံပန်းတိုင်ကို ပြည်သူနှင့် အတူ ချီတက်စို့” ၊ “ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက် ရဲရဲတိုက်ပွဲဝင်ကြ” စသည့် စာသားများ ကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
Era’sEyes/ဓာတ်ပုံ – ဖားကန့်ပင်မသပိတ်l