ပဲခူးတိုင်း၊ ညောင်လေးပင် – မဒေါက်လမ်းပေါ်မှာရှိတဲ့ ရေကြည်ချောင်း တံတားကို ပြီးခဲ့တဲ့ ဧပြီလ (၃၀) ရက်၊ ညသန်းခေါင် အချိန်မှာ ဖောက်ခွဲခဲ့တယ်လို့ ညောင်လေးပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
အဲ့ဒီတံတားဟာ စစ်ကောင်စီရဲ့ ရွှေကျင်ဗျူဟာစခန်းအတွက် အဓိက ဆက်သွယ်ရေး ဖြစ်တာကြောင့် ဗျူဟာအရ ဖြတ်တောက်ရတာလို့ ညောင်လေးပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ လက်ရှိအချိန်အထိ တံတားကို ပြန်အသုံးပြုလို့မရသေးဘဲ ကျေးရွာအတွင်း လမ်းတွေကနေသာ သွားလာနေရတယ်လို့ အဝေးပြေး ယာဉ်မောင်းသူတွေဆီက သိရပါတယ်။
Era’sEyes/ဓာတ်ပုံ – ညောင်လေးပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့။