ရန်ကုန်မြို့ ၊ဗဟန်းမြို့နယ်ထဲမှာ မေ( ၆) ရက် မနက်ပိုင်းက ရန်ကုန် ရုပ်ရှင်အစည်းအရုံးဝန်းထဲမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဗဟန်းမြို့ ၊ ဝင်္ကဘာလမ်းမှာရှိတဲ့ ရုပ်ရှင်အစည်းအရုံး ဝင်ပေါက်အနီးက အစည်းအဝေးခန်းမရှေ့မှာ ပေါက်ကွဲမှုဖြစ်တာလို့ စစ်ကောင်စီရဲ့သတင်းတွေကိုတဆင့်ဖြန့်ဝေနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာဖော်ပြကြပါတယ်။
နှာခေါင်းစည်းတပ်ထားတဲ့ လူငယ် ၂ ဦး အထုပ် တစ်ထုပ်ကို လာချသွားတာဖြစ်ပြီး ၅ မိနစ်ခန့်အကြာမှာ ပေါက်ကွဲမှုဖြစ်တာလို့ စစ်အုပ်စုဘက်က ဆိုပါတယ်။ ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိဘူးလို့လည်းသိရပါတယ်။ စစ်ကောင်စီဟာ ဒီနေ့ ညပိုင်း နေပြည်တော်မှာ အကယ်ဒမီပေးပွဲကို ပြုလုပ်နေပြီ ဖြစ်ပါတယ်။
Era’sEyes | Photo – CJ