တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာမှာနေထိုင်တဲ့ ဒေသခံ ၁၀၀ နီးပါးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဗီဒီယိုပေါ်ထွက်လာပါတယ်။
ဗီဒီယိုရိုက်ကူးသူကိုလည်း လိုက်လံရှာဖွေနေတယ်လို့ သိရှိရပါတယ်။
ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာ အသေးစိတ်မသိရသေးပါဘူး။
ဖမ်းဆီးခံရသူတွေအထဲ အမျိုးသား၊ အမျိုးသမီးတွေ ပါဝင်တာကို တွေ့မြင်နိုင်ပါတယ်။